ပိုချက်တီနိုထက် ဘရန်ဒန်ရော်ဂျာကို ယူနိုက်တက်နည်းပြအဖြစ် ပိုပြီးခန့်အပ်သင့်တယ်လို့ အကြံပေးလိုက်တဲ့ တိုက်စစ်မှူး ဟောင်း အလန်ဘရာဇီးလ်


ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း အလန်ဘရာဇီးလ်က အသင်းအနေနဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ဆိုးလ် ရှားရဲ့ နေရာမှာအစားထိုးဖို့ လုပ်ဆောင်နေတာထက် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကို ပိုပြီး ခန့်အပ်သင့်တယ်လို့ အကြံပေးခဲ့ကြောင်း သိရပါတယ်။ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေကတော့ ပိုချက်တီနိုနဲ့ ဆွေးနွေးမှုပြုလုပ်နေပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။


ယူနိုက်တက်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး ပွဲစဉ် ၆ပွဲကစားပြီးချိန်မှာ ၃ ပွဲအထိရှုံးခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့်-၁၅ နေရာအထိ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီတစ်ပတ်ကစားမယ့်ပွဲစဉ်မှာလည်း ဒီရာသီ ခြေစွမ်းပြနေတဲ့ အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်လို့ ရလဒ်ကောင်းရယူနိုင်ဖို့ ခက်နေတဲ့အနေ အထား တွေမှာရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ယူနိုက်တက်တိုက်စစ်မှူးဟောင်း အလန်ဘရာဇီးလ်က “ လူတိုင်းအနေနဲ့ ထင်မြင်ချက်အမျိုးမျိုးပေးနိုင်ပါတယ်။ လက်ရှိ အသင်းရဲ့အနေအထားက တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားတာကြောင့် ပိုချက်တီနိုထက်စာရင် ပရီးမီးယားလိဂ် အတွေ့အကြုံပိုများတဲ့ ဘရန်ဒန်ရော်ဂျာကို နည်းပြသစ်ခန့်အပ်တာက ပိုပြီးသင့်တော်မှာပါ။ လီဗာပူး၊ ဆဲလ်တစ်နဲ့ လက်စ တာအသင်းတွေမှာ သူလုပ်ဆောင်ခဲ့တာတွေက သူရဲ့အရည်အချင်းတွေကို ဖော်ပြနေပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

zawgyi version

ပိုခ်က္တီႏိုထက္ ဘရန္ဒန္ေရာ္ဂ်ာကို ယူႏိုက္တက္နည္းျပအျဖစ္ ပိုၿပီးခန္႔အပ္သင့္တယ္လို႔ အၾကံေပးလိုက္တဲ့ တိုက္စစ္မွဴး ေဟာင္း အလန္ဘရာဇီးလ္
ယူႏိုက္တက္အသင္းတိုက္စစ္မွဴးေဟာင္း အလန္ဘရာဇီးလ္က အသင္းအေနနဲ႔ စပါးနည္းျပေဟာင္း ပိုခ်က္တီႏိုကို ဆိုးလ္ ရွားရဲ႕ ေနရာမွာအစားထိုးဖို႔ လုပ္ေဆာင္ေနတာထက္ လက္စတာနည္းျပ ဘရန္ဒန္ေရာ္ဂ်ာကို ပိုၿပီး ခန္႔အပ္သင့္တယ္လို႔ အၾကံေပးခဲ့ေၾကာင္း သိရပါတယ္။ ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြကေတာ့ ပိုခ်က္တီႏိုနဲ႔ ေဆြးေႏြးမႈျပဳလုပ္ေနၿပီး လာမယ့္ရက္ပိုင္းအတြင္းမွာ နည္းျပသစ္အျဖစ္ ခန္႔အပ္ဖို႔ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
ယူႏိုက္တက္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရၿပီး ပြဲစဥ္ ၆ပြဲကစားၿပီးခ်ိန္မွာ ၃ ပြဲအထိရႈံးခဲ့တာေၾကာင့္ အမွတ္ေပးဇယားအဆင့္-၁၅ ေနရာအထိ ေရာက္ရွိေနတာလည္း ျဖစ္ပါတယ္။ ဒီတစ္ပတ္ကစားမယ့္ပြဲစဥ္မွာလည္း ဒီရာသီ ေျခစြမ္းျပေနတဲ့ အဲဗာတန္ကို အေဝးကြင္းမွာ သြားေရာက္ကစားရမွာျဖစ္လို႔ ရလဒ္ေကာင္းရယူႏိုင္ဖို႔ ခက္ေနတဲ့အေန အထား ေတြမွာရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္း အလန္ဘရာဇီးလ္က “ လူတိုင္းအေနနဲ႔ ထင္ျမင္ခ်က္အမ်ိဳးမ်ိဳးေပးႏိုင္ပါတယ္။ လက္ရွိ အသင္းရဲ႕အေနအထားက ေတာင့္တင္းတဲ့လူစာရင္းကို ပိုင္ဆိုင္ထားတာေၾကာင့္ ပိုခ်က္တီႏိုထက္စာရင္ ပရီးမီးယားလိဂ္ အေတြ႕အၾကံဳပိုမ်ားတဲ့ ဘရန္ဒန္ေရာ္ဂ်ာကို နည္းျပသစ္ခန္႔အပ္တာက ပိုၿပီးသင့္ေတာ္မွာပါ။ လီဗာပူး၊ ဆဲလ္တစ္နဲ႔ လက္စ တာအသင္းေတြမွာ သူလုပ္ေဆာင္ခဲ့တာေတြက သူရဲ႕အရည္အခ်င္းေတြကို ေဖာ္ျပေနပါတယ္” လို႔ သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။