စနေနေ့ ယူနိုက်တက် နဲ့ ပွဲမတိုင်မီ အဲဗာတန်အသင်းက နားချိန်ပိုရလို့ အားသာချက်ရှိတယ်လို့ ဆိုလိုက်တဲ့နည်းပြ အန်စလော့တီ

အန်စလော့တီက စနေနေ့ ယူနိုက်တက် နဲ့ကစားမယ့်ပွဲမတိုင်မီ အဲဗာတန်အသင်းမှာ အားသာချက်ရှိတယ်လို့ ယုံကြည်ထားပါတယ်။ ဗုဒ္ဓဟူးနေ့က အစ္စတန်ဘူလ်ကို အံ့အားသင့်ဖွယ်ရှုံးခဲ့တဲ့ ယူနိုက်တက်အသင်းဟာ နောက်(၃) ရက်အကြာမှာ ဂွတ်ဆင်ပတ်ခ်မှာ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။

“ထိပ်တန်းအသင်းတွေအတွက်တော့ ဒါဟာ တစ်ကယ်ကို ကြီးမားတဲ့ အခက်အခဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကြံ့ခိုင်မှုပိုင်းလည်း အသာရနိုင်ပါတယ်။ (၃) ရက်ကြာတိုင်း ပွဲတစ်ပွဲကစားရတာက ပိုကောင်းတယ်လို့ ထင်ရပေမယ့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာအရ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ကာ အသာရတာ သေချာပါတယ်” လို့ အန်စလော့တီက ကြာသပတေးနေ့မှာ ပြောသွားခဲ့ပါတယ်။

နှစ်သင်းစလုံးဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေပျောက်နေပြီး အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲစလုံးမှာ ဆောက်သမ်တန် နဲ့ နယူးကာဆယ်အသင်းတို့ကို ရှုံးခဲ့ပြီး ၊ ယူနိုက်တက်ကတော့ အာဆင်နယ်အသင်းကို အစ္စတန်ဘူလ်ကို မရှုံးခင် ရှုံးထားခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ (၆) ပွဲကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့် (၁၅) နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန် နဲ့ (၄) မှတ်ပဲ ကွာဟနေတာဖြစ်ပါတယ်။ အဲဗာတန်ကို ရှုံးသွားပါက ယူနိုက်တက်ဟာ အဆင့် (၁၇) နေရာအထိကို ရောက်သွားနိုင်ပါတယ်။

စေနေန႔ ယူႏိုက္တက္ နဲ႔ ပြဲမတိုင္မီ အဲဗာတန္အသင္းက နားခ်ိန္ပိုရလို႔ အားသာခ်က္ရွိတယ္လို႔ ဆိုလိုက္တဲ့နည္းျပ အန္စေလာ့တီ

အန္စေလာ့တီက စေနေန႔ ယူႏိုက္တက္ နဲ႔ကစားမယ့္ပြဲမတိုင္မီ အဲဗာတန္အသင္းမွာ အားသာခ်က္ရွိတယ္လို႔ ယံုၾကည္ထားပါတယ္။ ဗုဒၶဟူးေန႔က အစၥတန္ဘူလ္ကို အံ့အားသင့္ဖြယ္ရႈံးခဲ့တဲ့ ယူႏုိက္တက္အသင္းဟာ ေနာက္(၃) ရက္အၾကာမွာ ဂြတ္ဆင္ပတ္ခ္မွာ အဲဗာတန္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ ကစားရဦးမွာ ျဖစ္ပါတယ္။

“ထိပ္တန္းအသင္းေတြအတြက္ေတာ့ ဒါဟာ တစ္ကယ္ကို ၾကီးမားတဲ့ အခက္အခဲပါပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အေနနဲ႔ ၾကံ့ခိုင္မႈပိုင္းလည္း အသာရႏိုင္ပါတယ္။ (၃) ရက္ၾကာတိုင္း ပြဲတစ္ပြဲကစားရတာက ပိုေကာင္းတယ္လို႔ ထင္ရေပမယ့္ ၾကံ့ခိုင္မႈပိုင္းဆိုင္ရာအရ ၾကည့္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ကာ အသာရတာ ေသခ်ာပါတယ္” လို႔ အန္စေလာ့တီက ၾကာသပေတးေန႔မွာ ေျပာသြားခဲ့ပါတယ္။

ႏွစ္သင္းစလံုးဟာ ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲေတြေပ်ာက္ေနျပီး အႏိုင္ရဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ အဲဗာတန္အသင္းဟာ ေနာက္ဆံုးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၃) ပြဲစလံုးမွာ ေဆာက္သမ္တန္ နဲ႔ နယူးကာဆယ္အသငး္တို႔ကို ရႈံးခဲ့ျပီး ၊ ယူႏိုက္တက္ကေတာ့ အာဆင္နယ္အသင္းကို အစၥတန္ဘူလ္ကို မရႈံးခင္ ရႈံးထားခဲ့ပါတယ္။ယူႏုိက္တက္အသင္းဟာ (၆) ပြဲကစားျပီးခ်ိန္မွာ အမွတ္ေပးဇယား အဆင့္ (၁၅) ေနရာမွာ ရပ္တည္ေနျပီး တန္းဆင္းဇုန္ နဲ႔ (၄) မွတ္ပဲ ကြာဟေနတာျဖစ္ပါတယ္။ အဲဗာတန္ကို ရႈံးသြားပါက ယူႏိုက္တက္ဟာ အဆင့္ (၁၇) ေနရာအထိကို ေရာက္သြားႏိုင္ပါတယ္။