အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဖိုဒန်ကို ပြန်ရွေးချယ်ခဲ့ပေမယ့် ဂရင်းဝုဒ် ချန်လှပ်ထားခဲ့တဲ့ နည်းပြ ဆောက်ဂိတ်

ပြီးခဲ့တဲ့လက အသင်းရဲ့ ဟိုတယ်ကို မိန်းကလေး (၂) ယောက်ခေါ်ယူခဲ့လို့ အင်္ဂလန်လက်ရွေးစင်အသင်းကနေ ချန်ထားခံခဲ့ရတဲ့ ဖိုဒန်ကို နည်းပြ ဆောက်ဂိတ်က လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်သွားခဲ့ပါတယ်။ သို့သော်လည်း ဆောက်ဂိတ်ဟာ ဂရင်းဝုဒ်ကိုတော့ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ နဲ့ အိုက်စလန်အသင်းတို့နဲ့ ကစားမယ့်ပွဲ လူစာရင်းမှာ မရွေးချယ်ခဲ့ပါဘူး။

မန်စီးတီး ကြယ်ပွင့် ဖိုဒန် နဲ့ ယူနိုက်တက်ကြယ်ပွင့် ဂရင်းဝုဒ် တို့ (၂) ယောက်စလုံးဟာ ဟိုတယ်ကို မိန်းခလေး (၂) ယောက်ခေါ်ယူခဲ့သူတွေဖြစ်ကြပြီး ဝေးလ်၊ ဘယ်လ်ဂျီယံ နဲ့ ဒိန်းမတ်အသင်းတို့နဲ့ ကစားမယ့်ပွဲတွေကို မကစားခဲ့ရပဲ အိမ်ကို ပြန်လွှတ်ခံခဲ့ရပါတယ်။

ဖိုဒန်ဟာ မန်စီးတီးအသင်းအတွက် ရာသီအစကတည်းက ခြေစွမ်းပြကစားနေသူဖြစ်ပြီး အင်္ဂလန်ကင်းထောက်တွေရဲ့ နှစ်သက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သို့သော်လည်း ဂရင်းဝုဒ်ကတော့ ဒီရာသီမှာ ပုံစံကောင်းမရခဲ့လို့ ရွေးချယ်ခြင်းမခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဂၤလန္လက္ေရြးစင္အသင္းမွာ ဖိုဒန္ကို ျပန္ေရြးခ်ယ္ခဲ့ေပမယ့္ ဂရင္း၀ုဒ္ ခ်န္လွပ္ထားခဲ့တဲ့ နည္းျပ ေဆာက္ဂိတ္

ျပီးခဲ့တဲ့လက အသင္းရဲ႕ ဟိုတယ္ကို မိန္းကေလး (၂) ေယာက္ေခၚယူခဲ့လို႔ အဂၤလန္လက္ေရြးစင္အသင္းကေန ခ်န္ထားခံခဲ့ရတဲ့ ဖိုဒန္ကို နည္းျပ ေဆာက္ဂိတ္က လက္ေရြးစင္အသင္းမွာ ျပန္လည္ေရြးခ်ယ္သြားခဲ့ပါတယ္။ သို႔ေသာ္လည္း ေဆာက္ဂိတ္ဟာ ဂရင္း၀ုဒ္ကိုေတာ့ အိုင္ယာလန္၊ ဘယ္လ္ဂ်ီယံ နဲ႔ အိုက္စလန္အသင္းတို႔နဲ႔ ကစားမယ့္ပြဲ လူစာရင္းမွာ မေရြးခ်ယ္ခဲ့ပါဘူး။

မန္စီးတီး ၾကယ္ပြင့္ ဖုိဒန္ နဲ႔ ယူႏိုက္တက္ၾကယ္ပြင့္ ဂရင္း၀ုဒ္ တို႔ (၂) ေယာက္စလံုးဟာ ဟိုတယ္ကို မိန္းခေလး (၂) ေယာက္ေခၚယူခဲ့သူေတြျဖစ္ၾကျပီး ေ၀းလ္၊ ဘယ္လ္ဂ်ီယံ နဲ႔ ဒိန္းမတ္အသင္းတို႔နဲ႕ ကစားမယ့္ပြဲေတြကို မကစားခဲ့ရပဲ အိမ္ကို ျပန္လႊတ္ခံခဲ့ရပါတယ္။

ဖိုဒန္ဟာ မန္စီးတီးအသင္းအတြက္ ရာသီအစကတည္းက ေျခစြမ္းျပကစားေနသူျဖစ္ျပီး အဂၤလန္ကင္းေထာက္ေတြရဲ႕ ႏွစ္သက္ျခင္းကို ခံခဲ့ရသူျဖစ္ပါတယ္။ သို႔ေသာ္လည္း ဂရင္း၀ုဒ္ကေတာ့ ဒီရာသီမွာ ပံုစံေကာင္းမရခဲ့လို႔ ေရြးခ်ယ္ျခင္းမခံခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။