အလာဘာကို ခေါ်ယူရန် လီဗာပူးလ် ၊ မန်စီးတီး၊ ပီအက်စ်ဂျီ နဲ့ ဂျူဗင်တပ်စ်တို့ အပြိုင်လိုက်နေပေမယ့် ကစားသမားက ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီပဲ ပြောင်းရွှေ့ချင်

အလာဘာကို နောက်နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ခေါ်ယူချင်နေတဲ့အသင်းလေးသင်းထဲမှာ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ လီဗာပူးလ် နဲ့ မန်စီးတီးအသင်းတို့လည်း ပါဝင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဘွန်ဒက်စ်လီဂါဘီလူးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ အလာဘာရဲ့ စာချုပ်သက်တမ်းက ၂၀၂၁ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု မရသေးတာဖြစ်ပါတယ်။

AS သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်စီးတီး၊ လီဗာပူးလ် ၊ ပီအက်စ်ဂျီ နဲ့ ဂျူဗင်တပ်စ်အသင်းတို့ အားလုံးက သြစတြီးယား လက်ရွေးစင်ကစားသမားကို အဓိက ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။သို့သော်လည်း အဆိုပါ ဥရောပ အသင်းကြီး (၄) သင်းကတော့ အလာဘာကို လက်လွှတ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားက စပိန်လာလီဂါ အသင်းကြီးတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ (၂) သင်းထဲက (၁) သင်းဆီကိုပဲ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။အလာဘာဟာ ဗဟိုနောက်ခံလူ အပြင်၊ ဘယ်နောက်ခံလူ နဲ့ ကွင်းလယ်ခံစစ်တွေမှာပါကစားနိုင်စွမ်းရှိပြီး သူ့ရဲ့ အသက်အရွယ်အပိုင်းအခြားကလည်း အကောင်းဆုံးအနေအထားမှာ ရှိနေလို့ အသင်းတိုင်းအတွက် အရမ်းကိုအသုံးဝင်တဲ့ကစားသမား ဖြစ်ပါတယ်။

အလာဘာကို ေခၚယူရန္ လီဗာပူးလ္ ၊ မန္စီးတီး၊ ပီအက္စ္ဂ်ီ နဲ႔ ဂ်ဴဗင္တပ္စ္တို႔ အျပိဳင္လိုက္ေနေပမယ့္ ကစားသမားက ဘာစီလိုနာ နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းဆီပဲ ေျပာင္းေရႊ႕ခ်င္

အလာဘာကို ေနာက္ေႏြရာသီအေျပာင္းအေရႊ႕မွာ အလြတ္ေခၚယူခ်င္ေနတဲ့အသင္းေလးသင္းထဲမွာ ပရီးမီးယားလိဂ္ အသင္းၾကီးေတြ ျဖစ္တဲ့ လီဗာပူးလ္ နဲ႔ မန္စီးတီးအသင္းတို႔လည္း ပါ၀င္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ ဘြန္ဒက္စ္လီဂါဘီလူးအသင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ အလာဘာရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၁ ဇြန္လမွာ ကုန္ဆံုးမွာျဖစ္ျပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ သေဘာတူညီမႈ မရေသးတာျဖစ္ပါတယ္။

AS သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္စီးတီး၊ လီဗာပူးလ္ ၊ ပီအက္စ္ဂ်ီ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔ အားလံုးက ၾသစၾတီးယား လက္ေရြးစင္ကစားသမားကို အဓိက ပစ္မွတ္ထားေနတယ္လို႔ သိရပါတယ္။သို႔ေသာ္လည္း အဆိုပါ ဥေရာပ အသင္းၾကီး (၄) သင္းကေတာ့ အလာဘာကို လက္လႊတ္ရဖြယ္ရွိေနတာျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ကစားသမားက စပိန္လာလီဂါ အသင္းၾကီးေတြ ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ ဒါမွမဟုတ္ ဘာစီလိုနာ (၂) သင္းထဲက (၁) သင္းဆီကိုပဲ ေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ သိရပါတယ္။အလာဘာဟာ ဗဟိုေနာက္ခံလူ အျပင္၊ ဘယ္ေနာက္ခံလူ နဲ႔ ကြင္းလယ္ခံစစ္ေတြမွာပါကစားႏိုင္စြမ္းရွိျပီး သူ႔ရ႕ဲ အသက္အရြယ္အပိုင္းအျခားကလည္း အေကာင္းဆံုးအေနအထားမွာ ရွိေနလို႔ အသင္းတိုင္းအတြက္ အရမ္းကိုအသံုး၀င္တဲ့ကစားသမား ျဖစ္ပါတယ္။