ရှုံးထွက်အဆင့်မှာ မက်ဆီပါတဲ့ ဘာစီလိုနာနဲ့ တွေခဲ့ရင်တောင် မက်ဆီ ဂိုးမသွင်းနိုင်ဖို့ စွမ်းဆောင်နိုင်တယ်လို့ ပြောခဲ့တဲ့ ပီတာချက်


ချဲလ်ဆီးအသင်းကို ဂိုးသမားအဖြစ် တကျော့ပြန်ရောက်ရှိနေတဲ့ ပီတာချက်က အသင်းအနေနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အ ဆင့်ကို တက်ရောက်ပြီး မက်ဆီပါတဲ့ ဘာစီလိုနာနဲ့ တွေ့ခဲ့ရင်တောင် မက်ဆီဂိုးမသွင်းနိုင်ဖို့ သူအနေနဲ့ စွမ်းဆောင်နိုင်မယ် လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ ပီတာချက်ဟာ ချဲလ်ဆီးကစားသမားအဖြစ် ရှိခဲ့တုန်းက ၂၀၀၄ ခုနှစ်ကနေ ၂၀၁၂ ခု နှစ်အတွင်း ဘာစီလိုနာနဲ့ ၁၀ ကြိမ်ယှဉ်ပြိုင်ခဲ့ဖူးပြီး မက်ဆီအနေနဲ့ ဂိုးသွင်းယူနိုင်ခြင်းမရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ လည်း သိရပါတယ်။


လက်ရှိမှာ ချဲလ်ဆီးအသင်းရဲ့ နည်းစနစ်အကြံပေးအဖြစ်လုပ်နေတဲ့ ပီတာချက်ဟာ အရေးပေါ်အခြေအနေကြောင့် နည်းပြ လမ်းပတ်ရဲ့အသင်းမှာ ဂိုးသမားအဖြစ် ပါဝင်ကစားပေးဖို့ ရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ တီကီတာဟာ ကစားဟန်ကို ချဲလ်ဆီးအသင်းရဲ့ ကစားဟန်နဲ့ အကောင်းဆုံး တုန့်ပြန်ကစားနိုင်မယ်လို့ ပီတာချက်က ရင်းနက်စ်နဲ့ ကစားတဲ့ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးဟာ အုပ်စုအဆင့်ပွဲစဉ် ၃ပွဲကစားပြီးချိန်မှာ ရမှတ် ၇ မှတ်ရထားပြီး အုပ်စုကို ဦးဆောင်နေသလို ပေးဂိုးလည်း ပေး ခဲ့ရခြင်းမရှိတာကြောင့် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ နီးစပ်တဲ့အနေအထားမှာ ရှိနေတာပဲ ဖြစ်ပါတယ်။ လက်ရှိ ပရီးမီး ယားလိဂ်အမှတ်ပေးဇယားမှာ အဆင့်- ၇ နေရာမှာ ရှိနေတယ်ဆိုပေမယ့် ချဲလ်ဆီးဟာ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိခဲ့ သလို ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက်မှာလည်း ဂိုးမပေးခဲ့ရဘူးလို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version

ရႈံးထြက္အဆင့္မွာ မက္ဆီပါတဲ့ ဘာစီလိုနာနဲ႔ ေတြခဲ့ရင္ေတာင္ မက္ဆီ ဂိုးမသြင္းႏိုင္ဖို႔ စြမ္းေဆာင္ႏိုင္တယ္လို႔ ေျပာခဲ့တဲ့ ပီတာခ်က္
ခ်ဲလ္ဆီးအသင္းကို ဂိုးသမားအျဖစ္ တေက်ာ့ျပန္ေရာက္ရွိေနတဲ့ ပီတာခ်က္က အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ရႈံးထြက္အ ဆင့္ကို တက္ေရာက္ၿပီး မက္ဆီပါတဲ့ ဘာစီလိုနာနဲ႔ ေတြ႕ခဲ့ရင္ေတာင္ မက္ဆီဂိုးမသြင္းႏိုင္ဖို႔ သူအေနနဲ႔ စြမ္းေဆာင္ႏိုင္မယ္ လို႔ ယံုၾကည္ေၾကာင္း ေျပာခဲ့ပါတယ္။ ပီတာခ်က္ဟာ ခ်ဲလ္ဆီးကစားသမားအျဖစ္ ရွိခဲ့တုန္းက ၂၀၀၄ ခုႏွစ္ကေန ၂၀၁၂ ခု ႏွစ္အတြင္း ဘာစီလိုနာနဲ႔ ၁၀ ႀကိမ္ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး မက္ဆီအေနနဲ႔ ဂိုးသြင္းယူႏိုင္ျခင္းမရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္လို႔ လည္း သိရပါတယ္။
လက္ရွိမွာ ခ်ဲလ္ဆီးအသင္းရဲ႕ နည္းစနစ္အၾကံေပးအျဖစ္လုပ္ေနတဲ့ ပီတာခ်က္ဟာ အေရးေပၚအေျခအေနေၾကာင့္ နည္းျပ လမ္းပတ္ရဲ႕အသင္းမွာ ဂိုးသမားအျဖစ္ ပါဝင္ကစားေပးဖို႔ ရွိေနတာျဖစ္ပါတယ္။ ဘာစီလိုနာရဲ႕ တီကီတာဟာ ကစားဟန္ကို ခ်ဲလ္ဆီးအသင္းရဲ႕ ကစားဟန္နဲ႔ အေကာင္းဆံုး တုန္႕ျပန္ကစားႏိုင္မယ္လို႔ ပီတာခ်က္က ရင္းနက္စ္နဲ႔ ကစားတဲ့ပြဲမတိုင္ခင္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးဟာ အုပ္စုအဆင့္ပြဲစဥ္ ၃ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၇ မွတ္ရထားၿပီး အုပ္စုကို ဦးေဆာင္ေနသလို ေပးဂိုးလည္း ေပး ခဲ့ရျခင္းမရွိတာေၾကာင့္ ရႈံးထြက္အဆင့္ကို တက္ေရာက္ဖို႔ နီးစပ္တဲ့အေနအထားမွာ ရွိေနတာပဲ ျဖစ္ပါတယ္။ လက္ရွိ ပရီးမီး ယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္- ၇ ေနရာမွာ ရွိေနတယ္ဆိုေပမယ့္ ခ်ဲလ္ဆီးဟာ ေနာက္ဆံုး ၅ ပြဲဆက္ ရႈံးပြဲမရွိခဲ့ သလို ၿပိဳင္ပြဲစံု ေနာက္ဆံုး ၅ ပြဲဆက္မွာလည္း ဂိုးမေပးခဲ့ရဘူးလို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။