ယူနိုက်တက်နည်းပြအဖြစ် ဆိုးလ်ရှားဖြစ်လာပြီးနောက် အမှတ်ပေးဇယားမှာ အသင်းအနေနဲ့ အဆင့်-၇ နေရာမှာ ရှိနေခဲ့


၂၀၁၉ ခုနှစ်မတ်လမှာ ယူနိုက်တက်အသင်းနည်းပြအဖြစ် ဆိုးလ်ရှားတာဝန်ယူပြီးနောက် ပရီးမီးယားလိဂ်အသင်းတွေရဲ့ ရမှတ်တွေကို တွက်ချက်ရမှာတော့ ယူနိုက်တက်က ရမှတ် ၈၆ မှတ်နဲ့ အဆင့်-၇ နေရာမှာရှိနေပြီး အမှတ်အများဆုံးရတဲ့ လီဗာပူးထက် ရမှတ် ၅၅ မှတ်အထိကွာဟနေတယ်လို့ ဖော်ပြချက်တွေအရ သိရပါတယ်။ ယူနိုက်တက်အသင်းခေါင်း ဆောင်ဟောင်း ရွိုင်ကိန်းကတော့ အသင်းအနေနဲ့ ဦးဆောင်သူကင်းမဲ့နေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ နည်းပြဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်အသင်းကို ကိုင်တွယ်ခွင့်ရတာ ပွဲ ၁၀၀ မြောက် ဖြစ်ခဲ့ပြီး ပြိုင်ဘက် အာဆင်နယ်ကို အိမ်ကွင်းမှာကစားရတာဖြစ်ပေမယ့် ရှုံးခဲ့တာကြောင့် ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ စစ်တမ်းတွေအရလည်း ယူနိုက်တက်အနေနဲ့ အဆင့်-၇ နေရာမှာသာရှိတာကြောင့် ဥရောပပြိုင်ပွဲ တွေကို လက်လွှတ်ရနိုင်တယ်လို့လည်း ထင်ကြေးပေးခံနေရတယ်လို့ သိရပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ ၆ ပွဲကစားအပြီးမှာ သုံးပွဲအထိရှုံးထား တာကြောင့် နည်းပြ ဆိုးလ်ရှားအနေနဲ့ ထုတ်ပယ်ခံရဖို့အတွက် နီးစပ်နေပြီလို့ သတင်းတွေလည်း ထွက်နေသလို အသင်း တာဝန်ရှိသူတွေအနေနဲ့လည်း စပါးနည်းပြဟောင်းပိုချက်တီနိုကို ဆိုးလ်ရှားရဲ့နေရာမှာ အစားထိုးဖို့အတွက် လုပ်ဆောင် နေတယ်လို့လည်း သိရပါတယ်။

 

zawgyi version

ယူႏိုက္တက္နည္းျပအျဖစ္ ဆိုးလ္ရွားျဖစ္လာၿပီးေနာက္ အမွတ္ေပးဇယားမွာ အသင္းအေနနဲ႔ အဆင့္-၇ ေနရာမွာ ရွိေနခဲ့
၂၀၁၉ ခုႏွစ္မတ္လမွာ ယူႏိုက္တက္အသင္းနည္းျပအျဖစ္ ဆိုးလ္ရွားတာဝန္ယူၿပီးေနာက္ ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ရမွတ္ေတြကို တြက္ခ်က္ရမွာေတာ့ ယူႏိုက္တက္က ရမွတ္ ၈၆ မွတ္နဲ႔ အဆင့္-၇ ေနရာမွာရွိေနၿပီး အမွတ္အမ်ားဆံုးရတဲ့ လီဗာပူးထက္ ရမွတ္ ၅၅ မွတ္အထိကြာဟေနတယ္လို႔ ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။ ယူႏိုက္တက္အသင္းေခါင္း ေဆာင္ေဟာင္း ရြိဳင္ကိန္းကေတာ့ အသင္းအေနနဲ႔ ဦးေဆာင္သူကင္းမဲ့ေနတယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္မွာ နည္းျပဆိုးလ္ရွားအေနနဲ႔ ယူႏိုက္တက္အသင္းကို ကိုင္တြယ္ခြင့္ရတာ ပြဲ ၁၀၀ ေျမာက္ ျဖစ္ခဲ့ၿပီး ၿပိဳင္ဘက္ အာဆင္နယ္ကို အိမ္ကြင္းမွာကစားရတာျဖစ္ေပမယ့္ ရႈံးခဲ့တာေၾကာင့္ ေဝဖန္ခံေနရတာပဲ ျဖစ္ပါတယ္။ အခုထြက္ေပၚလာတဲ့ စစ္တမ္းေတြအရလည္း ယူႏိုက္တက္အေနနဲ႔ အဆင့္-၇ ေနရာမွာသာရွိတာေၾကာင့္ ဥေရာပၿပိဳင္ပြဲ ေတြကို လက္လႊတ္ရႏိုင္တယ္လို႔လည္း ထင္ေၾကးေပးခံေနရတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာေတာ့ ၆ ပြဲကစားအၿပီးမွာ သံုးပြဲအထိရႈံးထား တာေၾကာင့္ နည္းျပ ဆိုးလ္ရွားအေနနဲ႔ ထုတ္ပယ္ခံရဖို႔အတြက္ နီးစပ္ေနၿပီလို႔ သတင္းေတြလည္း ထြက္ေနသလို အသင္း တာဝန္ရွိသူေတြအေနနဲ႔လည္း စပါးနည္းျပေဟာင္းပိုခ်က္တီႏိုကို ဆိုးလ္ရွားရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ လုပ္ေဆာင္ ေနတယ္လို႔လည္း သိရပါတယ္။