ကစားသမားတွေရဲ့ လေးစားမှုကို မရသေးဘူးလို့ ပြောခဲ့တဲ့ ရွိုင်ကိန်းရဲ့ ပြောစကားကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ အာဆင်နယ် နည်းပြ အာတီတာ


ဘောလုံးအကြောင်းဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အသင်းသားတွေရဲ့လေးစားမှုကို မရသေးဘူးလို့ ထုတ်ဖော်ပြောကြားမှုအပြီးမှာ အာတီတာက ရွိုင်ကိန်းရဲ့ ပြောဆိုမှုတွေက မှားယွင်းကြောင်းနဲ့ သူအနေနဲ့ မရိုမသေပြုလုပ်တယ်လို့ မခံစားကြောင်း ပြန် လည်တုံ့ပြန်ခဲ့ပါတယ်။


ပွဲအပြီးအင်တာဗျူးတစ်ခုမှာ အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်တဲ့ အူဘာမီယန်နဲ့ စကားပြောခဲ့ရာမှာတော့ အူဘာမီယန် က အာတီတာရဲ့ နာမည်အစဖြစ်တဲ့ မီခေးလ်လို့ ပြောဆိုခဲ့တာအတွက် ရွိုင်ကိန်းကအခုလို ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။ ရွိုင် ကိန်းက “ အာတီတာက အသင်းရဲ့နည်းပြတစ်ယောက်ပါ၊ သူကို အသင်းသားတွေအနေနဲ့ နာမည်ခေါ်လို့မရပါဘူး။ နည်းပြ၊ အကြီးအကဲ တစ်ယောက်ကို နာမည်ခေါ်ရအောင် အာတီတာက သူတို့ရဲ့ အသင်းဖော်မဟုတ်ဘူးလေ” လို့ ပြောခဲ့ပါတယ်။


ရွိုင်ကိန်းရဲ့ ဝေဖန်မှုကို အာတီတာက “ အခုလို ပြောဆိုတာအတွက် ကျွန်တော်အနေနဲ့ မလေးမစားဆက်ဆံခံရတယ်လို့ မခံစားမိပါဘူး။ ကစားသမားတွေနဲ့ ရင်းနှီးမှုရှိတယ်လို့ပဲ ခံစားရသလို အသင်းမှာရှိတဲ့ကစားသမားအချို့နဲ့တောင် အတူတွဲ ကစားခဲ့ဖူးပါတယ်။ ကျွန်တော်တို့အနေနဲ့ အပြောအဆို ၊အပြုအမူတွေထက် အားလုံးလိုချင်နေတဲ့ လမ်းကြောင်းအတိုင်းပဲ ဆက်ပြီး လုပ်ဆောင်သွားမှာပါ” လို့ ပြန်လည်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

zawgyi version

ကစားသမားေတြရဲ႕ ေလးစားမႈကို မရေသးဘူးလို႔ ေျပာခဲ့တဲ့ ရြိဳင္ကိန္းရဲ႕ ေျပာစကားကို ျပန္လည္တံု႔ျပန္ခဲ့တဲ့ အာဆင္နယ္ နည္းျပ အာတီတာ
ေဘာလံုးအေၾကာင္းေဝဖန္သံုးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရြိဳင္ကိန္းက အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ အသင္းသားေတြရဲ႕ေလးစားမႈကို မရေသးဘူးလို႔ ထုတ္ေဖာ္ေျပာၾကားမႈအၿပီးမွာ အာတီတာက ရြိဳင္ကိန္းရဲ႕ ေျပာဆိုမႈေတြက မွားယြင္းေၾကာင္းနဲ႔ သူအေနနဲ႔ မ႐ိုမေသျပဳလုပ္တယ္လို႔ မခံစားေၾကာင္း ျပန္ လည္တံု႔ျပန္ခဲ့ပါတယ္။
ပြဲအၿပီးအင္တာဗ်ဴးတစ္ခုမွာ အာဆင္နယ္အသင္းေခါင္းေဆာင္ျဖစ္တဲ့ အူဘာမီယန္နဲ႔ စကားေျပာခဲ့ရာမွာေတာ့ အူဘာမီယန္ က အာတီတာရဲ႕ နာမည္အစျဖစ္တဲ့ မီေခးလ္လို႔ ေျပာဆိုခဲ့တာအတြက္ ရြိဳင္ကိန္းကအခုလို ေဝဖန္ခဲ့တာပဲ ျဖစ္ပါတယ္။ ရြိဳင္ ကိန္းက “ အာတီတာက အသင္းရဲ႕နည္းျပတစ္ေယာက္ပါ၊ သူကို အသင္းသားေတြအေနနဲ႔ နာမည္ေခၚလို႔မရပါဘူး။ နည္းျပ၊ အႀကီးအကဲ တစ္ေယာက္ကို နာမည္ေခၚရေအာင္ အာတီတာက သူတို႔ရဲ႕ အသင္းေဖာ္မဟုတ္ဘူးေလ” လို႔ ေျပာခဲ့ပါတယ္။
ရြိဳင္ကိန္းရဲ႕ ေဝဖန္မႈကို အာတီတာက “ အခုလို ေျပာဆိုတာအတြက္ ကြ်န္ေတာ္အေနနဲ႔ မေလးမစားဆက္ဆံခံရတယ္လို႔ မခံစားမိပါဘူး။ ကစားသမားေတြနဲ႔ ရင္းႏွီးမႈရွိတယ္လို႔ပဲ ခံစားရသလို အသင္းမွာရွိတဲ့ကစားသမားအခ်ိဳ႕နဲ႔ေတာင္ အတူတြဲ ကစားခဲ့ဖူးပါတယ္။ ကြ်န္ေတာ္တို႔အေနနဲ႔ အေျပာအဆို ၊အျပဳအမူေတြထက္ အားလံုးလိုခ်င္ေနတဲ့ လမ္းေၾကာင္းအတိုင္းပဲ ဆက္ၿပီး လုပ္ေဆာင္သြားမွာပါ” လို႔ ျပန္လည္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။