ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်သွားနိုင်ဖွယ်ရှိတယ်လို့ ဝန်ခံပြောကြားလိုက်တဲ့ စပါးနောက်ခံလူအသစ် ရက်ဂွီလွန်

စပါးအသင်းရဲ့ ဘယ်နောက်ခံလူ ရက်ဂွီလွန်က ကစားသမားဘ၀ နောက်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်သွားနိုင်ဖွယ်ရှိတယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်မှာ ၁၅ နှစ်တာ ဖြတ်သန်းခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းဆီမှာ အငှားသွားရောက်ကစားခဲ့ပြီးနောက် နွေရာသီတုန်းက စပါးအသင်းဆီ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

“မက်ဒရစ်က ကျွန်တော် ကြီးပြင်းခဲ့တဲ့ ကျွန်တော့်အိမ်ပါ။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ မသိပေမယ့် အဲ့ဒီကို ပြန်သွားနိုင်ဖွယ်ရှိပါတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သူတို့ ကျွန်တော့်ကို တစ်မျိုးထင်နေမှာ ကျွန်တော်သိပါတယ်။ အချိန်က စကားပြောသွားမှာပါ။ ကျွန်တော် ဘာမှ မရှင်းပြချင်ပါဘူး” လို့ ရက်ဂွီလွန်က ပြောသွားခဲ့ပါတယ်။


