လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ ဥက္ကဌလောင်း လာပေါ်တာ

ဘာစီလိုနာဥက္ကဌလောင်း လာပေါ်တာက နူးကမ့်ကို ဥက္ကဌ ဖြစ်လာပါက ယာဂင်ကလော့ပ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခေါ်ယူချင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ လီဗာပူးလ်အသင်းမှာ စာချုပ်သက်တမ်း ၂၀၂၄ ခုနှစ်အထိ ရှိနေပြီး အောင်မြင်မှုတွေ ရနေတဲ့ ယာဂင်ကလော့ပ်ကို ဥရောပက အသင်းတွေတော်တော်များများက ခေါ်ယူရန် ဆက်သွယ်မှုတွေ လုပ်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မကြာသေးခင်ကမှ ဆက်တီယန်နေရာမှာ ရော်နယ်ကိုးမန်းကို အစားထိုးခန့်အပ်ခဲ့သော်လည်း နယ်သာလန်လူမျိုးနည်းပြက စပိန်လာလီဂါမှာ ရလဒ်ကောင်းရရန် ရုန်းကန်နေရပြီး လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ကိုလည်း အိမ်ကွင်းမှာ ရှုံးခဲ့ပါသေးတယ်။စပိန်သတင်းစာများရဲ့ ဖော်ပြချက်အရ လာပေါ်တာက ယာဂင်ကလော့ပ်က ဘာစီလိုနာအသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ဆောင်နိုင်မယ့်သူလို့ သတ်မှတ်ထားပြီး ချန်ပီယံလိဂ်ဖလားကိုလည်း ဆွတ်ခူးနိုင်အောင် လုပ်ပေးနိုင်သူလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

သို့သော်လည်း ဒေါ့မွန်နည်းပြဟောင်းဟာ လက်ရှိ အန်ဖီးလ်မှာလည်း ရလဒ်ကောင်းတွေ ရနေပြီး အသင်းက ထွက်ခွာဖို့က လုံး၀ မဖြစ်နိုင်သလောက် ရှိနေပြီး လီဗာပူးလ်အသင်းနဲ့လည်း စာချုပ်သက်တမ်းကုန်ဆုံးရန် (၄) နှစ်ကျန်ရှိနေသေးပါတယ်။ ဒါ့အပြင် ထွက်ခွာဖြစ်ပါကလည်း အချိန်အတိုင်းအတာ တစ်ခုအထိ အနားယူတာ ဒါမှမဟုတ် အပြီးသတ် အနားယူတာမျိုးကို လုပ်သွားဖွယ်ရှိတယ်လို့လည်း ဝန်ခံပြောထားခဲ့ပါသေးတယ်။

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ကို ေခၚယူခ်င္ေနတဲ့ ဘာစီလိုနာ ဥကၠဌေလာင္း လာေပၚတာ

ဘာစီလိုနာဥကၠဌေလာင္း လာေပၚတာက ႏူးကမ့္ကို ဥကၠဌ ျဖစ္လာပါက ယာဂင္ကေလာ့ပ္ကို အသင္းရဲ႕ နည္းျပသစ္ အျဖစ္ ေခၚယူခ်င္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ လီဗာပူးလ္အသင္းမွာ စာခ်ဳပ္သက္တမ္း ၂၀၂၄ ခုႏွစ္အထိ ရွိေနျပီး ေအာင္ျမင္မႈေတြ ရေနတဲ့ ယာဂင္ကေလာ့ပ္ကို ဥေရာပက အသင္းေတြေတာ္ေတာ္မ်ားမ်ားက ေခၚယူရန္ ဆက္သြယ္မႈေတြ လုပ္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ မၾကာေသးခင္ကမွ ဆက္တီယန္ေနရာမွာ ေရာ္နယ္ကိုးမန္းကို အစားထိုးခန္႔အပ္ခဲ့ေသာ္လည္း နယ္သာလန္လူမ်ိဳးနည္းျပက စပိန္လာလီဂါမွာ ရလဒ္ေကာင္းရရန္ ရုန္းကန္ေနရျပီး လက္ရွိခ်န္ပီယံရီးရဲလ္မက္ဒရစ္ကိုလည္း အိမ္ကြင္းမွာ ရႈံးခဲ့ပါေသးတယ္။စပိန္သတင္းစာမ်ားရဲ႕ ေဖာ္ျပခ်က္အရ လာေပၚတာက ယာဂင္ကေလာ့ပ္က ဘာစီလိုနာအသင္းကို လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ေအာင္ လုပ္ေဆာင္ႏိုင္မယ့္သူလို႔ သတ္မွတ္ထားျပီး ခ်န္ပီယံလိဂ္ဖလားကိုလည္း ဆြတ္ခူးႏိုင္ေအာင္ လုပ္ေပးႏိုင္သူလို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။

သို႔ေသာ္လည္း ေဒါ့မြန္နည္းျပေဟာင္းဟာ လက္ရွိ အန္ဖီးလ္မွာလည္း ရလဒ္ေကာင္းေတြ ရေနျပီး အသင္းက ထြက္ခြာဖို႔က လုံး၀ မျဖစ္ႏိုင္သေလာက္ ရွိေနျပီး လီဗာပူးလ္အသင္းနဲ႔လည္း စာခ်ဳပ္သက္တမ္းကုန္ဆံုးရန္ (၄) ႏွစ္က်န္ရွိေနေသးပါတယ္။ ဒါ့အျပင္ ထြက္ခြာျဖစ္ပါကလည္း အခ်ိန္အတိုင္းအတာ တစ္ခုအထိ အနားယူတာ ဒါမွမဟုတ္ အျပီးသတ္ အနားယူတာမ်ိဳးကို လုပ္သြားဖြယ္ရွိတယ္လို႔လည္း ၀န္ခံေျပာထားခဲ့ပါေသးတယ္။