နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်ကြောင့် ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဖလား ကိုတောင် ရယူနိုင်တယ်လို့ ပြောခဲ့တဲ့ တိုက်စစ်မှူး တီမိုဝါနာ

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးသစ်တစ်ဦးဖြစ်တဲ့ တီမိုဝါနာက နွေရာသီအပြောင်းအရွှေ့မှာ အသင်းအနေနဲ့ ပေါင်သန်း ၂၃၀ ကျော်သုံးပြီး ကစားသမားကောင်းတွေကို ခေါ်ယူထားတာကြောင့် ဒီနှစ်ချန်ပီယံလိဂ်ဖလားကိုတောင် ရယူနိုင်စွမ်း ရှိတယ်လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် ၇ ဦးအထိခေါ်ယူခဲ့တာဖြစ်ပြီး နည်းပြလမ်းပတ်အနေနဲ့ အသင်းကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်နေတာပဲ ဖြစ်ပါတယ်။


တီမိုဝါနာက “ အခုချိန်မှာ ကိုဗစ်ကြောင့် ဥရောပပြိုင်ပွဲကစားနေရတဲ့အသင်းတွေဟာ သုံးရက်ခြားတစ်ပွဲလောက် ကစား နေရပါတယ်။ ဒီလိုအချိန်မှာ အရန်ကစားသမားအင်အားတောင့်တင်းတဲ့အသင်းက အခြားအသင်းတွေထက် အသာရသွား မှာပါ။ အခုချဲလ်ဆီးဟာ ကစားသမားကောင်းတွေအများကြီးရှိနေပါတယ်။ ချန်ပီယံလိဂ်ရယူနိုင်ဖို့ဆိုတာ ခက်ခဲပေမယ့် လက်ရှိလူအင်အားအရ ဒီနှစ်မှာ အသင်းအနေနဲ့ ချန်ပီယံလိဂ်တောင် ရယူနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။


နွေရာသီအပြောင်းအရွှေ့မှာ လစ်ပ်ဇစ်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ တီမိုဝါနာဟာ နည်းပြလမ်းပတ်ရဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပေမယ့် သွင်းဂိုး ၅ ဂိုးသာ သွင်းယူထားနိုင်သေးသူလည်းဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ လီဗာပူး၊ မန်စီးတီးတို့နဲ့အတူ ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး တီမိုဝါနာက ချန်ပီယံလိဂ်ဖလား ကို လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ရယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။

zawgyi version

ေႏြရာသီအေျပာင္းအေရႊ႕အသံုးစရိတ္ေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ခ်န္ပီယံလိဂ္ဖလား ကိုေတာင္ ရယူႏိုင္တယ္လို႔ ေျပာခဲ့တဲ့ တိုက္စစ္မွဴး တီမိုဝါနာ
ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မွဴးသစ္တစ္ဦးျဖစ္တဲ့ တီမိုဝါနာက ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းအေနနဲ႔ ေပါင္သန္း ၂၃၀ ေက်ာ္သံုးၿပီး ကစားသမားေကာင္းေတြကို ေခၚယူထားတာေၾကာင့္ ဒီႏွစ္ခ်န္ပီယံလိဂ္ဖလားကိုေတာင္ ရယူႏိုင္စြမ္း ရွိတယ္လို႔ ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ ၇ ဦးအထိေခၚယူခဲ့တာျဖစ္ၿပီး နည္းျပလမ္းပတ္အေနနဲ႔ အသင္းကို အေကာင္းဆံုးျဖစ္ေအာင္ တည္ေဆာက္ေနတာပဲ ျဖစ္ပါတယ္။
တီမိုဝါနာက “ အခုခ်ိန္မွာ ကိုဗစ္ေၾကာင့္ ဥေရာပၿပိဳင္ပြဲကစားေနရတဲ့အသင္းေတြဟာ သံုးရက္ျခားတစ္ပြဲေလာက္ ကစား ေနရပါတယ္။ ဒီလိုအခ်ိန္မွာ အရန္ကစားသမားအင္အားေတာင့္တင္းတဲ့အသင္းက အျခားအသင္းေတြထက္ အသာရသြား မွာပါ။ အခုခ်ဲလ္ဆီးဟာ ကစားသမားေကာင္းေတြအမ်ားႀကီးရွိေနပါတယ္။ ခ်န္ပီယံလိဂ္ရယူႏိုင္ဖို႔ဆိုတာ ခက္ခဲေပမယ့္ လက္ရွိလူအင္အားအရ ဒီႏွစ္မွာ အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ေတာင္ ရယူႏိုင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေႏြရာသီအေျပာင္းအေရႊ႕မွာ လစ္ပ္ဇစ္ကေန ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕လာခဲ့တဲ့ တီမိုဝါနာဟာ နည္းျပလမ္းပတ္ရဲ႕ အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရေနေပမယ့္ သြင္းဂိုး ၅ ဂိုးသာ သြင္းယူထားႏိုင္ေသးသူလည္းျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ လက္ရွိအခ်ိန္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ လီဗာပူး၊ မန္စီးတီးတို႔နဲ႔အတူ ေရပန္းစားေနတဲ့အသင္းျဖစ္ၿပီး တီမိုဝါနာက ခ်န္ပီယံလိဂ္ဖလား ကို လာမယ့္ႏွစ္အနည္းငယ္အတြင္းမွာ ရယူႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။