လန်ဒန်မြို့ကို ချစ်တဲ့သူတစ်ဦးဆိုတာကို သူရဲ့လူနေမှုအခြေအနေတွေနဲ့ ပြသခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အပယ်ခံ အိုဇေးလ်


ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ အိုဇေးလ်ဟာ နည်းပြအာတီ တာနဲ့ အဆင်မပြေမှုတွေကြောင့် ဒီနှစ်မှာ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ လူစာရင်းတွေမှာ ထည့်သွင်းခံ ခဲ့ရခြင်းမရှိတာပဲ ဖြစ်ပါတယ်။ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့တဲ့ အိုဇေးလ်ဟာ အသင်းမှာ တစ်ပတ်လုပ်ခပေါင် သုံးသိန်းခွဲရနေတဲ့ ကစားသမားဖြစ်ပြီး လန်ဒန်မြို့ကို ချစ်တဲ့သူတစ်ဦးဆိုတာကို သူရဲ့ လူနေမှုပုံစံတွေနဲ့ သက်သေပြခဲ့ တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။


အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်ကတည်းက အာဆင်နယ်ကို ရောက်ရှိနေခဲ့သူဖြစ်ပြီး နည်းပြဟောင်း အာစင်းဝင်းဂါးလက်ထက်မှာ အသင်းအတွက် အရေးပါတဲ့ ကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ နောက်ထပ် နည်းပြတစ်ဦးဖြစ်တဲ့ အူနိုင်းအမ်မရီရဲ့ လက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး လက်ရှိနည်းပြ အာတီတာရဲ့ လက်ထက်မှာ ကစားခွင့်ပါ ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။


အိုဇေးလ်ဟာ မြောက်လန်ဒန်အရပ်မှာ ပေါင် ၁၀ သန်းတန် လှပတဲ့နေအိမ်တစ်လုံးနဲ့ နေထိုင်သူဖြစ်ပြီး ကားအကောင်းစား တွေကို စုဆောင်းရတာလည်း ဝါသနာပါသူတစ်ဦးဖြစ်ပါတယ်။ ဂျာမနီနိုင်ငံသားဖြစ်ပေမယ့် တူရကီနွယ်ဖွားတစ်ဦးဖြစ်တဲ့ အိုဇေးလ်ဟာ လန်ဒန်မြို့မှာရှိတဲ့ တူရကီစားသောက်ဆိုင်ဖြစ်တဲ့ Likya ကိုလည်း အမြဲလိုလိုသွားရောက်လေ့ရှိတယ်လို့ သိရပါတယ်။ အိုဇေးလ်ဟာ ဂျာမနီနိုင်ငံက ထုတ်လုပ်တဲ့ မာစီးဒီး အမှတ်တံဆိပ်ကားတွေကိုလည်း နှစ်ခြိုက်သူတစ်ဦး ဖြစ် တယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zawgyi version

လန္ဒန္ၿမိဳ႕ကို ခ်စ္တဲ့သူတစ္ဦးဆိုတာကို သူရဲ႕လူေနမႈအေျခအေနေတြနဲ႔ ျပသခဲ့တဲ့ အာဆင္နယ္အသင္းရဲ႕ အပယ္ခံ အိုေဇးလ္
ကမ႓ာ့အေကာင္းဆံုးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံထားရတဲ့ အိုေဇးလ္ဟာ နည္းျပအာတီ တာနဲ႔ အဆင္မေျပမႈေတြေၾကာင့္ ဒီႏွစ္မွာ ယွဥ္ၿပိဳင္မယ့္ ပရီးမီးယားလိဂ္နဲ႔ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ လူစာရင္းေတြမွာ ထည့္သြင္းခံ ခဲ့ရျခင္းမရွိတာပဲ ျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ေတာ့တဲ့ အိုေဇးလ္ဟာ အသင္းမွာ တစ္ပတ္လုပ္ခေပါင္ သံုးသိန္းခြဲရေနတဲ့ ကစားသမားျဖစ္ၿပီး လန္ဒန္ၿမိဳ႕ကို ခ်စ္တဲ့သူတစ္ဦးဆိုတာကို သူရဲ႕ လူေနမႈပံုစံေတြနဲ႔ သက္ေသျပခဲ့ တယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ အိုေဇးလ္ဟာ ၂၀၁၃ ခုႏွစ္ကတည္းက အာဆင္နယ္ကို ေရာက္ရွိေနခဲ့သူျဖစ္ၿပီး နည္းျပေဟာင္း အာစင္းဝင္းဂါးလက္ထက္မွာ အသင္းအတြက္ အေရးပါတဲ့ ကြင္းလယ္ကစားသမားတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ ေနာက္ထပ္ နည္းျပတစ္ဦးျဖစ္တဲ့ အူႏိုင္းအမ္မရီရဲ႕ လက္ထက္မွာေတာ့ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ခဲ့ရၿပီး လက္ရွိနည္းျပ အာတီတာရဲ႕ လက္ထက္မွာ ကစားခြင့္ပါ ေပ်ာက္ဆံုးခဲ့ရတာျဖစ္ပါတယ္။
အိုေဇးလ္ဟာ ေျမာက္လန္ဒန္အရပ္မွာ ေပါင္ ၁၀ သန္းတန္ လွပတဲ့ေနအိမ္တစ္လံုးနဲ႔ ေနထိုင္သူျဖစ္ၿပီး ကားအေကာင္းစား ေတြကို စုေဆာင္းရတာလည္း ဝါသနာပါသူတစ္ဦးျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံသားျဖစ္ေပမယ့္ တူရကီႏြယ္ဖြားတစ္ဦးျဖစ္တဲ့ အိုေဇးလ္ဟာ လန္ဒန္ၿမိဳ႕မွာရွိတဲ့ တူရကီစားေသာက္ဆိုင္ျဖစ္တဲ့ Likya ကိုလည္း အၿမဲလိုလိုသြားေရာက္ေလ့ရွိတယ္လို႔ သိရပါတယ္။ အိုေဇးလ္ဟာ ဂ်ာမနီႏိုင္ငံက ထုတ္လုပ္တဲ့ မာစီးဒီး အမွတ္တံဆိပ္ကားေတြကိုလည္း ႏွစ္ၿခိဳက္သူတစ္ဦး ျဖစ္ တယ္လို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။