သောမတ်စ်ပါတေး နေရာမှာ အစားထိုးရန်အတွက် ဗလင်စီယာကွင်းလယ်လူ ကွန်ဒေါ့ဘီးယား ကို ခေါ်ယူလိုက်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ စပိန်လာလီဂါ ပြိုင်ဘက် ဗလင်စီယာအသင်းဆီကနေ ကွန်ဒေါ့ဘီးယားကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကစားသမားကို အက်သလက်တီကိုမက်ဒရစ်အသင်းက အသင်းကနေ အပြောင်းအရွှေ့နောက်ဆုံးရက်တုန်းက အာဆင်နယ်အသင်းဆီကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၅ သန်းနဲ့ ရောက်ရှိသွားတဲ့ သောမတ်စ်ပါတေးနေရာမှာ အစားထိုးရန် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

စပိန်လာလီဂါစည်းမျဉ်းများက စာချုပ်ဖျက်သိမ်းကြေးနဲ့ အသင်းက ကစားသမားတစ်ယောက်ကို အခြားအသင်းက ခေါ်ယူသွားပါက စပိန်မှာ ရှိတဲ့ ကစားသမားတစ်ယောက် ဒါမှမဟုတ် အလွတ်ခေါ်လို့ရတဲ့ကစားသမားတစ်ယောက်ကို အစားထိုးပြန်လည်ခေါ်ယူခွင့်ရှိပါတယ်။ Wanda Metropolitan နဲ့ (၄) နှစ်စာချုပ်မချုပ်မီ ကွန်ဒေါ့ဘီးယားဟာ အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့တာကို ပုံမှာ မြင်တွေ့ရတာဖြစ်ပါတယ်။

“အက်သလက်တီကိုမက်ဒရစ် နဲ့ ဗလင်စီယာအသင်းတို့ဟာ ကွန်ဒေါ့ဘီးယားရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရခဲ့ပါတယ်။ ကွင်းလယ်ဗဟိုကစားသမားဟာ အသင်းရဲ့ ကွင်းလယ် နဲ့ ခံစစ် ၊ တိုက်စစ် ကို အင်အားဖြစ်စေမှာပါ” လို့ အက်သလက်တီကိုမက်ဒရစ်အသင်းက အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကွင်းလယ်ခံစစ်ကစားသမားဖြစ်တဲ့ ကွန်ဒေါ့ဘီးယားဟာ ပြီးခဲ့တဲ့ရာသီက ဗလင်စီယာအသင်းအတွက် စပိန်လာလီဂါ (၂၇) ပွဲကစားပေးခဲ့သူဖြစ်ပါတယ်။ သူဟာ ပြင်သစ်ကလပ် လန်းစ်အသင်းနဲ့ ကစားသမားဘဝကို စတင်ခဲ့ပြီး နောက် ဆီဗီလာအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ မိုနာကို နဲ့ အင်တာမီလန်အသင်းတို့ဆီ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၁၇ မှာ ဗလင်စီယာအသင်းထံ အငှားနဲ့ ပြန်လည်ရောက်ရှိခဲ့ပြီး နောက်တစ်နှစ်မှာပဲ ဗလင်စီယာအသင်းက အပြီးသတ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဗလင်စီယာအသင်းအတွက် ကွန်ဒေါ့ဘီးယားဟာ စုစုပေါင်း (၁၀၄) ပွဲကစားထားပြီး (၇) ဂိုးသွင်း (၆) ဂိုးဖန်တီးပေးထားပါတယ်။

ေသာမတ္စ္ပါေတး ေနရာမွာ အစားထိုးရန္အတြက္ ဗလင္စီယာကြင္းလယ္လူ ကြန္ေဒါ့ဘီးယား ကို ေခၚယူလိုက္တဲ့ အက္သလက္တီကိုမက္ဒရစ္အသင္း

အက္သလက္တီကိုမက္ဒရစ္အသင္းဟာ စပိန္လာလီဂါ ျပိဳင္ဘက္ ဗလင္စီယာအသင္းဆီကေန ကြန္ေဒါ့ဘီးယားကို ေပါင္ ၁၈ သန္းနဲ႔ ေခၚယူလိုက္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ကစားသမားကို အက္သလက္တီကိုမက္ဒရစ္အသင္းက အသင္းကေန အေျပာင္းအေရႊ႕ေနာက္ဆံုးရက္တုန္းက အာဆင္နယ္အသင္းဆီကို စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၄၅ သန္းနဲ႔ ေရာက္ရွိသြားတဲ့ ေသာမတ္စ္ပါေတးေနရာမွာ အစားထိုးရန္ ေခၚယူခဲ့တာ ျဖစ္ပါတယ္။

စပိန္လာလီဂါစည္းမ်ဥ္းမ်ားက စာခ်ဳပ္ဖ်က္သိမး္ေၾကးနဲ႔ အသင္းက ကစားသမားတစ္ေယာက္ကို အျခားအသင္းက ေခၚယူသြားပါက စပိန္မွာ ရွိတဲ့ ကစားသမားတစ္ေယာက္ ဒါမွမဟုတ္ အလြတ္ေခၚလို႔ရတဲ့ကစားသမားတစ္ေယာက္ကို အစားထိုးျပန္လည္ေခၚယူခြင့္ရွိပါတယ္။ Wanda Metropolitan နဲ႔ (၄) ႏွစ္စာခ်ဳပ္မခ်ဳပ္မီ ကြန္ေဒါ့ဘီးယားဟာ အသင္းနဲ႔ ေဆးစစ္မႈ ေအာင္ျမင္ခဲ့တာကို ပံုမွာ ျမင္ေတြ႔ရတာျဖစ္ပါတယ္။

“အက္သလက္တီကိုမက္ဒရစ္ နဲ႔ ဗလင္စီယာအသင္းတို႔ဟာ ကြန္ေဒါ့ဘီးယားရဲ႕ အေျပာင္းအေရႊ႕အတြက္ သေဘာတူညီမႈ ရခဲ့ပါတယ္။ ကြင္းလယ္ဗဟိုကစားသမားဟာ အသင္းရဲ႕ ကြင္းလယ္ နဲ႔ ခံစစ္ ၊ တိုက္စစ္ ကို အင္အားျဖစ္ေစမွာပါ” လို႔ အက္သလက္တီကိုမက္ဒရစ္အသင္းက အဂၤါေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ကြင္းလယ္ခံစစ္ကစားသမားျဖစ္တဲ့ ကြန္ေဒါ့ဘီးယားဟာ ျပီးခဲ့တဲ့ရာသီက ဗလင္စီယာအသင္းအတြက္ စပိန္လာလီဂါ (၂၇) ပြဲကစားေပးခဲ့သူျဖစ္ပါတယ္။  သူဟာ ျပင္သစ္ကလပ္ လန္းစ္အသင္းနဲ႔ ကစားသမားဘ၀ကို စတင္ခဲ့ျပီး ေနာက္ ဆီဗီလာအသင္းဆီ ေျပာင္းေရႊ႕ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ မိုနာကို နဲ႔ အင္တာမီလန္အသင္းတို႔ဆီ ေျပာင္းေရႊ႕ကစားခဲ့ျပီး ၂၀၁၇ မွာ ဗလင္စီယာအသင္းထံ အငွားနဲ႔ ျပန္လည္ေရာက္ရွိခဲ့ျပီး ေနာက္တစ္ႏွစ္မွာပဲ ဗလင္စီယာအသင္းက အျပီးသတ္ေခၚယူခဲ့တာျဖစ္ပါတယ္။ ဗလင္စီယာအသင္းအတြက္ ကြန္ေဒါ့ဘီးယားဟာ စုုစုေပါင္း (၁၀၄) ပြဲကစားထားျပီး (၇) ဂိုးသြင္း (၆) ဂိုးဖန္တီးေပးထားပါတယ္။