ပီအက်စ်ဂျီက သီယာဂိုကို မရလို့ အကိုဖြစ်တဲ့ ရာဖင်ဟာ ကို ခေါ်ခဲ့တာလို့ ထုတ်ဖော်ပြောကြားလာတဲ့ ဖခင်ဖြစ်သူ

သီယာဂိုရဲ့ ဖခင်ဖြစ်သူက နွေရာသီအပြောင်းအရွှေ့တုန်းကလည်း ပီအက်စ်ဂျီအသင်းက သူ့သားဖြစ်သူကို ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ အကိုဖြစ်တဲ့ ရာဖင်ဟာကိုပဲ ခေါ်ယူခဲ့တာလို့ ပြောသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာမယ်လို့ ပြောကြားခဲ့ပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့တုန်းက ထိပ်သီးအသင်းတွေပစ်မှတ်ထားခဲ့တဲ့ သီယာဂို ဟာ ပေါင် ၂၅ သန်းနဲ့ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

သီယာဂို ကို ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူရန် ကြိုးစားခဲ့ပေမယ့် အရမ်းကို နောက်ကျသွားခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟောင်းဖြစ်တဲ့ စပိန်ကွင်းလယ်ဖန်တီးရှင်ရဲ့ ဖခင်ဖြစ်သူ Mazinho က သီယာဂို ရဲ့ အပြောင်းအရွှေ့နဲ့ ပက်သက်ပြီး ပီအက်စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒို နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“တစ်ချိန်က လီယိုနာဒို နဲ့ ကျွန်တော် သီယာဂိုအတွက် စကားပြောဖြစ်ခဲ့ပါတယ်။ လီယိုနာဒိုက သူ့ကို ပီအက်စ်ဂျီအသင်းဆီ ခေါ်ချင်ခဲ့တာပါ။ ဒါပေမယ့် သီယာဂိုက လီဗာပူးလ် နဲ့ သဘောတူပြီးပါပြီ။ အဲ့ဒီနောက ်ကျွန်တော်တို့ ရာဖင်ဟာ အကြောင်းပြောဖြစ်ခဲ့ပါတယ်” လို့ Mazinho က ပြောသွားခဲ့ပါတယ်။

ပီအက္စ္ဂ်ီက သီယာဂိုကို မရလို႔ အကိုျဖစ္တဲ့ ရာဖင္ဟာ ကို ေခၚခဲ့တာလို႔ ထုတ္ေဖာ္ေျပာၾကားလာတဲ့ ဖခင္ျဖစ္သူ

သီယာဂိုရဲ႕ ဖခင္ျဖစ္သူက ေႏြရာသီအေျပာင္းအေရႊ႕တုန္းကလည္း ပီအက္စ္ဂ်ီအသင္းက သူ႔သားျဖစ္သူကို ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့လို႔ အကိုျဖစ္တဲ့ ရာဖင္ဟာကိုပဲ ေခၚယူခဲ့တာလို႔ ေျပာသြားခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာမယ္လို႔ ေျပာၾကားခဲ့ျပီးေနာက္ ဒီေႏြရာသီအေျပာင္းအေရႊ႕တုန္းက ထိပ္သီးအသင္းေတြပစ္မွတ္ထားခဲ့တဲ့ သီယာဂို ဟာ ေပါင္ ၂၅ သန္းနဲ႔ လီဗာပူးလ္အသင္းဆီ ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

သီယာဂို ကို ပီအက္စ္ဂ်ီအသင္းကလည္း ေခၚယူရန္ ၾကိဳးစားခဲ့ေပမယ့္ အရမ္းကို ေနာက္က်သြားခဲ့ပါတယ္။ ဘရာဇီးလက္ေရြးစင္ကစားသမားေဟာင္းျဖစ္တဲ့ စပိန္ကြင္းလယ္ဖန္တီးရွင္ရဲ႕ ဖခင္ျဖစ္သူ Mazinho က သီယာဂို ရဲ႕ အေျပာင္းအေရႊ႕နဲ႔ ပက္သက္ျပီး ပီအက္စ္ဂ်ီအသင္းရဲ႕ အားကစားဒါရိုက္တာ လီယိုနာဒို နဲ႔ ေဆြးေႏြးခဲ့တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“တစ္ခ်ိန္က လီယိုနာဒို နဲ႔ ကၽြန္ေတာ္ သီယာဂိုအတြက္ စကားေျပာျဖစ္ခဲ့ပါတယ္။ လီယိုနာဒိုက သူ႔ကို ပီအက္စ္ဂ်ီအသင္းဆီ ေခၚခ်င္ခဲ့တာပါ။ ဒါေပမယ့္ သီယာဂိုက လီဗာပူးလ္ နဲ႔ သေဘာတူျပီးပါျပီ။ အဲ့ဒီေနာက ္ကၽြန္ေတာ္တို႔ ရာဖင္ဟာ အေၾကာင္းေျပာျဖစ္ခဲ့ပါတယ္” လို႔ Mazinho က ေျပာသြားခဲ့ပါတယ္။