ယူနိုက်တက်ကို ပယ်ချပြီး ဒေါ့မွန်ကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတာကို ထုတ်ဖော်ပြောကြားလာတဲ့ ဘယ်လင်ဂမ်
ဘယ်လင်ဂမ်က ယူနိုက်တက် နဲ့ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကမ်းလှမ်းတာကို ပယ်ချပြီး ဒေါ့မွန်အသင်းဆီကို ဘာကြောင့် ပြောင်းရွှေ့ခဲ့ရတာလဲဆိုတာကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ်ကစားသမားဟာ ဘာမင်ဂမ်စီးတီးအသင်းမှာ အသက် ၁၆ နှစ်အရွယ်ကတည်းက ခြေစွမ်းပြကစားနေတာဖြစ်လို့ အသင်းကြီးတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဖာဂူဆန်ဦးဆောင်ပြီး ဘယ်လင်ဂမ် ကို သူ့မိဘတွေနဲ့အတူ လေ့ကျင့်ရေးကွင်းထံ ဖိတ်ခေါ်ခဲ့ပေမယ့် ကစားသမားက ဒေါ့မွန်အသင်းကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။
“ယူနိုက်တက်မှာ ကြီးကျယ်တဲ့ လူစာရင်းရှိပါတယ်။ ပြီးတော့ကျွန်တော့်ဆုံးဖြတ်ချက်က ယူနိုက်တက်နဲ့ ဘာမှ မဖြတ်သန်းချင်ပါဘူး။ ကျွန်တော်ဟာ ဒေ့ါမွန်အသင်းအတွက်ပဲ အာရုံစိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ကစားချင်ခဲ့တာပါ။ ဒေါ့မွန်က ကျွန်တော့်အတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ” လို့ ဘယ်လင်ဂမ်က ပြောသွားခဲ့တာဖြစ်ပါတယ်။