ဟာလန်းကို လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ကစားစေချင်နေတဲ့ ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာ

ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာ Christoph Freund က ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအနေနဲ့ တစ်နေ့မှာ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ကစားမယ်လို့ မျှော်လင့်နေကြောင်း ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဆဲလ်ဘတ်အသင်းကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ နော်ဝေးလက်ရွေးစင်ကစားသမားဟာ ဒေါ့မွန်အသင်းအတွက် (၂၇) ပွဲ ကစားပြီးချိန်မှာ (၂၄) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

ဟာလန်းရဲ့ စွမ်းဆောင်ရည်တွေကြောင့် နောက်နွေရာသီမှာ သူ့ကို ရီးရဲလ်မက်ဒရစ်အသင်းအပါအဝင် ဥရောပရှိထိပ်သီးအသင်းတော်တော်များများကလည်း ပစ်မှတ်ထားနေပါတယ်။ သို့သော်လည်း ဆဲလ်ဘတ်အသင်းရဲ့ အားကစားဒါရိုက်တာ Freund က အသက် ၂၀ အရွယ်ကစားသမားကို လီဗာပူးလ်အသင်းဆီ ရောက်စေချင်နေတာဖြစ်ပါတယ်။

“သူ့ကို လီဗာပူးလ်အသင်းဆီ သွားကစားစေချင်ပါတယ်။ သူ့ရဲ့ စိတ်ဓာတ် နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်တွေကြောင့် သူဟာ ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆိုကစားနိုင်ပါတယ်။ နောက်ဆယ်နှစ်အတွင်း ဥရောပဘောလုံးလောကမှာ သူ့နံမည်က မှတ်ကျောက်တင်နေမှာပါ” လို့ Freund ကပြောသွားခဲ့ပါတယ်။

ဟာလန်းရဲ့ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရန် (၄) နှစ်ကျန်ရှိနေသေးသော်လည်း သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၆၇.၅ သန်းသာ ရှိထားလို့ ၂၀၂၂ ဇန်နဝါရီအပြောင်းအရွှေ့မှာ သူ့ကို အသင်းကြီးတွေအနေနဲ့ ခေါ်ယူသွားနိုင်ဖွယ်ရှိနေပါတယ်။

ဟာလန္းကို လီဗာပူးလ္အသင္းဆီ ေျပာင္းေရႊ႕ကစားေစခ်င္ေနတဲ့ ဆဲလ္ဘတ္အသင္းရဲ႕ အားကစားဒါရိုက္တာ

ဆဲလ္ဘတ္အသင္းရဲ႕ အားကစားဒါရိုက္တာ Christoph Freund က ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္းအေနနဲ႔ တစ္ေန႔မွာ လီဗာပူးလ္အသင္းဆီ ေျပာင္းေရႊ႕ကစားမယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္း ေျပာသြားခဲ့ပါတယ္။ ျပီးခဲ့တဲ့ ဇန္န၀ါရီအေျပာင္းအေရႊ႕တုန္းက ဆဲလ္ဘတ္အသင္းကေန ေဒါ့မြန္အသင္းဆီ ေျပာင္းေရႊ႕ခဲ့တဲ့ ေနာ္ေ၀းလက္ေရြးစင္ကစားသမားဟာ ေဒါ့မြန္အသင္းအတြက္ (၂၇) ပြဲ ကစားျပီးခ်ိန္မွာ (၂၄) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။

ဟာလန္းရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္ ေနာက္ေႏြရာသီမွာ သူ႔ကို ရီးရဲလ္မက္ဒရစ္အသင္းအပါအ၀င္ ဥေရာပရွိထိပ္သီးအသင္းေတာ္ေတာ္မ်ားမ်ားကလည္း ပစ္မွတ္ထားေနပါတယ္။ သို႔ေသာ္လည္း ဆဲလ္ဘတ္အသင္းရဲ႕ အားကစားဒါရိုက္တာ Freund က အသက္ ၂၀ အရြယ္ကစားသမားကို လီဗာပူးလ္အသင္းဆီ ေရာက္ေစခ်င္ေနတာျဖစ္ပါတယ္။

“သူ႔ကို လီဗာပူးလ္အသင္းဆီ သြားကစားေစခ်င္ပါတယ္။ သူ႔ရဲ႕ စိတ္ဓာတ္ နဲ႔ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္ေတြေၾကာင့္ သူဟာ ကမာၻေပၚက ဘယ္အသင္းမွာမဆိုကစားႏိုင္ပါတယ္။ ေနာက္ဆယ္ႏွစ္အတြင္း ဥေရာပေဘာလံုးေလာကမွာ သူ႔နံမည္က မွတ္ေက်ာက္တင္ေနမွာပါ” လို႔ Freund ကေျပာသြားခဲ့ပါတယ္။

ဟာလန္းရဲ႕ ေဒါ့မြန္အသင္းနဲ႔ စာခ်ဳပ္သက္တမး္က ကုန္ဆံုးရန္ (၄) ႏွစ္က်န္ရွိေနေသးေသာ္လည္း သူ႔ရဲ႕ စာခ်ဳပ္ဖ်က္သိမး္ေၾကးက ေပါင္ ၆၇.၅ သန္းသာ ရွိထားလို႔ ၂၀၂၂ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ သူ႔ကို အသင္းၾကီးေတြအေနနဲ႔ ေခၚယူသြားႏိုင္ဖြယ္ရွိေနပါတယ္။