နည်းပြလောကကို ပြန်သွားရန် အမြဲတမ်းအဆင်သင့်ဖြစ်နေတယ်လို့ ဆိုလိုက်တဲ့ စပါးနည်းပြဟောင်း ပိုချက်တီနို

စပါးအသင်းက ထွက်ခွာသွားတာ တစ်နှစ်ကြာပြီဖြစ်တဲ့ နည်းပြဟောင်း ပိုချက်တီက နည်းပြလောကကို ပြန်သွားရန် အကြာကြီးစောင့်နေပြီးပြီလို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ စပါးအသင်းက ထွက်ခွာပြီးနောက်ပိုင်း သူ့ကို ရီးရဲလ်မက်ဒရစ်အသင်း အပါအဝင် ဥရောပက ထိပ်သီးအသင်းတော်တော်များများက ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိုချက်တီနိုက မကြာခင်မှာပဲ နည်းပြလောကကိုပြန်ဝင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

“ကျွန်တော်ပွဲတွေအတွင်းကို ပြန်သွားဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေပါတယ်။ မကြာခင်မှာ ပြန်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပွဲတွေက ခက်ခဲပေမယ့် ကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော်တို့က အဲ့ဒါတွေရဲ့ အတွင်းထဲမှာ အလုပ်လုပ်နေကြသူတွေပါ” လို့ ပိုချက်တီနိုက စကိုင်းစပေါ့ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

မနှစ်က ရလဒ်တွေ ဆိုးရွားနေတာတွေကြောင့် စပါးအသင်းဥက္ကဌ လီဗိုင်းက ပိုချက်တီနိုနဲ့ သူ့နည်းပြအဖွဲ့ဝင်တွေကို ထုတ်ပယ်ခဲ့တာပါ။ပိုချက်တီနိုဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်ကို ရှုံးခဲ့တဲ့နောက်ဆက်တွဲအဖြစ် ပရီးမီးယားလိဂ်မှာပါ ရလဒ်တွေ ဆိုးရွားခဲ့ပြီး မော်ရင်ဟိုနဲ့ အစားထိုးခံခဲ့ရတာဖြစ်ပါတယ်။

နည္းျပေလာကကို ျပန္သြားရန္ အျမဲတမ္းအဆင္သင့္ျဖစ္ေနတယ္လို႔ ဆိုလိုက္တဲ့ စပါးနည္းျပေဟာင္း ပိုခ်က္တီႏို

စပါးအသင္းက ထြက္ခြာသြားတာ တစ္ႏွစ္ၾကာျပီျဖစ္တဲ့ နည္းျပေဟာင္း ပိုခ်က္တီက နည္းျပေလာကကို ျပန္သြားရန္ အၾကာၾကီးေစာင့္ေနျပီးျပီလို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ စပါးအသင္းက ထြက္ခြာျပီးေနာက္ပိုင္း သူ႔ကို ရီးရဲလ္မက္ဒရစ္အသင္း အပါအ၀င္ ဥေရာပက ထိပ္သီးအသင္းေတာ္ေတာ္မ်ားမ်ားက ဆက္သြယ္ခဲ့တာ ျဖစ္ပါတယ္။ အသက္ ၄၈ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ပိုခ်က္တီႏိုက မၾကာခင္မွာပဲ နည္းျပေလာကကိုျပန္၀င္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

“ကၽြန္ေတာ္ပြဲေတြအတြင္းကို ျပန္သြားဖို႔ အျမဲတမ္း အဆင္သင့္ျဖစ္ေနပါတယ္။ မၾကာခင္မွာ ျပန္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ပြဲေတြက ခက္ခဲေပမယ့္ ကၽြန္ေတာ္ႏွစ္သက္ပါတယ္။ ကၽြန္ေတာ္တို႔က အဲ့ဒါေတြရဲ႕ အတြင္းထဲမွာ အလုပ္လုပ္ေနၾကသူေတြပါ” လို႔ ပိုခ်က္တီႏိုက စကိုင္းစေပါ့ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

မႏွစ္က ရလဒ္ေတြ ဆိုးရြားေနတာေတြေၾကာင့္ စပါးအသင္းဥကၠဌ လီဗိုင္းက ပိုခ်က္တီႏိုနဲ႔ သူ႔နည္းျပအဖြဲ႕၀င္ေတြကို ထုတ္ပယ္ခဲ့တာပါ။ပိုခ်က္တီႏိုဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ လီဗာပူးလ္ကို ရႈံးခဲ့တဲ့ေနာက္ဆက္တြဲအျဖစ္ ပရီးမီးယားလိဂ္မွာပါ ရလဒ္ေတြ ဆိုးရြားခဲ့ျပီး ေမာ္ရင္ဟိုနဲ႔ အစားထိုးခံခဲ့ရတာျဖစ္ပါတယ္။