အတ္တလန္တာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမတိုင်မီ လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးကို ပြန်လာနိုင်ပြီဖြစ်တဲ့ ကီတာ နဲ့ မာတစ်ပ်

လီဗာပူးလ်အသင်းရဲ့ ကစားသမား (၂) ယောက်ဖြစ်တဲ့ ကီတာ နဲ့ မာတစ်ပ် တို့ဟာ အင်္ဂါနေ့ညက အတ္တလန္တာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမတိုင်မီ အသင်းရဲ့ လေ့ကျင့်ရေးဆီ ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့လက မာဆေးလ်ဆိုဒ်ဒါဘီပွဲမှာ ဒဏ်ရာ ရခဲ့တဲ့ ဗဟိုနောက်ခံလူ မာတစ်ပ်ဟာ လီဗာပူးလ်အသင်းအတွက် တစ်ပွဲသာပွဲထွက်ကစားထားပါတယ်။

ကီတာကတော့ အက်စတွန်ဗီလာအသင်းကို (၇-၂) နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ (၂) ယောက်စလုံးဟာ အတ္တလန္တာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲအတွက် အီတလီကို သွားမယ့် လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ခြေကျင်းဝတ်ဒဏ်ရာကနေ သက်သာလာတဲ့ သီယာဂိုကတော့ မပါဝင်ခဲ့ပါဘူး။

မာတစ်ပ်ပြန်လည်ကစားနိုင်မှာက ဗဟိုနောက်ခံလူအင်အား နည်းပါးနေတဲ့လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်အတွက် အင်အားတစ်ရပ်ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဝက်စ်ဟမ်းအသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူငယ်ကစားသမား နတ်ဖီးလစ်စ်ကို အသုံးပြုခဲ့ရပါတယ်။

အတၱလႏာၱအသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမတိုင္မီ လီဗာပူးလ္အသင္းရဲ႕ ေလ့က်င့္ေရးကို ျပန္လာႏိုင္ျပီျဖစ္တဲ့ ကီတာ နဲ႔ မာတစ္ပ္

လီဗာပူးလ္အသင္းရဲ႕ ကစားသမား (၂) ေယာက္ျဖစ္တဲ့ ကီတာ နဲ႔ မာတစ္ပ္ တို႔ဟာ အဂၤါေန႔ညက အတၱလႏာၱအသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲမတိုင္မီ အသင္းရဲ႕ ေလ့က်င့္ေရးဆီ ျပန္လည္ေရာက္ရွိေနျပီျဖစ္ပါတယ္။ျပီးခဲ့တဲ့လက မာေဆးလ္ဆိုဒ္ဒါဘီပြဲမွာ ဒဏ္ရာ ရခဲ့တဲ့ ဗဟိုေနာက္ခံလူ မာတစ္ပ္ဟာ လီဗာပူးလ္အသင္းအတြက္ တစ္ပြဲသာပြဲထြက္ကစားထားပါတယ္။

ကီတာကေတာ့ အက္စတြန္ဗီလာအသင္းကို (၇-၂) နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။ သူတို႔ (၂) ေယာက္စလံုးဟာ အတၱလႏာၱအသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲအတြက္ အီတလီကို သြားမယ့္ လူစာရင္းမွာ ပါ၀င္ခဲ့ေပမယ့္ ေျခက်င္း၀တ္ဒဏ္ရာကေန သက္သာလာတဲ့ သီယာဂိုကေတာ့ မပါ၀င္ခဲ့ပါဘူး။

မာတစ္ပ္ျပန္လည္ကစားႏိုင္မွာက ဗဟိုေနာက္ခံလူအင္အား နည္းပါးေနတဲ့လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္အတြက္ အင္အားတစ္ရပ္ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းဟာ ျပီးခဲ့တဲ့ စေနေန႔က ၀က္စ္ဟမ္းအသင္းကို (၂-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ လူငယ္ကစားသမား နတ္ဖီးလစ္စ္ကို အသံုးျပဳခဲ့ရပါတယ္။