ဒဏ်ရာက သက်သာလာလို့ မန်စီးတီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်လာပြီဖြစ်တဲ့ ဂါဘရီရယ်လ်ဂျေးဆု

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီရယ်လ်ဂျေးဆုဟာ နောက်တစ်ပတ်ကစားမယ့် အိုလံပီယာကော့စ် နဲ့ လီဗာပူးလ်အသင်းတို့နဲ့ ပွဲမတိုင်မီ လေ့ကျင့်ရေးကွင်းဆီ ပြန်ရောက်လာပြီဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟာ မန်စီးတီးအသင်း စက်တင်ဘာလ ၂၁ ရက်နေ့က ဝုလ်ဗ်အသင်းကို (၃-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲပြီးကတည်းက ပါဝင်ကစားနိုင်ခြင်းမရှိခဲ့သူပါ။

အသက် ၂၃ နှစ်အရွယ်ကစားသမားရဲ့ ပေါင်ဒဏ်ရာက အသင်းရဲ့ ပွဲ (၉) ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဂျေးဆုက အစောပိုင်းတုန်းက အင်စတာဂရမ်မှာ သီးသန်းလေ့ကျင့်ရေးလုပ်နေပြီး မကြာခင် ကွင်းထဲကို ပြန်လာနိုင်မယ်ဆိုတာက အသိပေးခဲ့ပါတယ်။

တိုက်စစ်ကစားသမားဟာ ဒီတစ်ပတ်ကစားမယ့် အိုလံပီယာကော့စ် နဲ့ ချန်ပီယံလိဂ်ပွဲကိုတော့ ကြံ့ခိုင်မှုကြောင့် ပါဝင်လာနိုင်ဖွယ်မရှိပေမယ့် နောက်တစ်ပတ် တနင်္ဂနွေနေ့ လီဗာပူးလ်အသင်းနဲ့ ပွဲမှာတော့ ပါဝင်ကစားဖွယ်ရှိနေပါတယ်။

ဒဏ္ရာက သက္သာလာလို႔ မန္စီးတီးအသင္းရဲ႕ ေလ့က်င့္ေရးကြင္းဆီ ျပန္ေရာက္လာျပီျဖစ္တဲ့ ဂါဘရီရယ္လ္ေဂ်းဆု

မန္စီးတီးအသင္းရဲ႕ တုိက္စစ္မွဴး ဂါဘရီရယ္လ္ေဂ်းဆုဟာ ေနာက္တစ္ပတ္ကစားမယ့္ အိုလံပီယာေကာ့စ္ နဲ႔ လီဗာပူးလ္အသင္းတို႔နဲ႔ ပြဲမတိုင္မီ ေလ့က်င့္ေရးကြင္းဆီ ျပန္ေရာက္လာျပီျဖစ္ပါတယ္။ ဘရာဇီးလက္ေရြးစင္တိုက္စစ္မွဴးဟာ မန္စီးတီးအသင္း စက္တင္ဘာလ ၂၁ ရက္ေန႔က ၀ုလ္ဗ္အသင္းကို (၃-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲျပီးကတည္းက ပါ၀င္ကစားႏိုင္ျခင္းမရွိခဲ့သူပါ။

အသက္ ၂၃ ႏွစ္အရြယ္ကစားသမားရဲ႕ ေပါင္ဒဏ္ရာက အသင္းရဲ႕ ပြဲ (၉) ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း ေဂ်းဆုက အေစာပိုင္းတုန္းက အင္စတာဂရမ္မွာ သီးသန္းေလ့က်င့္ေရးလုပ္ေနျပီး မၾကာခင္ ကြင္းထဲကို ျပန္လာႏိုင္မယ္ဆိုတာက အသိေပးခဲ့ပါတယ္။

တိုက္စစ္ကစားသမားဟာ ဒီတစ္ပတ္ကစားမယ့္ အိုလံပီယာေကာ့စ္ နဲ႔ ခ်န္ပီယံလိဂ္ပြဲကိုေတာ့ ၾကံ့ခိုင္မႈေၾကာင့္ ပါ၀င္လာႏိုင္ဖြယ္မရွိေပမယ့္ ေနာက္တစ္ပတ္ တနဂၤေႏြေန႔ လီဗာပူးလ္အသင္းနဲ႔ ပြဲမွာေတာ့ ပါ၀င္ကစားဖြယ္ရွိေနပါတယ္။