ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကို ကို ခေါ်မယ်ဆိုတဲ့ ကောလဟာလ သတင်းတွေကို ငြင်းဆန်ခဲ့တဲ့ အဲဗာတန်နည်းပြ အန်စလော့တီ

အဲဗာတန်နည်းပြ အန်စလော့တီဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကို ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂွတ်ဆင်ပတ်ခ်ကွင်းဆီကို ခေါ်မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ ဒီတစ်ပတ်အစောပိုင်းကပဲ စပိန်ကွင်းလယ်ဖန်တီးရှင်ဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဟောင်း ဂျိမ်းရိုဒရီဂွတ်ဇ်ရှိတဲ့ အဲဗာတန်အသင်းကို ပြောင်းတော့မယ်လို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဒီရာသီစပိန်လာလီဂါမှာ ပွဲကစားချိန် (၁၇၈) မိနစ်ပဲ ကစားခွင့်ရထားပါတယ်။ သို့သော်လည်း တနင်္ဂနွေနေ့က နယူးကာဆယ်အသင်းကို ရှုံးခဲ့တဲ့ အဲဗာတန်အသင်းက အပြောင်းအရွှေ့ ကိစ္စကို စိတ်ထဲမှာ သိပ်မရှိပါဘူး။

အီတလီလူမျိုးနည်းကြီးက The Mirror သတင်းဌာနကို “အစ္စကို က အရမ်းကို ထူးခြားတဲ့ ကစားသမားဖြစ်ပြီး သူနဲ့ အမှတ်တရတွေလည်း ကျွန်တော့်မှာ ရှိပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော့် ဒီအသင်းကိုပဲ အာရုံစိုက်နေပါတယ်။ ဒီတစ်ပတ်အသင်းရဲ့ ကစားမယ့်ပွဲ နဲ့ ဘယ်ကစားသမားတွေက နောက်လာမယ့် ယူနိုက်တက်နဲ့ ပွဲမှာ ပြန်လည်ကစားနိုင်မလဲဆိုတာကိုပဲ ကျွန်တော် အာရုံစိုက်နေပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ အန်စလော့တီဟာ ၂၀၁၃ ခုနှစ်က အစ္စကို ကို ရီးရဲလ်မက်ဒရစ်အသင်းဆီ ခေါ်ယူခဲ့သူပါ။

ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အစၥကို ကို ေခၚမယ္ဆိုတဲ့ ေကာလဟာလ သတင္းေတြကို ျငင္းဆန္ခဲ့တဲ့ အဲဗာတန္နည္းျပ အန္စေလာ့တီ

အဲဗာတန္နည္းျပ အန္စေလာ့တီဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အစၥကို ကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ဂြတ္ဆင္ပတ္ခ္ကြင္းဆီကို ေခၚမယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္သြားခဲ့ပါတယ္။ ဒီတစ္ပတ္အေစာပိုင္းကပဲ စပိန္ကြင္းလယ္ဖန္တီးရွင္ဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူေဟာင္း ဂ်ိမ္းရိုဒရီဂြတ္ဇ္ရွိတဲ့ အဲဗာတန္အသင္းကို ေျပာင္းေတာ့မယ္လို႔ သတင္းထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီစပိန္လာလီဂါမွာ ပြဲကစားခ်ိန္ (၁၇၈) မိနစ္ပဲ ကစားခြင့္ရထားပါတယ္။ သို႔ေသာ္လည္း တနဂၤေႏြေန႔က နယူးကာဆယ္အသင္းကို ရႈံးခဲ့တဲ့ အဲဗာတန္အသင္းက အေျပာင္းအေရႊ႕ ကိစၥကို စိတ္ထဲမွာ သိပ္မရွိပါဘူး။

အီတလီလူမ်ိဳးနည္းၾကီးက The Mirror သတင္းဌာနကို “အစၥကို က အရမ္းကို ထူးျခားတဲ့ ကစားသမားျဖစ္ျပီး သူနဲ႔ အမွတ္တရေတြလည္း ကၽြန္ေတာ့္မွာ ရွိပါတယ္။ ဒါေပမယ့္ အခုေတာ့ ကၽြန္ေတာ့္ ဒီအသင္းကိုပဲ အာရံုစိုက္ေနပါတယ္။ ဒီတစ္ပတ္အသင္းရဲ႕ ကစားမယ့္ပြဲ နဲ႔ ဘယ္ကစားသမားေတြက ေနာက္လာမယ့္ ယူႏိုက္တက္နဲ႔ ပြဲမွာ ျပန္လည္ကစားႏိုင္မလဲဆိုတာကိုပဲ ကၽြန္ေတာ္ အာရံုစိုက္ေနပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ အန္စေလာ့တီဟာ ၂၀၁၃ ခုႏွစ္က အစၥကို ကို ရီးရဲလ္မက္ဒရစ္အသင္းဆီ ေခၚယူခဲ့သူပါ။