ယူနိုက်တက်ကစားသမားတွေက နည်းပြဆိုးလ်ရှားကို အသင်းက ထုတ်ပယ်အောင် လုပ်နေကြတယ်လို့ ဆိုလိုက်တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက လက်ရှိယူနိုက်တက်အသင်းက ကစားသမားတွေက နည်းပြဆိုးလ်ရှားကို အသင်းက ထုတ်ပယ်ချင်အောင် လုပ်နေကြတယ်လို့ ပြောသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဗုဒ္ဓဟူးနေ့ညက ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲမှာ လိုက်ပ်ဇစ်ကို (၅-ဝ) နဲ့ အနိုင်ရခဲ့သော်လည်း တနင်္ဂနွေနေ့က အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

အူဘာမီးယန်းရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးကြောင့် ယူနိုက်တက်ရှုံးပွဲခဲ့ရပေမယ့် အာဆင်နယ်အသင်းကပဲ မိနစ် (၉၀) တစ်လျှောက်လုံးပွဲကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဖွင့် ပွဲ (၆) ပွဲကစားပြီးချိန်မှာ ယူနိုက်တက်အသင်းဟာ (၇) မှတ် ပဲ ရထားပြီး အမှတ်ပေးဇယား အဆင့် (၁၅) နေရာမှာ ရပ်တည်နေပြီး ရွိုင်းကိန်းက လက်ရှိ ယူနိုက်တက်ကစားသမားတွေက နည်းပြ ကို ရာထူးကနေ ထွက်အောင် လုပ်နေကြတယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ဒီကစားသမားတွေနဲ့ဆိုရင် အိုလီ သူ့ရာထူးကိုဆုံးရှုံးမှာပါ။ ဒါက အဲ့ဒီလို ဖြစ်ပျက်နေတာပါပဲ” လို့ ရွိုင်ကိန်းက စကိုင်းစပေါ့ သတင်းဌာနကို ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ဆိုးလ်ရှားထွက်သွားပါက ယူနိုက်တက်နည်းပြ ရာထူးအတွက် ပြီးခဲ့တဲ့နှစ်က စပါးအသင်းကနေ ထွက်ခွာခဲ့တဲ့ ပိုချက်တီနိုက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ယူႏိုက္တက္ကစားသမားေတြက နည္းျပဆိုးလ္ရွားကို အသင္းက ထုတ္ပယ္ေအာင္ လုပ္ေနၾကတယ္လို႔ ဆိုလိုက္တဲ့ ရြိဳင္ကိန္း

ရြိဳင္ကိန္းက လက္ရွိယူႏိုက္တက္အသင္းက ကစားသမားေတြက နည္းျပဆိုးလ္ရွားကို အသင္းက ထုတ္ပယ္ခ်င္ေအာင္ လုပ္ေနၾကတယ္လို႔ ေျပာသြားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ဗုဒၶဟူးေန႔ညက ခ်န္ပီယံလိဂ္ အုပ္စု ဒုတိယပြဲမွာ လိုက္ပ္ဇစ္ကို (၅-၀) နဲ႔ အႏိုင္ရခဲ့ေသာ္လည္း တနဂၤေႏြေန႔က အာဆင္နယ္အသင္းကို အိမ္ကြင္းမွာ (၁-၀) နဲ႔ ရႈံးနိမ့္ခဲ့ရတာျဖစ္ပါတယ္။

အူဘာမီးယန္းရဲ႕ တစ္လုံုးတည္းေသာ  ပင္နယ္တီသြင္းဂိုးေၾကာင့္ ယူႏိုက္တက္ရႈံးပြဲခဲ့ရေပမယ့္ အာဆင္နယ္အသင္းကပဲ မိနစ္ (၉၀) တစ္ေလွ်ာက္လံုးပြဲကို လႊမ္းမိုးႏိုင္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ အဖြင့္ ပြဲ (၆) ပြဲကစားျပီးခ်ိန္မွာ ယူႏိုက္တက္အသင္းဟာ (၇) မွတ္ ပဲ ရထားျပီး အမွတ္ေပးဇယား အဆင့္ (၁၅) ေနရာမွာ ရပ္တည္ေနျပီး ရြိဳင္းကိန္းက လက္ရွိ ယူႏိုက္တက္ကစားသမားေတြက နည္းျပ ကို ရာထူးကေန ထြက္ေအာင္ လုပ္ေနၾကတယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ဒီကစားသမားေတြနဲ႔ဆိုရင္ အိုလီ သူ႔ရာထူးကိုဆံုးရႈံးမွာပါ။ ဒါက အဲ့ဒီလို ျဖစ္ပ်က္ေနတာပါပဲ” လို႔ ရြိဳင္ကိန္းက စကိုင္းစေပါ့ သတင္းဌာနကို ပြဲအျပီးမွာ ေျပာသြားခဲ့ပါတယ္။ဆိုးလ္ရွားထြက္သြားပါက ယူႏိုက္တက္နည္းျပ ရာထူးအတြက္ ျပီးခဲ့တဲ့ႏွစ္က စပါးအသင္းကေန ထြက္ခြာခဲ့တဲ့ ပိုခ်က္တီႏိုက ေရပန္းအစားဆံုး ျဖစ္ေနပါတယ္။