အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့ချင်နေတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ အစ္စကို

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အစ္စကိုဟာ အဲဗာတန်အသင်းဆီကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၅) ပွဲကစားထားပေမယ့် (၂) ပွဲသာ ပွဲထွက်ကစားခွင့်ရထားတာဖြစ်ပြီး စနေနေ့က ဟူးစကားအသင်းနဲ့ ပွဲမှာလည်း ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့ရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တွေတုန်းကလည်း စပိန်ကစားသမားရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ သူဟာ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း တစ်ယောက်ဖြစ်တဲ့ အန်စလော့တီ လက်ရှိ ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းဆီကို ပြောင်းချင်နေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတေ့ာ ကွင်းလယ်ဖန်တီးရှင်ကစားသမားကို ဇန်နဝါရီမှာ အငှားချရန် ရည်ရွယ်နေတာဖြစ်ပြီး နောက်နွေရာသီမှာ အပြီးသတ်ရောင်းချရန် ပြင်ဆင်နေတာဖြစ်ပါတယ်။ အစ္စကိုကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း ဂျိမ်းရိုဒရီဂွတ်ဇ်ရှိတဲ့ ဂွတ်ဆင်ပတ်ခ်ကို ပြောင်းချင်နေတယ်လို့ သိရပါတယ်။ အစ္စကိုဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ၂၀၁၃ ခုနှစ်နွေရာသီတုန်းက မာလာဂါ အသင်းဆီကနေ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး (၃၁၂) ပွဲကစားကာ (၅၁) ဂိုးသွင်း (၅၄) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

အဲဗာတန္အသင္းဆီကို ေျပာင္းေရႊ႕ခ်င္ေနတဲ့ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ အစၥကို

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ တိုက္စစ္ကစားသမား အစၥကိုဟာ အဲဗာတန္အသင္းဆီကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ခ်င္ေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ (၅) ပြဲကစားထားေပမယ့္ (၂) ပြဲသာ ပြဲထြက္ကစားခြင့္ရထားတာျဖစ္ျပီး စေနေန႔က ဟူးစကားအသင္းနဲ႔ ပြဲမွာလည္း ဒုတိယပိုင္းမွ လူစား၀င္ကစားခဲ့ရသူျဖစ္ပါတယ္။

ျပီးခဲ့တဲ့အပတ္ေတြတုန္းကလည္း စပိန္ကစားသမားရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ျပီး သတင္းေတြ ထြက္ေပၚေနတာျဖစ္ျပီး The Mirror သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သူဟာ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း တစ္ေယာက္ျဖစ္တဲ့ အန္စေလာ့တီ လက္ရွိ ကိုင္တြယ္ေနတဲ့ အဲဗာတန္အသင္းဆီကို ေျပာင္းခ်င္ေနတယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကေတ့ာ ကြင္းလယ္ဖန္တီးရွင္ကစားသမားကို ဇန္န၀ါရီမွာ အငွားခ်ရန္ ရည္ရြယ္ေနတာျဖစ္ျပီး ေနာက္ေႏြရာသီမွာ အျပီးသတ္ေရာင္းခ်ရန္ ျပင္ဆင္ေနတာျဖစ္ပါတယ္။ အစၥကိုကိုယ္တိုင္ကလည္း ရီးရဲလ္မက္ဒရစ္အသင္းေဖာ္ေဟာင္း ဂ်ိမး္ရိုဒရီဂြတ္ဇ္ရွိတဲ့ ဂြတ္ဆင္ပတ္ခ္ကို ေျပာင္းခ်င္ေနတယ္လို႔ သိရပါတယ္။ အစၥကိုဟာ ရီးရဲလ္မက္ဒရစ္အသင္းဆီ ၂၀၁၃ ခုနွစ္ေႏြရာသီတုန္းက မာလာဂါ အသင္းဆီကေန ေျပာင္းေရႊ႕ခဲ့တာျဖစ္ျပီး (၃၁၂) ပြဲကစားကာ (၅၁) ဂိုးသြင္း (၅၄) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။