အဲရစ်ဂါစီယာကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ပြန်လည်ကမ်းလှမ်းမယ့် ဘာစီလိုနာအသင်း

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းရဲ့ ဗဟိုနောက်ခံလူ အဲရစ်ဂါစီယာကို ဇန်နဝါရီအပြောင်းအရွှေ့ ထပ်မံ ကမ်းလှမ်းဦးမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မန်စီးတီးအသင်းက စာချုပ်သစ်ကမ်းလှမ်းတာကို ပယ်ချခဲ့ပြီးနောက် အဲရစ်ဂါစီယာဟာ အီတီဟတ်ကွင်းမှာ ပွဲထွက်ကစားခွင့် ပျောက်ဆုံးလာတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက သူတို့ရဲ့ ကစားသမားဟောင်းကို နွေရာသီအပြောင်းအရွှေ့တုန်းက ကမ်းလှမ်းခဲ့ပေမယ့် သဘောတူညီမှု မရခဲ့လို့ လက်လွှတ်ခဲ့ရပါတယ်။ သို့သော်လည်း ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဥက္ကဌအသစ်လက်ထက်ကာတလန်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ သူ့ကို ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းကတော့ လူငယ်ကစားသမားကို ရာသီကုန်တဲ့အထိ အသင်းမှာ ဆက်ရှိစေချင်ပေမယ့် ပြောင်းရွှေ့ကြေးကြောင့် ၂၀၂၁ အစမှာပဲ လက်လွှတ်သွားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ အဲရစ်ဂါစီယာဟာ နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလို့ ရနေတဲ့အတွက် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘယ်အသင်းနဲ့ မဆို အကြိုသဘောတူညီမှုယူထားလို့ ရနေပါတယ်။

အဲရစ္ဂါစီယာကို ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ျပန္လည္ကမ္းလွမ္းမယ့္ ဘာစီလိုနာအသင္း

ဘာစီလိုနာအသင္းဟာ မန္စီးတီးအသင္းရဲ႕ ဗဟိုေနာက္ခံလူ အဲရစ္ဂါစီယာကို ဇန္န၀ါရီအေျပာင္းအေရႊ႕ ထပ္မံ ကမ္းလွမ္းဦးမယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ မန္စီးတီးအသင္းက စာခ်ဳပ္သစ္ကမ္းလွမ္းတာကို ပယ္ခ်ခဲ့ျပီးေနာက္ အဲရစ္ဂါစီယာဟာ အီတီဟတ္ကြင္းမွာ ပြဲထြက္ကစားခြင့္ ေပ်ာက္ဆံုးလာတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက သူတို႔ရဲ႕ ကစားသမားေဟာင္းကို ေႏြရာသီအေျပာင္းအေရႊ႕တုနး္က ကမ္းလွမ္းခဲ့ေပမယ့္ သေဘာတူညီမႈ မရခဲ့လို႔ လက္လႊတ္ခဲ့ရပါတယ္။ သို႔ေသာ္လည္း ESPN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဥကၠဌအသစ္လက္ထက္ကာတလန္အသင္းဟာ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ သူ႔ကို ျပန္လည္ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သိရပါတယ္။

မန္စီးတီးအသင္းကေတာ့ လူငယ္ကစားသမားကို ရာသီကုန္တဲ့အထိ အသင္းမွာ ဆက္ရွိေစခ်င္ေပမယ့္ ေျပာင္းေရႊ႕ေၾကးေၾကာင့္ ၂၀၂၁ အစမွာပဲ လက္လႊတ္သြားဖြယ္ရွိေနတာ ျဖစ္ပါတယ္။ အဲရစ္ဂါစီယာဟာ ေနာက္ရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာလို႔ ရေနတဲ့အတြက္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ဘယ္အသင္းနဲ႔ မဆို အၾကိဳသေဘာတူညီမႈယူထားလို႔ ရေနပါတယ္။