ဒါးလော့ကို အနာဂတ်အတွက် ရည်ရွယ်ထားတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ ဒါးလော့ကို အပြီးသတ်ရောင်းချသွားမှာ မဟုတ်ဘူးလို့ ငြင်းဆန်သွားခဲ့ပြီး အနာဂတ်အတွက် ရည်ရွယ်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်နောက်ခံလူဟာ ၂၀၂၀-၂၁ ဘောလုံးရာသီမှာ အိုးထရက်ဖိုဒ့်ကနေ စီးရီးအေ ကလပ် အေစီမီလန်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

သတင်းများအရ အီတလီကလပ်အသင်းက ဒါးလော့ကို အပြီးသတ်ခေါ်ယူချင်နေပေမယ့် ယူနိုက်တက်အသင်းက အငှားပဲ ချထားရန် စိတ်ဝင်စားခဲ့တာပါ။နည်းပြဆိုးလ်ရှားကလည်း ပေါ်တူဂီနောက်ခံလူဟာ နောက်နှစ်အနည်းငယ်အတွင်းမှာ တိုးတက်လာမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒါးလော့ဟာ ယခုအချိန်အထိ စီးရီးအေ မှာ ပွဲကစားခွင့်မရသေးသော်လည်း ဒီရာသီ အေစီမီလန်အသင်းရဲ့ ယူရိုပါလိဂ် (၂) ပွဲဖြစ်တဲ့ ဆဲလ်တစ် နဲ့ စပါတာပရာဂွီအသင်းနဲ့ ပွဲ (၂) ပွဲစလုံးမှာ ပါဝင်ကစားခဲ့ပြီး (၁) ဂိုးသွင်း (၁) ဂိုးဖန်တီးပေးထားပါတယ်။ ပေါ်တူဂီ အသက် ၂၁ နှစ်အောက် လက်ရွေးစင်ကစားသမားဟာ ယူနိုက်တက်အသင်းမှာ (၃၅) ပွဲကစားခဲ့သူဖြစ်ပြီး သူ့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၃ ဇွန်လအထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ဒါးေလာ့ကို အနာဂတ္အတြက္ ရည္ရြယ္ထားတဲ့ ယူႏိုက္တက္အသင္း

ယူႏိုက္တက္အသင္းဟာ ဒါးေလာ့ကို အျပီးသတ္ေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ ျငင္းဆန္သြားခဲ့ျပီး အနာဂတ္အတြက္ ရည္ရြယ္ထားတယ္လို႔ ေျပာသြားခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ေနာက္ခံလူဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီမွာ အိုးထရက္ဖိုဒ့္ကေန စီးရီးေအ ကလပ္ ေအစီမီလန္အသင္းဆီ အငွားနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။

သတင္းမ်ားအရ အီတလီကလပ္အသင္းက ဒါးေလာ့ကို အျပီးသတ္ေခၚယူခ်င္ေနေပမယ့္ ယူႏိုက္တက္အသင္းက အငွားပဲ ခ်ထားရန္ စိတ္၀င္စားခဲ့တာပါ။နည္းျပဆိုးလ္ရွားကလည္း ေပၚတူဂီေနာက္ခံလူဟာ ေနာက္ႏွစ္အနည္းငယ္အတြင္းမွာ တိုးတက္လာမယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

ဒါးေလာ့ဟာ ယခုအခ်ိန္အထိ စီးရီးေအ မွာ ပြဲကစားခြင့္မရေသးေသာ္လည္း ဒီရာသီ ေအစီမီလန္အသင္းရဲ႕ ယူရိုပါလိဂ္ (၂) ပြဲျဖစ္တဲ့ ဆဲလ္တစ္ နဲ႔ စပါတာပရာဂြီအသင္းနဲ႔ ပြဲ (၂) ပြဲစလံုးမွာ ပါ၀င္ကစားခဲ့ျပီး (၁) ဂိုးသြင္း (၁) ဂိုးဖန္တီးေပးထားပါတယ္။ ေပၚတူဂီ အသက္ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္ကစားသမားဟာ ယူႏိုက္တက္အသင္းမွာ (၃၅) ပြဲကစားခဲ့သူျဖစ္ျပီး သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၃ ဇြန္လအထိ က်န္ရွိေနေသးတာ ျဖစ္ပါတယ္။