ဗန်ဒီဘိခ်က ယူနိုက်တက်အသင်းမှာ ကြီးကြီးမားမား အောင်မြင်မှု ရမယ့် ကစားသမား တစ်ယောက်ဖြစ်လာမယ်လို့ ပြောဆိုလိုက်တဲ့ တွမ်မီနေး

ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးက အသင်းဖော် ဗန်ဒီဘိခ်က အသင်းမှာ ကြီးမားတဲ့ အောင်မြင်မှု ရမယ်လို့ အိုးထရက်ဖိုဒ့်ကို ရောက်လာတဲ့ ကစားသမားအသစ်နဲ့ ပတ်သက်ပြီး ပြောသွားခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက ်ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ ပွဲထွက်မကစားရသေးပေမယ့်လည်း ဗုဒ္ဓဟူးနေ့ညက လိုက်ပ်ဇစ်အသင်းကို (၅-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ပွဲထွက် (၁၁) ယောက်စာရင်းမှာတော့ ပါဝင်ကစားခဲ့ရသူဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်ကစားသမားဟာ တနင်္ဂနွေနေ့ အာဆင်နယ်အသင်းနဲ့ ပွဲမှာပွဲထွက် (၁၁) ယောက်အသင်းမှာ ပါဝင်လာနိုင်ပေမယ့် ဘရူနိုဖာနန်ဒက်စ်ပဲ ကျောနံပါတ် (၁၀) အခန်းကဏ္ဍမှာ ပါဝင်ကစားလာဖွယ်ရှိနေပါတယ်။ ဗန်ဒီဘိခ် ပရီးမီးယားလိဂ်ပွဲကစားချိန် နည်းပါးနေတာနဲ့ ပတ်သက်ပြီး အစောပိုင်းတုန်းက ယူနိုက်တက်အသင်းအပေါ် ဝေဖန်အပြစ်တင်မှုတွေ ကို ကစားသမားဟောင်းတွေနဲ့ ဘောလုံးဝေဖန်သူတွေက ပြောဆိုခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း မကြာသေးခင်က ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ ပွဲထွက် (၁၁) ယောက်အသင်းမှာ ပြန်လည်ပါဝင်လာတဲ့ တွမ်မီနေးကတော့ အသင်းဖော် ဗန်ဒီဘိခ်က ယူနိုက်တက်မှာ သေချာပေါက် အောင်မြင်မယ့် ကစားသမားလို့ ဝန်ခံပြောသွားခဲ့ပါတယ်။

“ဒွန်နီက ကြီးကျယ်တဲ့ ကစားသမားဖြစ်ပြီး ဘောလုံးဦးနှောက်ကောင်းသူတစ်ယောက်ပါ။ သူဟာ လေ့ကျင့်ရေးမှာလည်း အရမ်းကြိုးစားပါတယ်။ သူသေချာပေါက် ပွဲကစားခွင့်တွေပိုရလာမှာဖြစ်ပါတယ်။ သူဟာ တစ်ကယ့်ကို တော်တဲ့သူပါ။ သူဟာ ဘယ်တော့မှလည်း လေ့ကျင့်ရေးကို နောက်မကျပါဘူး။ အမြဲအချိန်မှန်ပါတယ်။ အမြဲ အကောင်းဆုံးလေ့ကျင့်ပါတယ်။ သူဟာ တစ်ကယ်ကို တော်တဲ့ကစားသမားဖြစ်တယ်” လို့ တွမ်မီနေးက ပြောသွားခဲ့တာဖြစ်ပါတယ်။

ဗန္ဒီဘိခ္က ယူႏိုက္တက္အသင္းမွာ ႀကီးႀကီးမားမား ေအာင္ျမင္မႈ ရမယ့္ ကစားသမား တစ္ေယာက္ျဖစ္လာမယ္လို႔ ေျပာဆိုလိုက္တဲ့ တြမ္မီေနး

ယူႏိုက္တက္ ကြင္းလယ္လူ တြမ္မီေနးက အသင္းေဖာ္ ဗန္ဒီဘိခ္က အသင္းမွာ  ၾကီးမားတဲ့ ေအာင္ျမင္မႈ ရမယ္လို႔ အိုးထရက္ဖုိဒ့္ကို ေရာက္လာတဲ့ ကစားသမားအသစ္နဲ႔ ပတ္သက္ျပီး ေျပာသြားခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက ္ပရီးမီးယားလိဂ္မွာ တစ္ပြဲမွ ပြဲထြက္မကစားရေသးေပမယ့္လည္း ဗုဒၶဟူးေန႔ညက လိုက္ပ္ဇစ္အသင္းကို (၅-၀) နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲထြက္ (၁၁) ေယာက္စာရင္းမွာေတာ့ ပါ၀င္ကစားခဲ့ရသူျဖစ္ပါတယ္။

နယ္သာလန္လက္ေရြးစင္ကစားသမားဟာ တနဂၤေႏြေန႔ အာဆင္နယ္အသင္းနဲ႔ ပြဲမွာပြဲထြက္ (၁၁) ေယာက္အသင္းမွာ ပါ၀င္လာႏိုင္ေပမယ့္ ဘရူႏိုဖာနန္ဒက္စ္ပဲ ေက်ာနံပါတ္ (၁၀) အခန္းက႑မွာ ပါ၀င္ကစားလာဖြယ္ရွိေနပါတယ္။ ဗန္ဒီဘိခ္ ပရီးမီးယားလိဂ္ပြဲကစားခ်ိန္ နည္းပါးေနတာနဲ႔ ပတ္သက္ျပီး အေစာပိုင္းတုန္းက ယူႏိုက္တက္အသင္းအေပၚ ေ၀ဖန္အျပစ္တင္မႈေတြ ကို ကစားသမားေဟာင္းေတြနဲ႔ ေဘာလံုးေ၀ဖန္သူေတြက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း မၾကာေသးခင္က ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားရဲ႕ ပြဲထြက္ (၁၁) ေယာက္အသင္းမွာ ျပန္လည္ပါ၀င္လာတဲ့ တြမ္မီေနးကေတာ့ အသင္းေဖာ္ ဗန္ဒီဘိခ္က ယူႏိုက္တက္မွာ ေသခ်ာေပါက္ ေအာင္ျမင္မယ့္ ကစားသမားလို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။

“ဒြန္နီက ၾကီးက်ယ္တဲ့ ကစားသမားျဖစ္ျပီး ေဘာလံုးဦးေႏွာက္ေကာင္းသူတစ္ေယာက္ပါ။ သူဟာ ေလ့က်င့္ေရးမွာလည္း အရမ္းၾကိဳးစားပါတယ္။ သူေသခ်ာေပါက္ ပြဲကစားခြင့္ေတြပိုရလာမွာျဖစ္ပါတယ္။ သူဟာ တစ္ကယ့္ကို ေတာ္တဲ့သူပါ။ သူဟာ ဘယ္ေတာ့မွလည္း ေလ့က်င့္ေရးကို ေနာက္မက်ပါဘူး။ အျမဲအခ်ိန္မွန္ပါတယ္။ အျမဲ အေကာင္းဆံုးေလ့က်င့္ပါတယ္။ သူဟာ တစ္ကယ္ကို ေတာ္တဲ့ကစားသမားျဖစ္တယ္” လို႔ တြမ္မီေနးက ေျပာသြားခဲ့တာျဖစ္ပါတယ္။