အေစီမီလန်ကွင်းလယ်ဖန်တီးရှင် ချာဟာနိုလူး ကို လစာ (၂) ဆပေးပြီး ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

 
 
ယူနိုက်တက်အသင်းဟာ အေစီမီလန်ကွင်းလယ်ဖန်တီးရှင် ချာဟာနိုလူးကို လစာ (၂) ဆ ပေးပြီး အိုးထရက်ဖိုဒ့်ဆီ ခေါ်ယူရန် ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တူရကီလက်ရွေးစင်ကစားသမားရဲ့ ဆန်စီရို နဲ့ စာချုပ်သက်တမ်းက နောက်နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး အသင်းတော်တော်များများက ချာဟာနိုလူးကို ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကလည်း ချာဟာနိုလူးကို ပရီးမီးယားလိဂ် ခေါ်ယူချင်နေပြီး အသက် ၂၆ နှစ်အရွယ်ကစားသမားကို (၅) နှစ်စာချုပ်ချုပ်နိုင်ရန် မျှော်လင့်နေတယ်လို့ သိရပါတယ်။ အေစီမီလန်အသင်းကလည်း ချာဟာနိုလူးကို လက်လျှော့သွားမှာ မဟုတ်ပဲ (၃) နှစ်စာချုပ်နဲ့ ကမ်းလှမ်းရန် ကြိုးစားနေတာဖြစ်ပါတယ်။
 
သို့သော်လည်း ယူနိုက်တက်အသင်းက ကစားသမားရဲ့ ကိုယ်စားလှယ်ကို ဆက်သွယ်ပြီး လစာ (၂) ဆပေးပြီး ကမ်းလှမ်းချင်နေတယ်လို့ သိရပါတယ်။ လေဗာကူဆင် ကစားသမားဟောင်းဟာ အေစီမီလန်အသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းတာကို ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။ ချာဟာနိုလူးဟာ ဒီရာသီမှာ အေစီမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၄) ဂိုးသွင်းပြီး (၄) ဂိုးဖန်တီးပေးထားပါတယ်။
 
 
ေအစီမီလန္ကြင္းလယ္ဖန္တီးရွင္ ခ်ာဟာႏိုလူး ကို လစာ (၂) ဆေပးၿပီး ေခၚယူခ်င္ေနတဲ့ ယူႏိုက္တက္
 
ယူႏိုက္တက္အသင္းဟာ ေအစီမီလန္ကြင္းလယ္ဖန္တီးရွင္ ခ်ာဟာႏိုလူးကို လစာ (၂) ဆ ေပးၿပီး အိုးထရက္ဖိုဒ့္ဆီ ေခၚယူရန္ ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ တူရကီလက္ေ႐ြးစင္ကစားသမားရဲ႕ ဆန္စီ႐ို နဲ႔ စာခ်ဳပ္သက္တမ္းက ေနာက္ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ၿပီး အသင္းေတာ္ေတာ္မ်ားမ်ားက ခ်ာဟာႏိုလူးကို ေခၚယူရန္ စိတ္ဝင္စားေနတာျဖစ္ပါတယ္။
 
ယူႏိုက္တက္အသင္းကလည္း ခ်ာဟာႏိုလူးကို ပရီးမီးယားလိဂ္ ေခၚယူခ်င္ေနၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ကစားသမားကို (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ႏိုင္ရန္ ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။ ေအစီမီလန္အသင္းကလည္း ခ်ာဟာႏိုလူးကို လက္ေလွ်ာ့သြားမွာ မဟုတ္ပဲ (၃) ႏွစ္စာခ်ဳပ္နဲ႔ ကမ္းလွမ္းရန္ ႀကိဳးစားေနတာျဖစ္ပါတယ္။
 
သို႔ေသာ္လည္း ယူႏိုက္တက္အသင္းက ကစားသမားရဲ႕ ကိုယ္စားလွယ္ကို ဆက္သြယ္ၿပီး လစာ (၂) ဆေပးၿပီး ကမ္းလွမ္းခ်င္ေနတယ္လို႔ သိရပါတယ္။ ေလဗာကူဆင္ ကစားသမားေဟာင္းဟာ ေအစီမီလန္အသင္းက စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းတာကို ပယ္ခ်ခဲ့တာလည္း ျဖစ္ပါတယ္။
ခ်ာဟာႏိုလူးဟာ ဒီရာသီမွာ ေအစီမီလန္အသင္းအတြက္ ၿပိဳင္ပြဲစုံ (၄) ဂိုးသြင္းၿပီး (၄) ဂိုးဖန္တီးေပးထားပါတယ္။