အေဂျက်ကြယ်ပွင့် ဂရာဗင်ဘာ့ချ်ကို ခေါ်ယူရန် ယူနိုက်တက်အသင်းလည်း စိတ်ဝင်စားလား

ယူနိုက်တက်အသင်းဟာ အေဂျက်ကြယ်ပွင့် ဂရာဗင်ဘာ့ချ်ကို ခေါ်ယူရန် ဘာစီလိုနာ နဲ့ ဂျူဗင်တပ်စ်အသင်းတို့နဲ့ အပြိုင် စိတ်ဝင်စားလာပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာ အေဂျက်အသင်းအတွက် (၆) ပွဲကစားထားပြီး (၂) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။

သို့သော်လည်း The Mirror သတင်းဌာနက ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ နယ်သာလန် အသက် ၂၁ နှစ်အောက် လက်ရွေးစင်ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။ နည်းပြဆိုးလ်ရှားဟာ ကွင်းလယ်ကစားသမားကို ခေါ်ယူရန် စောင့်ကြည့်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့ ဒါမှမဟုတ် ၂၀၂၀-၂၁ ဘောလုံးရာသီအကုန်မှာ အရခေါ်ယူမယ်လို့ သိရပါတယ်။

ဂရာဗင်ဘာ့ချ် ရဲ့ အေဂျက်အသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၃ ဇွန်လအထိ ဖြစ်ပြီး သူဟာ အေဂျက်ပထမအသင်းကြီးအတွက် ပွဲ (၂၀) ကစားထားပြီး (၄) ဂိုးသွင်း (၃) ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အေဂျက်အသင်းက ဗန်ဒီဘိခ်ကို ဒီနွေရာသီမှာလည်း ခေါ်ယူထားပါတယ်။

ေအဂ်က္ၾကယ္ပြင့္ ဂရာဗင္ဘာ့ခ်္ကို ေခၚယူရန္ ယူႏိုက္တက္အသင္းလည္း စိတ္၀င္စားလား

ယူႏိုက္တက္အသင္းဟာ ေအဂ်က္ၾကယ္ပြင့္ ဂရာဗင္ဘာ့ခ်္ကို ေခၚယူရန္ ဘာစီလိုနာ နဲ႔ ဂ်ဴဗင္တပ္စ္အသင္းတို႔နဲ႔ အျပိဳင္ စိတ္၀င္စားလာျပီလို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၁၈ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာ ေအဂ်က္အသင္းအတြက္ (၆) ပြဲကစားထားျပီး (၂) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။

သို႔ေသာ္လည္း The Mirror သတင္းဌာနက ေဖာ္ျပခ်က္အရ ယူႏိုက္တက္အသင္းဟာ နယ္သာလန္ အသက္ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္ကစားသမားကို ေခၚယူႏိုင္မယ္လို႔ ယံုၾကည္ခ်က္ရွိေနပါတယ္။ နည္းျပဆိုးလ္ရွားဟာ ကြင္းလယ္ကစားသမားကို ေခၚယူရန္ ေစာင့္ၾကည့္ေနျပီး ဇန္န၀ါရီအေျပာင္းအေရႊ႕ ဒါမွမဟုတ္ ၂၀၂၀-၂၁ ေဘာလံုးရာသီအကုန္မွာ အရေခၚယူမယ္လို႔ သိရပါတယ္။

ဂရာဗင္ဘာ့ခ်္ ရဲ႕ ေအဂ်က္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ၂၀၂၃ ဇြန္လအထိ ျဖစ္ျပီး သူဟာ ေအဂ်က္ပထမအသင္းၾကီးအတြက္ ပြဲ (၂၀) ကစားထားျပီး (၄) ဂိုးသြင္း (၃) ဂိုးဖန္တီးေပးထားသူျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ေအဂ်က္အသင္းက ဗန္ဒီဘိခ္ကို ဒီေႏြရာသီမွာလည္း ေခၚယူထားပါတယ္။