ဒေးဗစ်အလာဘာကို ခေါ်ယူတော့မယ့် လီဗာပူးလ်အသင်း
လီဗာပူလ်းအသင်းဟာ ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာကို ခေါ်ယူရန် သတ်မှတ်ထားလိုက်ပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်း မနှစ်က ဖလား (၃) လုံး ရရှိခဲ့တဲ့ အောင်မြင်မှုမှာ အဓိကကစားသမား တစ်ယောက်ဖြစ်သော်လည်း သူရဲ့ စာချုပ်သက်တမ်းက နောက်နှစ်ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်း မတိုးတော့ဘူး ဖြစ်ပါတယ်။
ဒါ့ကြောင့် အလာဘာဟာ ဇန်နဝါရီမှာ နိုင်ငံခြားကလပ်အသင်းတစ်သင်းနဲ့ အကြို သဘောတူညီမှု ရယူနိုင်မှာဖြစ်ပြီး ၂၀၂၁ အစမှာ ထွက်ခွာမယ်ဆိုရင် ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့လည်း ထွက်ခွင့်ရမယ်လို့ သိရပါတယ်။ Football Insider က အဆိုအရ လီဗာပူးလ်အသင်းဟာ အလာဘာကို ပစ်မှတ်ထားနေပြီး ဇန်နဝါရီမှာပဲ ခေါ်ယူမယ်လို့ သိရပါတယ်။
ယာဂင်ကလော့ပ်ရဲ့ လက်ရှိ နောက်တန်းဟာ ဖေဘင်ဟို နဲ့ ဗန်ဒိုက်ချ် တို့လို အဓိက ကစားသမားတွေဖြစ်တဲ့ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာဖြစ်ပါတယ်။ အလာဘာဟာ ကစားသမားဘ၀ အစောပိုင်းမှာ ဘယ်နောက်ခံလူအဖြစ် ကစားခဲ့သော်လည်း နောက်ပိုင်း ဗဟိုနောက်ခံလူအဖြစ်ကစားနေတာဖြစ်ပြီး ဒီရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် (၇) ပွဲကစားပေးထားပါတယ်။