ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရတဲ့ ယူနိုက်တက်နောက်ခံလူ အဲလက်စ်တဲလက်စ်

နွေရာသီအပြောင်းအရွှေ့မှာ အသစ်ရောက်ရှိလာတဲ့ ယူနိုက်တက်နောက်ခံလူ အဲလက်စ်တဲလက်စ်ဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရပြီလို့ နည်းပြ ဆိုးလ်ရှားက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ဘရာဇီးလက်ရွေးစင်နောက်ခံလူဟာ ပြီးခဲ့တဲ့အပတ်က ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အကြိမ် (၂၀) အင်္ဂလိပ်ချန်ပီယံအသင်းအတွက် ပထမဆုံးပွဲထွက်ကစားပေးခဲ့သူဖြစ်ပြီး မကြာသေးခင်ကမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

တဲလက်စ်ဟာ ဗုဒ္ဓဟူးနေ့ညက လိုက်ပ်ဇစ်အသင်းနဲ့ ကစားမယ့် လူစာရင်းကနေလည်း ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် (၅-ဝ) နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဆိုးလ်ရှားက ဘယ်နောက်ခံလူဟာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရတယ်လို့ ပြောသွားခဲ့ပါတယ်။

“ဟုတ်ပါတယ်၊ သူမပါလာပါဘူး ဘာကြောင့်လဲဆိုတော့ သူကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံနေရပါတယ်။ ဘာလက္ခဏာမှတော့ မပြပါဘူး။ သူအားလုံးကောင်းပါတယ်။ သူပြန်ကစားနိုင်မှာကို မစောင့်နိုင်တော့ပါဘူး” လို့ ဆိုးလ်ရှားက MUTV ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားကို ယူနိုက်တက်အသင်းက နွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး ဆက်သွယ်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်မှ ခေါ်ယူနိုင်ခဲ့တာပါ။ တဲလက်စ်ဟာ ဒီတစ်ပတ် အာဆင်နယ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာ ပြန်လည်ကစားနိုင်မယ်လို့ မျှော်လင့်နေပေမယ့် သူ့ရဲ့ အနေအထားက ဘာမှ သေသေချာချာ မသိရသေးဘူး ဖြစ်ပါတယ်။

ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရတဲ့ ယူႏိုက္တက္ေနာက္ခံလူ အဲလက္စ္တဲလက္စ္

ေႏြရာသီအေျပာင္းအေရႊ႕မွာ အသစ္ေရာက္ရွိလာတဲ့ ယူႏိုက္တက္ေနာက္ခံလူ အဲလက္စ္တဲလက္စ္ဟာ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရျပီလို႔ နည္းျပ ဆုိးလ္ရွားက ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။ဘရာဇီးလက္ေရြးစင္ေနာက္ခံလူဟာ ျပီးခဲ့တဲ့အပတ္က ပီအက္စ္ဂ်ီအသင္းကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ အၾကိမ္ (၂၀) အဂၤလိပ္ခ်န္ပီယံအသင္းအတြက္ ပထမဆံုးပြဲထြက္ကစားေပးခဲ့သူျဖစ္ျပီး မၾကာေသးခင္ကမွ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။

တဲလက္စ္ဟာ ဗုဒၶဟူးေန႔ညက လိုက္ပ္ဇစ္အသင္းနဲ႔ ကစားမယ့္ လူစာရင္းကေနလည္း ခ်န္လွပ္ျခင္းခံခဲ့ရျပီးေနာက္ (၅-၀) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအျပီးမွာ ဆိုးလ္ရွားက ဘယ္ေနာက္ခံလူဟာ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရတယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ဟုတ္ပါတယ္၊ သူမပါလာပါဘူး ဘာေၾကာင့္လဲဆိုေတာ့ သူကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံေနရပါတယ္။ ဘာလကၡဏာမွေတာ့ မျပပါဘူး။ သူအားလံုးေကာင္းပါတယ္။ သူျပန္ကစားႏိုင္မွာကို မေစာင့္ႏိုင္ေတာ့ပါဘူး” လို႔ ဆိုးလ္ရွားက MUTV ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ကစားသမားကို ယူႏိုက္တက္အသင္းက ေႏြရာသီအေျပာင္းအေရႊ႕တစ္ေလွ်ာက္လံုး ဆက္သြယ္ခဲ့တာျဖစ္ျပီး အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွ ေခၚယူႏိုင္ခဲ့တာပါ။ တဲလက္စ္ဟာ ဒီတစ္ပတ္ အာဆင္နယ္အသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲမွာ ျပန္လည္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနေပမယ့္ သူ႔ရဲ႕ အေနအထားက ဘာမွ ေသေသခ်ာခ်ာ မသိရေသးဘူး ျဖစ္ပါတယ္။