အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ထွက်ခွာချင်နေတဲ့ ယူနိုက်တက် ဂိုးသမား ရိုမဲရိုး

ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ရိုမဲရိုးက အသင်းကနေ ထွက်ခွာချင်နေလို့ အသင်းနဲ့ စာချုပ်ဖျက်သိမ်းချင်နေတယ်လို့ သိရပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ အသင်းမှာ ဒီဂီယာ ၊ဟန်ဒါဆန် နဲ့ လီဂရန့်တို့ (၃) ယောက်ကိုပဲ ဦးစားပေးရွေးချယ်ထားလို့ ရိုမဲရိုးဟာ အသင်းမှာ မျက်နှာသာလုံး၀ မပေးခံရဘူး ဖြစ်နေပါတယ်။

အာဂျင်တီးနား ဂိုးသမားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းရဲ့ ဒုတိယဦးစားပေး အဖြစ် တာဝန်ယူခဲ့ပေမယ့် ဒီရာသီမှာတော့ အသင်းရဲ့ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် လူစာရင်းတွေကနေပါ ချန်လှပ်ခြင်းခံလိုက်ရပါတယ်။အပြောင်းအရွှေ့နောက်ဆုံးရက်မှာလည်း အဲဗာတန်အသင်းကို ပြောင်းချင်ခဲ့ပေမယ့် ယူနိုက်တက်က သဘောမတူခဲ့လို့ ရိုမဲရိုးက အခု အသင်းနဲ့ စာချုပ်ဖျက်သိမ်းချင်နေပြီလို့ Daily Star က ဖော်ပြခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ အသင်းကနေ ထွက်ခွာမှသာ ပွဲကစားခွင့်ရမှာဖြစ်တယ်လို့ နားလည်ထားပါတယ်။ ရိုမဲရိုးဟာ ယူနိုက်တက်မှာ တစ်ပတ် ပေါင် ၁ သိန်းရနေပြီး ဒီနှစ်က သူ့ရဲ့ စာချုပ်နောက်ဆုံးနှစ်လည်း ဖြစ်နေပါတယ်။



