နွေရာသီအပြောင်းအရွှေ့တုန်းက တိုက်စစ်မှူးအသစ် ဝယ်ယူရန် မတတ်နိုင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဒီနွေရာသီအပြောင်းအရွှေ့မှာတုန်းက တိုက်စစ်မှူးအသစ်တစ်ယောက် မဝယ်နိုင်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အဂူရို နဲ့ ဂါဘရီရယ်ဂျေးဆု တို့အပြင် နောက်ထပ်တိုက်စစ်မှူးအသစ်တစ်ယောက်ကို လိုချင်ခဲ့ပေမယ့် အသင်းက မဝယ်နိုင်ခဲ့ဘူးလို့ ဂွါဒီယိုလာက ပြောခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ခေါ်ယူရန် နွေရာသီတုန်းက မန်စီးတီးအသင်း သတင်းထွက်ခဲ့ပါသေးတယ်။

သို့သော်လည်း မက်ဆီကို ဘာစီလိုနာအသင်းက ထွက်ခွာခွင့် မပေးခဲ့တဲ့အတွက် အပြောင်းအရွှေ့ မဖြစ်ပေါ်ခဲ့ပါဘူး။ယခုအခါ မန်စီးတီးအသင်းမှာ အဂူရို နဲ့ ဂါဘရီရယ်ဂျေးဆု တို့ (၂) ယောက်စလုံး ဒဏ်ရာကြောင့် အနားယူရမယ့်အချိန် ဂွါဒီယိုလာအနေနဲ့ အခက်တွေ့နေပြီဖြစ်ပါတယ်။

“ကျွန်တော်တို့ ဒါကို စဉ်းစားခဲ့ပါတယ်။ နောက်ထပ် တိုက်စစ်မှူး တစ်ယောက်အကြောင်း စဉ်းစားခဲ့ပေမယ့် မခေါ်နိုင်ခဲ့ပါဘူး။ အသင်းက မခေါ်ပေးချင်တာတော့မဟုတ်ပါဘူး။ သူတို့လည်း အသင်းကို တောင့်တင်းနိုင်သမျှ လုပ်ပေးချင်နေပါတယ်။ ဒါပေမယ့် အဂူရို ပြန်လာတော့ အဆင်ပြေပြီလို့ ကျွန်တော်တို့ ထင်ခဲ့ပါတယ်။ ဂါဘရီရယ်လည်း ဒဏ်ရာရမယ်လို့ မမျှော်လင့်ထားပါဘူး။ တစ်ခါတစ်လေတော့ ဖြစ်တတ်ပါတယ်။

အဂူရိုက ၁၀ ရက်ကနေ ၁၅ ရက်လောက် အနည်းဆုံးကြာနိုင်ပြီး ဒီထက် ထပ်ကြာမယ်ဆိုရင်လည်း အများဆုံး (၃) ပတ်လောက်ကနေ ၁ လပဲ ဖြစ်မှာပါ” လို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အင်္ဂါနေ့မှာ မာဆေးလ်အသင်းနဲ့ ချန်ပီယံလိဂ်ကစားရမှာဖြစ်ပြီး တိုက်စစ်မှူးမရှိပဲ ကစားရတော့မှာဖြစ်ပါတယ်။ လူငယ်ကစားသမား ဒီလပ်ကလည်း ဒီပြိုင်ပွဲမှာ ကစားခွင့်မရှိပါဘူး။

ေႏြရာသီအေျပာင္းအေရႊ႕တုန္းက တိုက္စစ္မွဴးအသစ္ ၀ယ္ယူရန္ မတတ္ႏိုင္ခဲ့ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားလိုက္တဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဒီေႏြရာသီအေျပာင္းအေရႊ႕မွာတုန္းက တိုက္စစ္မွဴးအသစ္တစ္ေယာက္ မ၀ယ္ႏိုင္ခဲ့ဘူးလို႔ ၀န္ခံေျပာၾကားခဲ့ပါတယ္။ အဂူရို နဲ႔ ဂါဘရီရယ္ေဂ်းဆု တို႔အျပင္ ေနာက္ထပ္တိုက္စစ္မွဴးအသစ္တစ္ေယာက္ကို လိုခ်င္ခဲ့ေပမယ့္ အသင္းက မ၀ယ္ႏိုင္ခဲ့ဘူးလို႔ ဂြါဒီယိုလာက ေျပာခဲ့တာ ျဖစ္ပါတယ္။ ဘာစီလိုနာ တိုက္စစ္မွဴး မက္ဆီကို ေခၚယူရန္ ေႏြရာသီတုန္းက မန္စီးတီးအသင္း သတင္းထြက္ခဲ့ပါေသးတယ္။

သို႔ေသာ္လည္း မက္ဆီကို ဘာစီလိုနာအသင္းက ထြက္ခြာခြင့္ မေပးခဲ့တဲ့အတြက္ အေျပာင္းအေရႊ႕ မျဖစ္ေပၚခဲ့ပါဘူး။ယခုအခါ မန္စီးတီးအသင္းမွာ  အဂူရို နဲ႔ ဂါဘရီရယ္ေဂ်းဆု တို႔ (၂) ေယာက္စလံုး ဒဏ္ရာေၾကာင့္ အနားယူရမယ့္အခ်ိန္ ဂြါဒီယိုလာအေနနဲ႔ အခက္ေတြ႔ေနျပီျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ဒါကို စဥ္းစားခဲ့ပါတယ္။ ေနာက္ထပ္ တိုက္စစ္မွဴး တစ္ေယာက္အေၾကာင္း စဥ္းစားခဲ့ေပမယ့္ မေခၚႏိုင္ခဲ့ပါဘူး။ အသင္းက မေခၚေပးခ်င္တာေတာ့မဟုတ္ပါဘူး။ သူတို႔လည္း အသင္းကို ေတာင့္တင္းႏိုင္သမွ် လုပ္ေပးခ်င္ေနပါတယ္။ ဒါေပမယ့္ အဂူရို ျပန္လာေတာ့ အဆင္ေျပျပီလို႔ ကၽြန္ေတာ္တို႔ ထင္ခဲ့ပါတယ္။ ဂါဘရီရယ္လည္း ဒဏ္ရာရမယ္လို႔ မေမွ်ာ္လင့္ထားပါဘူး။ တစ္ခါတစ္ေလေတာ့ ျဖစ္တတ္ပါတယ္။

အဂူရိုက ၁၀ ရက္ကေန ၁၅ ရက္ေလာက္ အနည္းဆံုးၾကာႏိုင္ျပီး ဒီထက္ ထပ္ၾကာမယ္ဆိုရင္လည္း အမ်ားဆံုး (၃) ပတ္ေလာက္ကေန ၁ လပဲ ျဖစ္မွာပါ” လို႔ ဂြါဒီယိုလာက ေျပာသြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ အဂၤါေန႔မွာ မာေဆးလ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ကစားရမွာျဖစ္ျပီး တိုက္စစ္မွဴးမရွိပဲ ကစားရေတာ့မွာျဖစ္ပါတယ္။ လူငယ္ကစားသမား ဒီလပ္ကလည္း ဒီျပိဳင္ပြဲမွာ ကစားခြင့္မရွိပါဘူး။