အာဆင်နယ်အသင်းကနေ ထွက်ခွာခွင့်တောင်းဆိုခဲ့တဲ့ ဗဟိုနောက်ခံလူ မူစတာဖီ

အာဆင်နယ်အသင်းရဲ့ နောက်ခံလူ မူစတာဖီဟာ အသင်းနဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက စာချုပ်သစ်ချုပ်ရန် ငြင်းဆန်ပြီးနောက် အသင်းကနေ ထွက်ခွာချင်တယ်လို့ တောင်းဆိုခဲ့တဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းက နောက်နှစ်မှာ ကုန်ဆုံးမှာဖြစ်တဲ့အတွက် ဇန်နဝါရီအပြောင်းအရွှေ့မှာ နိုင်ငံခြားကလပ်အသင်းတစ်သင်းနဲ့ ဆွေးနွေးလို့ရနေပြီဖြစ်ပါတယ်။

လန်ဒန်က ထွက်ပေါ်လာတဲ့ သတင်းများအရ မူစတာဖီကို အာဆင်နယ်အသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့တုန်းက စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ပြီး စာချုပ်သက်တမ်းကုန်တာနဲ့ အသင်းက ထွက်ခွာချင်ကြောင်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဗဟိုနောက်ခံလူကို ခေါ်ယူရန် စီးရီးအေ ကလပ်အသင်းတွေက စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဒူးဒဏ်ရာက ပြန်လည်သက်သာလာတဲ့ မူစတာဖီဟာ ဒီရာသီမှာ အာဆင်နယ်အသင်းအတွက် တနင်္ဂနွေနေ့က လက်စတာအသင်းကို အိမ်ကွင်းမှာ (၁-ဝ) နဲ့ ရှုံးခဲ့တဲ့ တစ်ပွဲသာ ဒုတိယပိုင်းမှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်ကစားသမားဟာ ဒူးဒဏ်ရာ မရခင်တုန်းက အာဆင်နယ်နည်းပြ အာတီတာရဲ့ ပြီးခဲ့တဲ့ရာသီက ပထမအသင်းမှာ (၁၅) ပွဲ ပွဲထွက်ကစားထားသူဖြစ်ပါတယ်။ မူစတာဖီဟာ အာဆင်နယ်အသင်းဆီကို ၂၀၁၆ ခုနှစ်တုန်းက ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် (၁၄၃) ပွဲကစားပေးထားပါတယ်။

အာဆင္နယ္အသင္းကေန ထြက္ခြာခြင့္ေတာင္းဆိုခဲ့တဲ့ ဗဟိုေနာက္ခံလူ မူစတာဖီ

အာဆင္နယ္အသင္းရဲ႕ ေနာက္ခံလူ မူစတာဖီဟာ အသင္းနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက စာခ်ဳပ္သစ္ခ်ဳပ္ရန္ ျငင္းဆန္ျပီးေနာက္ အသင္းကေန ထြက္ခြာခ်င္တယ္လို႔ ေတာင္းဆိုခဲ့တဲ့ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၈ ႏွစ္အရြယ္ကစားသမားရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက ေနာက္ႏွစ္မွာ ကုန္ဆံုးမွာျဖစ္တဲ့အတြက္ ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ႏိုင္ငံျခားကလပ္အသင္းတစ္သင္းနဲ႔ ေဆြးေႏြးလို႔ရေနျပီျဖစ္ပါတယ္။

လန္ဒန္က ထြက္ေပၚလာတဲ့ သတင္းမ်ားအရ မူစတာဖီကို အာဆင္နယ္အသင္းက ျပီးခဲ့တဲ့အေျပာင္းအေရႊ႕တုန္းက စာခ်ဳပ္သက္တမ္းတိုးရန္ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခဲ့ျပီး စာခ်ဳပ္သက္တမ္းကုန္တာနဲ႔ အသင္းက ထြက္ခြာခ်င္ေၾကာင္း ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ ဗဟိုေနာက္ခံလူကို ေခၚယူရန္ စီးရီးေအ ကလပ္အသင္းေတြက စိတ္၀င္စားေနတာ ျဖစ္ပါတယ္။

ဒူးဒဏ္ရာက ျပန္လည္သက္သာလာတဲ့ မူစတာဖီဟာ ဒီရာသီမွာ အာဆင္နယ္အသင္းအတြက္ တနဂၤေႏြေန႔က လက္စတာအသင္းကို အိမ္ကြင္းမွာ (၁-၀) နဲ႔ ရႈံးခဲ့တဲ့ တစ္ပြဲသာ ဒုတိယပိုင္းမွာ ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။ ဂ်ာမနီလက္ေရြးစင္ကစားသမားဟာ ဒူးဒဏ္ရာ မရခင္တုန္းက အာဆင္နယ္နည္းျပ အာတီတာရဲ႕ ျပီးခဲ့တဲ့ရာသီက ပထမအသင္းမွာ (၁၅) ပြဲ ပြဲထြက္ကစားထားသူျဖစ္ပါတယ္။ မူစတာဖီဟာ အာဆင္နယ္အသင္းဆီကို ၂၀၁၆ ခုႏွစ္တုန္းက ေပါင္ ၃၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့ျပီး အသင္းအတြက္ (၁၄၃) ပြဲကစားေပးထားပါတယ္။