ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က တစ်သင်းထဲ အတူတူတွဲကစားလို့ရတဲ့ သူတွေမဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ကာရေဂါ

ကာရေဂါက ယူနိုက်တက်အသင်းမှာ ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်အသင်းတို့ဟာ တစ်သင်းထဲ အတူတူ တွဲကစားလို့ မရနိုင်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူဟာ ချဲလ်ဆီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ အရန်ခုံမှာ ထိုင်ခဲ့ရပြီး ဘရူနိုဖာနန်ဒက်စ်၊ ဖရက်ဒ် နဲ့ တွမ်မီနေးတို့ ယူနိုက်တက်အသင်းအတွက် ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပေါင်သန်း ၄၀ နဲ့ ပူပူနွေးနွေးခေါ်ထားတဲ့ ဗန်ဒီဘိခ် နဲ့ ခံစစ်အားသန် မာတစ်တို့လည်း အရန်ခုံမှာ ထိုင်ခဲ့ရာတာကြောင့် ပေါင်သန်း ၁၇၀ တန်ကြေးရှိ ကစားသမားတွေဟာ အရန်ခုံမှာ ပဲ ထိုင်ခဲ့ရပါတယ်။

ကာရေဂါက ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ် အတူတူ တွဲကစားလို့မရနေတဲ့အချိန်မှာ ဘာကြောင့် ဗန်ဒီဘိခ်ကို ထပ်ခေါ်လိုက်တာလဲလို့ နားမလည်ဘူးဖြစ်နေပါတယ်။ သူက “ပေါ့ဘာကို အရန်ခုံကို ပို့ထားတဲ့ ဆိုးလ်ရှားကို တစ်ကယ်ကို လေးစားမိပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲတုန်းက ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့က အတူတူ တွဲကစားလို့ ဘယ်တော့မှ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဗန်ဒီဘိခ်ကိုတော့ ဘာလို့ ခေါ်ခဲ့တာလဲဆိုတာ နားမလည်ပါဘူး။ တစ်ကယ်ကို နားမလည်တာပါ။ သူအနေနဲ့ ဒီမှာ ဘယ်လိုအထိုင်ကျအောင် ကစားမှာလဲ။ သူ့ကို ခေါ်ယူလိုက်ပြီးတော့ သူဟာ ဖာနန်ဒက်စ် နဲ့ ပေါ့ဘာတို့ ကစားနေတဲ့ ကျောနံပါတ် (၁၀) အခန်းကဏ္ဍမှာ ကစားမယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်။

ဖရက်ဒ်နဲ့ တွမ်မီနေးတို့ရှိနေတာကလည်း ပိုကောင်းမယ်ပေါ့။ ဒါပေမယ့် ဖရက်ဒ်နဲ့ တွမ်မီနေးတို့က ယူနိုက်တက်အသင်း အမှတ်ပေးဖလား ဆွတ်ခူးနိုင်လောက်အောင် မကောင်းပါဘူး။ ဒါဟာ နည်းပြအတွက်တော့ ခက်ခဲတဲ့အရာပါပဲ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

ေပါ့ဘာ နဲ႔ ဘရူႏိုဖာနန္ဒက္စ္တို႔က တစ္သင္းထဲ အတူတူတြဲကစားလို႔ရတဲ့ သူေတြမဟုတ္ဘူးလို႔ ဆိုလိုက္တဲ့ ကာေရဂါ

ကာေရဂါက ယူႏိုက္တက္အသင္းမွာ ေပါ့ဘာ နဲ႔ ဘရူႏိုဖာနန္ဒက္စ္အသင္းတို႔ဟာ တစ္သင္းထဲ အတူတူ တြဲကစားလို႔ မရႏိုင္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ ျပင္သစ္ကြင္းလယ္လူဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ အရန္ခံုမွာ ထိုင္ခဲ့ရျပီး ဘရူႏိုဖာနန္ဒက္စ္၊ ဖရက္ဒ္ နဲ႔ တြမ္မီေနးတို႔ ယူႏိုက္တက္အသင္းအတြက္ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ေပါင္သန္း ၄၀ နဲ႔ ပူပူေႏြးေႏြးေခၚထားတဲ့ ဗန္ဒီဘိခ္ နဲ႔ ခံစစ္အားသန္ မာတစ္တို႔လည္း အရန္ခံုမွာ ထိုင္ခဲ့ရာတာေၾကာင့္ ေပါင္သန္း ၁၇၀ တန္ေၾကးရွိ ကစားသမားေတြဟာ အရန္ခံုမွာ ပဲ ထိုင္ခဲ့ရပါတယ္။

ကာေရဂါက ေပါ့ဘာ နဲ႔ ဘရူႏိုဖာနန္ဒက္စ္ အတူတူ တြဲကစားလို႔မရေနတဲ့အခ်ိန္မွာ ဘာေၾကာင့္ ဗန္ဒီဘိခ္ကို ထပ္ေခၚလိုက္တာလဲလို႔ နားမလည္ဘူးျဖစ္ေနပါတယ္။ သူက “ေပါ့ဘာကို အရန္ခံုကို ပို႔ထားတဲ့ ဆိုးလ္ရွားကို တစ္ကယ္ကို ေလးစားမိပါတယ္။

ခရစၥတယ္ပဲေလ့စ္နဲ႔ ပြဲတုန္းက ေပါ့ဘာနဲ႔ ဘရူႏိုဖာနန္ဒက္စ္တို႔က အတူတူ တြဲကစားလို႔ ဘယ္ေတာ့မွ မျဖစ္ႏိုင္ဘူးလို႔ ေျပာခဲ့ပါေသးတယ္။ ဗန္ဒီဘိခ္ကိုေတာ့ ဘာလို႔ ေခၚခဲ့တာလဲဆိုတာ နားမလည္ပါဘူး။ တစ္ကယ္ကို နားမလည္တာပါ။ သူအေနနဲ႔ ဒီမွာ ဘယ္လိုအထိုင္က်ေအာင္ ကစားမွာလဲ။ သူ႔ကို ေခၚယူလိုက္ျပီးေတာ့ သူဟာ ဖာနန္ဒက္စ္ နဲ႔ ေပါ့ဘာတို႔ ကစားေနတဲ့ ေက်ာနံပါတ္ (၁၀) အခန္းက႑မွာ ကစားမယ္လို႔ ကၽြန္ေတာ္ထင္ခဲ့ပါတယ္။

ဖရက္ဒ္နဲ႔ တြမ္မီေနးတို႔ရွိေနတာကလည္း ပိုေကာင္းမယ္ေပါ့။ ဒါေပမယ့္ ဖရက္ဒ္နဲ႔ တြမ္မီေနးတို႔က ယူႏိုက္တက္အသင္း အမွတ္ေပးဖလား ဆြတ္ခူးႏိုင္ေလာက္ေအာင္ မေကာင္းပါဘူး။  ဒါဟာ နည္းျပအတြက္ေတာ့ ခက္ခဲတဲ့အရာပါပဲ” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။