တစ်နေ့ ပြင်သစ်ကို ပြန်သွားပြီး မာဆေးလ် (သို့မဟုတ်) ပီအက်စ်ဂျီ အသင်းအတွက် ကစားဖြစ်နိုင်တယ်လို့ ဝန်ခံပြောကြားလိုက်တဲ့ မာရက်ဇ်

မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမား မာရက်ဇ်က တစ်နေ့မှာ ပြင်သစ်ကို ပြန်သွားပြီး မာဆေးလ် သို့မဟုတ် ပီအက်စ်ဂျီအသင်းအတွက် ကစားပေးနိုင်တယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက အင်္ဂလိပ်ဘောလုံးလောကမှာ လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ မာရက်ဇ်ဟာ ကစားသမားဘဝကို ပြင်သစ်မှာ Quimper အသင်းနဲ့ စတင်ခဲ့ပြီး Le Havre ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။


မာရက်ဇ်က မာဆေးလ်အသင်းပရိသတ်တစ်ယောက်အနေနဲ့ ကြီးပြင်းခဲ့တာလို့ အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမားကို အနာဂတ်နဲ့ ပတ်သက်ပြီး မန်စီးတီး အသင်းဖော် မန်ဒီမေးမြန်းခဲ့ပြီး ထုတ်ဖော်ခဲ့ပါတယ်။


မာရက်ဇ်ကို Canal Plus နဲ့ အင်တာဗျူးမှာ အဲ့ဒီအကြောင်း ပြန်လည်မေးမြန်းခဲ့ရာ “သူက အရူးတစ်ယောက်ပါ၊ ဒါပေမယ့် ကျွန်တော်ငယ်ငယ်က မာဆေးလ်ပရိသတ်တစ်ယောက်ဖြစ်ခဲ့တာတော့ အမှန်ပါ။ ပီအက်စ်ဂျီအသင်းနဲ့ လည်း ဘာပတ်သက်မှုမှ မရှိပါဘူး။ ကျွန်တော့်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ရှိနေပါသေးတယ်။ ဒါပေမယ့် ပဲရစ်ကတော့ ကျွန်တော့်မြို့ ဖြစ်ပါတယ်။ ကျွန်တော်ဟာ ပဲရစ်မှာ မွေးဖွားပြီး ကြီးပြင်းခဲ့သူပါ” လို့ ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

တစ္ေန႔ ျပင္သစ္ကို ျပန္သြားျပီး မာေဆးလ္ (သို႔မဟုတ္) ပီအက္စ္ဂ်ီ အသင္းအတြက္ ကစားျဖစ္ႏိုင္တယ္လို႔ ၀န္ခံေျပာၾကားလိုက္တဲ့ မာရက္ဇ္

မန္စီးတီးအသင္းရဲ႕ ေတာင္ပံကစားသမား မာရက္ဇ္က တစ္ေန႔မွာ ျပင္သစ္ကို ျပန္သြားျပီး မာေဆးလ္ သို႔မဟုတ္ ပီအက္စ္ဂ်ီအသင္းအတြက္ ကစားေပးႏိုင္တယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္ကတည္းက အဂၤလိပ္ေဘာလံုးေလာကမွာ လက္စတာအသင္းနဲ႔ ကစားခဲ့တဲ့ မာရက္ဇ္ဟာ ကစားသမားဘ၀ကို ျပင္သစ္မွာ Quimper အသင္းနဲ႔ စတင္ခဲ့ျပီး Le Havre ကို ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။

မာရက္ဇ္က မာေဆးလ္အသင္းပရိသတ္တစ္ေယာက္အေနနဲ႔ ၾကီးျပင္းခဲ့တာလို႔ အယ္လ္ဂ်ီးရီးယားလက္ေရြးစင္ကစားသမားကို အနာဂတ္နဲ႔ ပတ္သက္ျပီး မန္စီးတီး အသင္းေဖာ္ မန္ဒီေမးျမန္းခဲ့ျပီး ထုတ္ေဖာ္ခဲ့ပါတယ္။

မာရက္ဇ္ကို Canal Plus နဲ႔ အင္တာဗ်ဴးမွာ အဲ့ဒီအေၾကာင္း ျပန္လည္ေမးျမန္းခဲ့ရာ “သူက အရူးတစ္ေယာက္ပါ၊ ဒါေပမယ့္ ကၽြန္ေတာ္ငယ္ငယ္က မာေဆးလ္ပရိသတ္တစ္ေယာက္ျဖစ္ခဲ့တာေတာ့ အမွန္ပါ။ ပီအက္စ္ဂ်ီအသင္းနဲ႔ လည္း ဘာပတ္သက္မႈမွ မရွိပါဘူး။ ကၽြန္ေတာ့္မွာ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္ရွိေနပါေသးတယ္။ ဒါေပမယ့္ ပဲရစ္ကေတာ့ ကၽြန္ေတာ့္ျမိဳ႕ ျဖစ္ပါတယ္။ ကၽြန္ေတာ္ဟာ ပဲရစ္မွာ ေမြးဖြားျပီး ၾကီးျပင္းခဲ့သူပါ” လို႔ ေျဖၾကားသြားခဲ့တာျဖစ္ပါတယ္။