လိုင်ယွန်အသင်းအတွက် ဂိုးသွင်းပေးပြီးနောက် ဒဏ်ရာရရှိနေတဲ့ နယ်သာလန်အသင်းဖော် ဗန်ဒိုက်ချ်အတွက် ဆုတောင်းပေးလိုက်တဲ့ ဒီပေး
လိုင်ယွန်တိုက်စစ်မှူး ဒီပေးဟာ တနင်္ဂနွေနေ့က မိုနာကိုအသင်းနဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် လီဗာပူးလ်အသင်းမှာ ဒဏ်ရာရရှိနေတဲ့ နယ်သာလန်အသင်းဖော် ဗန်ဒိုက်ချ်အတွက် ဆုတောင်းပေးသွားခဲ့ပါတယ်။ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ချ်ဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်အသင်းနဲ့ ပွဲမှာ အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်နဲ့ ထိခိုက်မိခဲ့ပြီး ACL ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။
ဗန်ဒိုက်ချ် နဲ့ အတူ နယ်သာလန်လက်ရွေးစင်အသင်းမှာ ကစားနေတဲ့ ဒီပေးက ဂိုးသွင်းပြီးနောက် ဗဟိုနောက်ခံလူအတွက် ဆုတောင်းပေးသွားခဲ့ပါတယ်။ယူနိုက်တက်ကစားသမားဟောင်း ဒီပေးဟာ မိုနာကိုအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ လိုင်ယွန်အသင်းအတွက် ပွဲချိန် (၁၂) မိနစ်မှာ ဂိုးသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပေးဟာ လိုင်ယွန်အသင်းရဲ့ အင်္ကျီ အောက်မှာ နောက်ထပ်အင်္ကျီတစ်ထည်နဲ့ “ငါ့အကို ဗာဂျယ်လ် ကြံ့ကြံ့ခိုင်နေထိုင်ပါ” လို့ ဆိုတဲ့ စာတန်းကို ထုတ်ပြခဲ့ပါတယ်။
ဒီပေးဟာ လိုင်ယွန်အသင်းအတွက် ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး (၈) ပွဲကစားပြီးချိန်မှာ (၅) ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ဗန်ဒိုက်ချ်ရဲ့ ဒဏ်ရာ အနေအထားက နောက်နွေရာသီမှာ ကစားမယ့်ယူရို ၂၀၂၀ ပြိုင်ပွဲကိုတောင် လွဲချော်နိုင်ဖွယ်ရှိနေလို့ ဟော်လန်အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။
လိုင်ယွန်အသင်းအတွက် ဂိုးသွင်းပေးပြီးနောက် ဒဏ်ရာရရှိနေတဲ့ နယ်သာလန်အသင်းဖော် ဗန်ဒိုက်ခ်ျအတွက် ဆုတောင်းပေးလိုက်တဲ့ ဒီပေး
လိုင်ယွန်တိုက်စစ်မှူး ဒီပေးဟာ တနင်္ဂနွေနေ့က မိုနာကိုအသင်းနဲ့ ပွဲမှာ ဂိုးသွင်းပြီးနောက် လီဗာပူးလ်အသင်းမှာ ဒဏ်ရာရရှိနေတဲ့ နယ်သာလန်အသင်းဖော် ဗန်ဒိုက်ခ်ျအတွက် ဆုတောင်းပေးသွားခဲ့ပါတယ်။ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ခ်ျဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်အသင်းနဲ့ ပွဲမှာ အဲဗာတန်ဂိုးသမား ပစ်ဖိုဒ့်နဲ့ ထိခိုက်မိခဲ့ပြီး ACL ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။