အော်ယူအာကို စိတ်ဝင်စားနေသေးတဲ့ အာဆင်နယ်အသင်း ဂျူဗင်တပ်စ် နဲ့ အပြိုင် ခေါ်ယူရဖွယ်ရှိနေ

အာဆင်နယ်အသင်းဟာ လိုင်ယွန်ကွင်းလယ်လူ ဟောက်ဆန်အော်ယူအာ ကို ခေါ်ယူပြီး အသင်းရဲ့ ကွင်းလယ်အင်အားကို ဖြည့်တင်းချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ကစားသမားကို အာဆင်နယ်အသင်းက အပြောင်းအရွှေ့ မပိတ်သိမ်းမီ အောက်တိုဘာလ ၅ ရက်နေ့မတိုင်ခင်တုန်းက ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း သဘောတူညီမှုမရခဲ့ပါဘူး။ ပရီးမီးယားလိဂ်ကလပ်အသင်းဟာ အော်ယူအာကို စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်းနဲ့ အပြိုင်ခေါ်ယူရဖွယ်ရှိတယ်လို့ Tuttosport သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။

သတင်းများအရ လိုင်ယွန်အသင်းနဲ့ ဆက်ဆံရေးကောင်းတွေရှိထားတဲ့ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်အသင်းကလည်း ဗဟိုကွင်းလယ်လူရဲ့ အခြေအနေကို စောင့်ကြည့်နေတာဖြစ်ပါတယ်။အော်ယူအာရဲ့ ပြင်သစ်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်းက (၃) နှစ်တောင် ကျန်နေသေးပြီး အာဆင်နယ်အသင်းထံ မပြောင်းခဲ့ရလို့ နောင်တမရဘူးလို့ ပြောထားခဲ့ပါတယ်။

“ဒီအသင်းက ကျွန်တော့် အိမ်၊ ကျွန်တော့် မြို့ ဖြစ်လို့ ကျွန်တော် ပျော်နေပါတယ်။ ဒီအသင်းကအတွက် ကစားပေးရလို့လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ရွေးချယ်မှု တစ်ခုလုပ်ခဲ့ပါတယ်။ ကျွန်တော်က ဒီမှာ နေရတာကို ပျော်နေပြီး အသင်းကလည်း ကျွန်တော့်ကို ဒီမှာ ဆက်ရှိစေချင်ခဲ့ပါတယ်” လို့ အော်ယူအာ က ပြင်သစ်လက်ရွေးစင်အသင်းနဲ့တုန်းက ပြောခဲ့တာဖြစ်ပါတယ်။

ေအာ္ယူအာကို စိတ္၀င္စားေနေသးတဲ့ အာဆင္နယ္အသင္း ဂ်ဴဗင္တပ္စ္ နဲ႔ အျပိဳင္ ေခၚယူရဖြယ္ရွိေန

အာဆင္နယ္အသင္းဟာ လိုင္ယြန္ကြင္းလယ္လူ ေဟာက္ဆန္ေအာ္ယူအာ ကို ေခၚယူျပီး အသင္းရဲ႕ ကြင္းလယ္အင္အားကို ျဖည့္တင္းခ်င္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနဆဲ ျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားကို အာဆင္နယ္အသင္းက အေျပာင္းအေရႊ႕ မပိတ္သိမ္းမီ ေအာက္တိုဘာလ ၅ ရက္ေန႔မတိုင္ခင္တုန္းက ေခၚယူရန္ ၾကိဳးစားခဲ့ေသာ္လည္း သေဘာတူညီမႈမရခဲ့ပါဘူး။ ပရီးမီးယားလိဂ္ကလပ္အသင္းဟာ ေအာ္ယူအာကို စိတ္၀င္စားေနဆဲျဖစ္ေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အျပိဳင္ေခၚယူရဖြယ္ရွိတယ္လို႔ Tuttosport သတင္းဌာနက ေဖာ္ျပခ်က္အရ သိရပါတယ္။

သတင္းမ်ားအရ လိုင္ယြန္အသင္းနဲ႔ ဆက္ဆံေရးေကာင္းေတြရွိထားတဲ့ စီးရီးေအ ကလပ္ ဂ်ဴဗင္တပ္စ္အသင္းကလည္း ဗဟိုကြင္းလယ္လူရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနတာျဖစ္ပါတယ္။ေအာ္ယူအာရဲ႕ ျပင္သစ္ကလပ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းက (၃) ႏွစ္ေတာင္ က်န္ေနေသးျပီး အာဆင္နယ္အသင္းထံ မေျပာင္းခဲ့ရလို႔ ေနာင္တမရဘူးလို႔ ေျပာထားခဲ့ပါတယ္။

“ဒီအသင္းက ကၽြန္ေတာ့္ အိမ္၊ ကၽြန္ေတာ့္ ျမိဳ႕ ျဖစ္လို႔ ကၽြန္ေတာ္ ေပ်ာ္ေနပါတယ္။ ဒီအသင္းကအတြက္ ကစားေပးရလို႔လည္း ဂုဏ္ယူမိပါတယ္။ ကၽြန္ေတာ္တို႔ ေရြးခ်ယ္မႈ တစ္ခုလုပ္ခဲ့ပါတယ္။ ကၽြန္ေတာ္က ဒီမွာ ေနရတာကို ေပ်ာ္ေနျပီး အသင္းကလည္း ကၽြန္ေတာ့္ကို ဒီမွာ ဆက္ရွိေစခ်င္ခဲ့ပါတယ္” လို႔ ေအာ္ယူအာ က ျပင္သစ္လက္ေရြးစင္အသင္းနဲ႔တုနး္က ေျပာခဲ့တာျဖစ္ပါတယ္။