ဂါရတ်ဘေးလ်နောက်ကို လိုက်သွားဖို့ သူ့အသက်က အရမ်းကြီးနေပြီလို့ ဆိုလိုက်တဲ့ (၃၅) နှစ်အရွယ် မိုဒရစ် ပြောကြား

စပါးပရိသတ်တွေကတော့ အသင်းရဲ့ ကြယ်ပွင့်ဟောင်းကို ဒီနွေရာသီမှာ အသင်းမှာ ပြန်လည်မြင်တွေ့ခွင့်ရပေမယ့် နောက်တစ်ယောက်ကိုတော့ အနာဂတ်မှာ မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်က စပိန်ကနေ ထွက်ခွာပြီး ဂါရတ်ဘေးလ်ရှိရာ လန်ဒန်ကို လိုက်သွားဖို့ သူ့အသက်က အရမ်းကို ကြီးနေပြီးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ကစားသမား ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းက (၈) လပဲ ကျန်တော့တာဖြစ်ပြီး အနာဂတ်အတွက် ဆွေးနွေးနေပြီလို့ သိရပါတယ်။

“စပါးကို ပြန်သွားဖို့ ကျွန်တော့်အသက်က အရမ်းကို ကြီးနေပါပြီ။ ရီးရဲလ်မက်ဒရစ်အသင်းမှာလည်း စာချုပ်သက်တမ်း (၁) နှစ်ကျန်သေးလို့ ဘာတွေ ဆက်ဖြစ်လာမလဲ နောက်ကျမှ သိရမှာပါ။

ကျွန်တော်ခံစားမှု ကောင်းနေသေးလို့ နောက်နှစ်အနည်းငယ်အထိ ဘောလုံးကို ဆက်ကစားချင်နေပါသေးတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ဒီရာသီမှာလည်း အောင်မြင်မှုတွေ ရယူသွားမှာပါ။ အဲ့ဒါပြီးရင်တော့ ဆွေးနွေးသွားမှာပါ။ အားလုံးအတွက် အဖြေတစ်ခုရမှာပါ” လို့ မိုဒရစ်က FourFourTwo သတင်းဌာနကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

စပါးအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ဖြစ်ခဲ့တဲ့ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ၂၀၁၂ နွေရာသီက ပေါင် ၃၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ဘေးလ် နဲ့ မိုဒရစ်တို့ဟာ စပါးအသင်းမှာ (၄) နှစ် အတူတူ တွဲကစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ဂါရတ္ေဘးလ္ေနာက္ကို လိုက္သြားဖို႔ သူ႔အသက္က အရမ္းၾကီးေနျပီလို႔ ဆိုလိုက္တဲ့ (၃၅) ႏွစ္အရြယ္ မိုဒရစ္ ေျပာၾကား

စပါးပရိသတ္ေတြကေတာ့ အသင္းရဲ႕ ၾကယ္ပြင့္ေဟာင္းကို ဒီေႏြရာသီမွာ အသင္းမွာ ျပန္လည္ျမင္ေတြ႔ခြင့္ရေပမယ့္ ေနာက္တစ္ေယာက္ကိုေတာ့ အနာဂတ္မွာ ျမင္ေတြ႔ရမွာ မဟုတ္ေတာ့ပါဘူး။ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္က စပိန္ကေန ထြက္ခြာျပီး ဂါရတ္ေဘးလ္ရွိရာ လန္ဒန္ကို လိုက္သြားဖို႔ သူ႔အသက္က အရမ္းကို ၾကီးေနျပီးလို႔ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ကစားသမား ရဲ႕ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမး္က (၈) လပဲ က်န္ေတာ့တာျဖစ္ျပီး အနာဂတ္အတြက္ ေဆြးေႏြးေနျပီလို႔ သိရပါတယ္။

“စပါးကို ျပန္သြားဖို႔ ကၽြန္ေတာ့္အသက္က အရမး္ကို ၾကီးေနပါျပီ။ ရီးရဲလ္မက္ဒရစ္အသင္းမွာလည္း စာခ်ဳပ္သက္တမး္ (၁) ႏွစ္က်န္ေသးလို႔ ဘာေတြ ဆက္ျဖစ္လာမလဲ ေနာက္က်မွ သိရမွာပါ။

ကၽြန္ေတာ္ခံစားမႈ ေကာင္းေနေသးလို႔ ေနာက္ႏွစ္အနည္းငယ္အထိ ေဘာလံုးကို ဆက္ကစားခ်င္ေနပါေသးတယ္။ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ပဲ အာရံုစိုက္ထားျပီး ဒီရာသီမွာလည္း ေအာင္ျမင္မႈေတြ ရယူသြားမွာပါ။ အဲ့ဒါျပီးရင္ေတာ့ ေဆြးေႏြးသြားမွာပါ။ အားလံုးအတြက္ အေျဖတစ္ခုရမွာပါ” လို႔ မိုဒရစ္က FourFourTwo သတင္းဌာနကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

စပါးအသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ျဖစ္ခဲ့တဲ့ မိုဒရစ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းဆီကို ၂၀၁၂ ေႏြရာသီက ေပါင္ ၃၃ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တာပါ။ ေဘးလ္ နဲ႔ မိုဒရစ္တို႔ဟာ စပါးအသင္းမွာ (၄) ႏွစ္ အတူတူ တြဲကစားခဲ့ျပီး ရီးရဲလ္မက္ဒရစ္ရဲ႕ စိတ္၀င္စားမႈကို ခံခဲ့ရတာျဖစ္ပါတယ္။