ဗန်ဒီဘိခ်အနေနဲ့ ယူနိုက်တက်ကို ချက်ချင်းပြောင်းမယ့်အစား အခြားအသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကို စောင့်သင့်တယ်လို့ ဟော်လန်ဂန္တဝင် ဗန်ဘတ်စတန်ပြောဆို

ဟော်လန်ဂန္တဝင် မာကိုဗန်ဘတ်စတန်က ဗန်ဒီဘိခ်အနေနဲ့ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရနေပြီလို့ ပြောသွားခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့တုန်းက အေဂျက်အသင်းကနေ ပေါင်သန်း ၄၀ နဲပ ရောက်ရှိလာတဲ့ အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ ဒီရာသီ အိုးထရက်ဖိုဒ့်မှာ ပရီးမီးယားလိဂ်၌ စုစုပေါင်း မိနစ် (၆၀) သာကစားခွင့်ရထားသူ ဖြစ်ပါတယ်။

နည်းပြဆိုးလ်ရှားကတော့ ဗန်ဒီဘိခ်အနေနဲ့ ပွဲကစားချိန်ရလာလိမ့်မယ်လို့ ကတိပေးခဲ့ပေမယ့် ဟော်လန်လက်ရွေးစင်ကစားသမားဟာ စနေနေ့က ချဲလ်ဆီးအသင်းနဲ့ ယူနိုက်တက် (ဝ-၀) သရေကျခဲ့တဲ့ပွဲမှာလည်း အရန်ခုံမှာပဲ ထိုင်ခဲ့ရပါတယ်။ ဗန်ဘတ်စတန်က တစ်နိုင်ငံတည်းသား ဗန်ဒီဘိခ်အနေနဲ့ ယူနိုက်တက်ကို ချက်ချင်းပြောင်းမယ့်အစား အခြားအသင်းတစ်သင်းက ကမ်းလှမ်းတာကို စောင့်ပြီး ရွေးချယ်သင့်တယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“ဒွန်နီအနေနဲ့ ယူနိုက်တက်ကို ပြောင်းခဲ့တာနဲ့ ပတ်သက်ပြီး နောင်တမရသင့်ပါဘူး။ ကစားသမားကောင်းတစ်ယောက်ဖြစ်နေမယ်ဆိုရင် အပတ်တိုင်း ကစားချင်နေမှာပါ။ ဒွန်နီလို ကစားသမားမျိုးအနေနဲ့ ဒီနှစ်မှာ (၆) ပွဲ (၇) ပွဲပယ် ကစားရမယ်ဆိုရင် ဝမ်းနည်းစရာ ဖြစ်မှာပါ။ ဒါက သူ့ရဲ့ ဟန်ချက်ညီမှုကို ထိခိုက်စေပါတယ်။ သူဝင်ငွေ အများကြီးရတာကို ကျွန်တော်သိပါတယ်။

ဒါပေမယ့် ထိပ်တန်းကစားသမား တစ်ယောက်အနေနဲ့ ဘယ်အသင်းကို ပြောင်းမလဲဆိုတာ အရင်လေ့လာသင့်ပါတယ်။ ဒွန်နီအနေနဲ့ အခြားအသင်းတစ်သင်းက ကမ်းလှမ်းလာတာကို စောင့်ဆိုင်းသင့်ပါတယ်” လို့ ဗန်ဘတ်စတန်က ပြောသွားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ အေဂျက်မှာတုန်းက တစ်ပတ်ပေါင် ၃ သောင်းပဲ ရခဲ့ပေမယ့် ယူနိုက်တက်အသင်းမှာတော့ တစ်ပတ် ပေါင် ၁ သိန်း ကျော်ရနေတာဖြစ်ပါတယ်။

ဗန္ဒီဘိခ္အေနနဲ႔ ယူႏိုက္တက္ကို ခ်က္ခ်င္းေျပာင္းမယ့္အစား အျခားအသင္းတစ္သင္းရဲ႕ ကမ္းလွမ္းမႈကို ေစာင့္သင့္တယ္လို႔ ေဟာ္လန္ဂႏၲဝင္ ဗန္ဘတ္စတန္ေျပာဆို

ေဟာ္လန္ဂႏၱ၀င္ မာကိုဗန္ဘတ္စတန္က ဗန္ဒီဘိခ္အေနနဲ႔ ယူႏိုက္တက္အသငး္ဆီကို ေျပာင္းေရႊ႕ခဲ့တဲ့အေပၚ ေနာင္တရေနျပီလို႔ ေျပာသြားခဲ့ပါတယ္။ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေအဂ်က္အသင္းကေန ေပါင္သန္း ၄၀ နဲပ ေရာက္ရွိလာတဲ့ အသက္ ၂၃ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီ အိုးထရက္ဖိုဒ့္မွာ ပရီးမီးယားလိဂ္၌ စုစုေပါင္း မိနစ္ (၆၀) သာကစားခြင့္ရထားသူ ျဖစ္ပါတယ္။

နည္းျပဆိုးလ္ရွားကေတာ့ ဗန္ဒီဘိခ္အေနနဲ႔ ပြဲကစားခ်ိန္ရလာလိမ့္မယ္လို႔ ကတိေပးခဲ့ေပမယ့္ ေဟာ္လန္လက္ေရြးစင္ကစားသမားဟာ စေနေန႔က ခ်ဲလ္ဆီးအသင္းနဲ႔ ယူႏိုက္တက္ (၀-၀) သေရက်ခဲ့တဲ့ပြဲမွာလည္း အရန္ခံုမွာပဲ ထိုင္ခဲ့ရပါတယ္။ ဗန္ဘတ္စတန္က တစ္ႏိုင္ငံတည္းသား ဗန္ဒီဘိခ္အေနနဲ႔ ယူႏိုက္တက္ကို ခ်က္ခ်င္းေျပာင္းမယ့္အစား အျခားအသင္းတစ္သင္းက ကမ္းလွမ္းတာကို ေစာင့္ျပီး ေရြးခ်ယ္သင့္တယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“ဒြန္နီအေနနဲ႔ ယူႏိုက္တက္ကို ေျပာင္းခဲ့တာနဲ႔ ပတ္သက္ျပီး ေနာင္တမရသင့္ပါဘူး။ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ အပတ္တိုင္း ကစားခ်င္ေနမွာပါ။ ဒြန္နီလို ကစားသမားမ်ိဳးအေနနဲ႔ ဒီႏွစ္မွာ (၆) ပြဲ (၇) ပြဲပယ္ ကစားရမယ္ဆိုရင္ ၀မ္းနည္းစရာ ျဖစ္မွာပါ။ ဒါက သူ႔ရဲ႕ ဟန္ခ်က္ညီမႈကို ထိခိုက္ေစပါတယ္။ သူ၀င္ေငြ အမ်ားၾကီးရတာကို ကၽြန္ေတာ္သိပါတယ္။

ဒါေပမယ့္ ထိပ္တန္းကစားသမား တစ္ေယာက္အေနနဲ႔ ဘယ္အသင္းကို ေျပာင္းမလဲဆိုတာ အရင္ေလ့လာသင့္ပါတယ္။ ဒြန္နီအေနနဲ႔ အျခားအသင္းတစ္သင္းက ကမ္းလွမ္းလာတာကို ေစာင့္ဆိုင္းသင့္ပါတယ္” လို႔ ဗန္ဘတ္စတန္က ေျပာသြားခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ ေအဂ်က္မွာတုန္းက တစ္ပတ္ေပါင္ ၃ ေသာင္းပဲ ရခဲ့ေပမယ့္ ယူႏိုက္တက္အသင္းမွာေတာ့ တစ္ပတ္ ေပါင္ ၁ သိန္း ေက်ာ္ရေနတာျဖစ္ပါတယ္။