ယူနိုက်တက်ကို အနိုင်မရခဲ့တဲ့ပွဲမှာ ကစားသမားသစ်တွေဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ကို နည်းပြလမ်းပတ် အပြစ် တင်ခဲ့


ချဲလ်ဆီးနည်းပြလမ်းပတ်က ပြီးခဲ့တဲ့စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာတာ့ ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှ အသင်းကိုခေါ်ယူထားတဲ့ ကစားသမားသစ် တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ကို ပြစ်တင်ဝေဖန်ခဲ့ တယ်လို့ သိရပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ဟာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ နှစ်ယောက်စလုံး လူစားလဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း နှစ်ပွဲကစားခဲ့ရာမှာ နှစ်ပွဲစလုံး အရေးနိမ့်ထားတာ ကြောင့် ဝေဖန်ခံနေရတဲ့အသင်းဖြစ်ပြီး နည်းပြ ဆိုးလ်ရှားကလည်း အိမ်ကွင်းစွမ်းဆောင်ရည်အတွက် စိုးရိမ်မှုရှိတယ်ဆိုပြီး ပွဲမတိုင်ခင်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လမ်းပတ်ဟာ ယူနိုက်တက်နဲ့ပွဲမှာ ကစားကွက်အပြောင်းအလဲပြုလုပ်ခဲ့ပြီး အနိုင်ရဖို့ကြိုးစားခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့ ဂိုးသွင်းယူနိုင်ခြင်းမရှိတာ ကြောင့် နိုင်ပွဲမရခဲ့တာဘဲ ဖြစ်ပါတယ်။


ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြလမ်းပတ်က “ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်တို့က, ကစားသမားကောင်းတွေပါ။ တီမိုဝါနာက အသင်းအတွက် နှစ်ဂိုးသွင်းထားပြီး ကိုင်ဟာဗက်ဇ်က တစ်ဂိုးသွင်းထားပါတယ်။ အသင်းကို အကောင်းဆုံးဖြစ်ဖို့ တည် ဆောက်နေချိန်မှာ သူတို့က တိုက်စစ်ကစားသမားတွေဆိုပေမယ့် လိုအပ်လာတဲ့အခါမှာ ခံစစ်ကို ဆင်းကူနိုင်ဖို့လည်း လိုပါ တယ်။ တိုက်စစ်မှာလည်း ပြိုင်ဘက်အသင်းကို ဂိုးသွင်းနိုင်မှ အနိုင်ရမယ်ဆိုတာကို တိုက်စစ်ကစားသမားတွေအနေနဲ့ သိ ထားသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

ယူႏိုက္တက္ကို အႏုိင္မရခဲ့တဲ့ပြဲမွာ ကစားသမားသစ္ေတြျဖစ္တဲ့ တီမုိဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ကို နည္းျပလမ္းပတ္ အျပစ္ တင္ခဲ့
ခ်ဲလ္ဆီးနည္းျပလမ္းပတ္က ၿပီးခဲ့တဲ့စေနေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူႏိုက္္တက္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ ပြဲအၿပီးမွာတာ့ ဒီႏွစ္ ေႏြရာသီအေျပာင္းအေရႊ႕မွ အသင္းကိုေခၚယူထားတဲ့ ကစားသမားသစ္ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ကို ျပစ္တင္ေဝဖန္ခဲ့ တယ္လို႔ သိရပါတယ္။ ယူႏိုက္တက္နဲ႔ပြဲမွာ တီမုိဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ဟာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ႏွစ္ေယာက္စလံုး လူစားလဲခံခဲ့ရတာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ခ်ဲလ္ဆီးနဲ႔ပြဲမတိုင္ခင္ ဒီရာသီ ပရီးမီးယားလိဂ္အိမ္ကြင္း ႏွစ္ပြဲကစားခဲ့ရာမွာ ႏွစ္ပြဲစလံုး အေရးနိမ့္ထားတာ ေၾကာင့္ ေဝဖန္ခံေနရတဲ့အသင္းျဖစ္ၿပီး နည္းျပ ဆိုးလ္ရွားကလည္း အိမ္ကြင္းစြမ္းေဆာင္ရည္အတြက္ စိုးရိမ္မႈရွိတယ္ဆုိၿပီး ပြဲမတိုင္ခင္မွာ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ လမ္းပတ္ဟာ ယူႏိုက္တက္နဲ႔ပြဲမွာ ကစားကြက္အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး အႏိုင္ရဖို႔ၾကိဳးစားခဲ့ေပမယ့္ တုိက္စစ္ကစားသမားေတြျဖစ္တဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔ ဂိုးသြင္းယူႏိုင္ျခင္းမရွိတာ ေၾကာင့္ ႏိုင္ပြဲမရခဲ့တာဘဲ ျဖစ္ပါတယ္။
ပြဲအၿပီးမွာေတာ့ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က “ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္တို႔က, ကစားသမားေကာင္းေတြပါ။ တီမိုဝါနာက အသင္းအတြက္ ႏွစ္ဂိုးသြင္းထားၿပီး ကိုင္ဟာဗက္ဇ္က တစ္ဂိုးသြင္းထားပါတယ္။ အသင္းကို အေကာင္းဆံုးျဖစ္ဖို႔ တည္ ေဆာက္ေနခ်ိန္မွာ သူတို႔က တိုက္စစ္ကစားသမားေတြဆိုေပမယ့္ လိုအပ္လာတဲ့အခါမွာ ခံစစ္ကို ဆင္းကူႏုိင္ဖို႔လည္း လိုပါ တယ္။ တိုက္စစ္မွာလည္း ၿပိဳင္ဘက္အသင္းကို ဂိုးသြင္းႏိုင္မွ အႏိုင္ရမယ္ဆိုတာကို တိုက္စစ္ကစားသမားေတြအေနနဲ႔ သိ ထားသင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။