အာဆင်နယ်ကို အနိုင်ရယူဖို့အတွက် လက်စတာမှာ ဗာဒီ ရှိနေသေးတယ်


ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ လက်စတာကို အိမ်ကွင်းမှာလက်ခံကစား ရတာဖြစ်ပေမယ့် လူစားဝင်လာတဲ့ ဗာဒီရဲ့ သွင်းဂိုးကြောင့် အိမ်ကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီရှုံးပွဲဟာ ဒီရာသီ အိမ်ကွင်းပွဲစဉ်တွေမှာ ကစားထားတဲ့ပွဲတိုင်းကို အနိုင်ကစားထားနိုင်တဲ့ အာဆင်နယ်အတွက် ပထမဆုံးအိမ်ကွင်းရှုံး ပွဲလည်း ဖြစ်ခဲ့ပါတယ်။


အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံတိုင်း ဂိုးသွင်းယူလေ့ရှိတဲ့ ဗာဒီဟာ ပြီးခဲ့တဲ့နေ့က ပွဲမှာတော့ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့သူဖြစ်ပြီး ဒုတိယပိုင်းမှ လူစားဝင်ကစားခွင့်ရခဲ့ပေမယ့် အာဆင်နယ်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းပေးလိုက်ရတဲ့ဂိုးအတွက်တော့ ဘောလုံးပွဲဝေဖန်သုံးသပ်သူတွေကတော့ နည်းပြ အာတီ တာရဲ့ ခံစစ် ၃ ယောက်ကစားတဲ့ဟန်ကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပြီး အာဆင်နယ်အနေနဲ့ ခံစစ်ကစားသမား ၄ ယောက် အ သုံးပြုတဲ့ကစားဟန်ကို ကစားသင့်တယ်ဆိုပြီး ထောက်ပြပြောဆိုခဲ့ကြပါတယ်။


အာဆင်နယ်နည်းပြ အာတီတာဟာ အက်သလက်တီကိုက ပါတေးကို ခေါ်ယူထားတာကြောင့် ၄-၃-၃ ကစားကွက်ကို အသုံးပြုချင်ပေမယ့် ကစားနေ့ကျ ၃-၅-၂ ပုံစံနဲ့ပဲ ဆက်လက်ကစားနေခဲ့တာကြောင့် ခံစစ်ပိုင်းမှာ အားနည်းမှုတွေရှိနေတာ ဖြစ်တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ အာဆင်နယ်ဟာ ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံး ၁၁ ပွဲမှာ လက်စတာကို ပထမဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

zawgyi version

အာဆင္နယ္ကို အႏိုင္ရယူဖို႔အတြက္ လက္စတာမွာ ဗာဒီ ရွိေနေသးတယ္

ၿပီးခဲ့တဲ့ေန႔က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ အာဆင္နယ္ဟာ လက္စတာကို အိမ္ကြင္းမွာလက္ခံကစား ရတာျဖစ္ေပမယ့္ လူစားဝင္လာတဲ့ ဗာဒီရဲ႕ သြင္းဂိုးေၾကာင့္ အိမ္ကြင္းမွာ တစ္ဂိုးဂိုးမရွိနဲ႔ ရႈံးနိမ့္သြားခဲ့ပါတယ္။ ဒီရႈံးပြဲဟာ ဒီရာသီ အိမ္ကြင္းပြဲစဥ္ေတြမွာ ကစားထားတဲ့ပြဲတိုင္းကို အႏုိင္ကစားထားႏိုင္တဲ့ အာဆင္နယ္အတြက္ ပထမဆံုးအိမ္ကြင္းရႈံး ပြဲလည္း ျဖစ္ခဲ့ပါတယ္။
အာဆင္နယ္နဲ႔ ထိပ္တိုက္ေတြ႕ဆံုတိုင္း ဂိုးသြင္းယူေလ့ရွိတဲ့ ဗာဒီဟာ ၿပီးခဲ့တဲ့ေန႔က ပြဲမွာေတာ့ အရန္ကစားသမားအျဖစ္သာ ပါဝင္ခြင့္ရခဲ့သူျဖစ္ၿပီး ဒုတိယပိုင္းမွ လူစားဝင္ကစားခြင့္ရခဲ့ေပမယ့္ အာဆင္နယ္အသင္းဘက္ကို အႏုိင္ဂိုးသြင္းယူႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းေပးလိုက္ရတဲ့ဂိုးအတြက္ေတာ့ ေဘာလံုးပြဲေဝဖန္သံုးသပ္သူေတြကေတာ့ နည္းျပ အာတီ တာရဲ႕ ခံစစ္ ၃ ေယာက္ကစားတဲ့ဟန္ေၾကာင့္ျဖစ္တယ္လို႔ ေျပာခဲ့ၿပီး အာဆင္နယ္အေနနဲ႔ ခံစစ္ကစားသမား ၄ ေယာက္ အ သံုးျပဳတဲ့ကစားဟန္ကို ကစားသင့္တယ္ဆိုၿပီး ေထာက္ျပေျပာဆိုခဲ့ၾကပါတယ္။
အာဆင္နယ္နည္းျပ အာတီတာဟာ အက္သလက္တီကိုက ပါေတးကို ေခၚယူထားတာေၾကာင့္ ၄-၃-၃ ကစားကြက္ကို အသံုးျပဳခ်င္ေပမယ့္ ကစားေန႔က် ၃-၅-၂ ပံုစံနဲ႔ပဲ ဆက္လက္ကစားေနခဲ့တာေၾကာင့္ ခံစစ္ပိုင္းမွာ အားနည္းမႈေတြရွိေနတာ ျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ အာဆင္နယ္ဟာ ၿပိဳင္ပြဲစံု အိမ္ကြင္းေနာက္ဆံုး ၁၁ ပြဲမွာ လက္စတာကို ပထမဆံုးရႈံးခဲ့တာျဖစ္ပါတယ္။