ယူနိုက်တက်မှာ ကျောက်ရိုင်းတစ်ပွင့်ဖြစ်ခဲ့တဲ့ လူကာကူက အင်တာမီလန်မှာ တိုးတက်လာတယ်လို့ ဆိုလိုက်တဲ့ နည်းပြ ကွန်တီ

၂၀၁၉ ခုနှစ်တုန်းက ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့ လူကာကူဟာ အင်တာမီလန်အသင်းမှာ တစ်နှစ်ကစားပြီးနောက် အများကြီး ပြောင်းလဲသွားတယ်လို့ နည်းပြ ကွန်တီက ပြောသွားခဲ့ပါတယ်။ တိုက်စစ်မှူးဟာ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့တဲ့ နောက်ဆုံးနှစ်မှာ (၁၅) ဂိုးသွင်းပေးခဲ့သော်လည်း ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နေရာမှာပဲ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် သူဟာ အင်တာမီလန်အသင်းကို ပေါင် ၇၂ သန်းနဲ့ ရောင်းချခံခဲ့ရပါတယ်။ အင်တာမီလန်အသင်းနဲ့ ပထမဆုံးရာသီမှာ (၃၄) ဂိုးသွင်းထားတဲ့ လူကာကူဟာ (၅၇) ပွဲကစားပြီး (၄၁) ဂိုးအထိ သွင်းထားသူဖြစ်ပါတယ်။ သူဟာ ယူရိုပါလိဂ်မှာလည်း (၉)ပွဲဆက် ဂိုးသွင်းထားနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီရာသီမှာလည်း လူကာကူဟာ စနေနေ့က ဂျီနိုအာအသင်းကို (၂-ဝ) နဲ့ နိုင်ခဲ့တဲ့ပွဲက (၁) ဂိုးအပါအဝင် (၇) ဂိုးအထိ သွင်းပေးထားသူဖြစ်ပါတယ်။ ကွန်တီက အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ နှစ်ကထက် ပွဲတိုင်း တိုးတက်လာတယ်လို့ ပြောသွားခဲ့ပါတယ်။

“ရိုမီလူက မနှစ်ကနဲ့ မတူတဲ့ ကစားသမားတစ်ယောက်ဖြစ်နေပါတယ်။ သူဟာ တစ်ချိန်တုန်းက ကျောက်ရိုင်းတစ်ပွင့်ဖြစ်ခဲ့ပါတယ်။ သူဟာ အလုပ်ကိုလည်း ကြိုးစားနေပြီး သူရဲ့ ကစားဟန်ကို ကြည့်ရင် သူတိုးတက်လာတာကို မြင်တွေ့နိုင်ပါတယ်” လို့ အီတလီစကိုင်းစပေါ့ သတင်းဌာနကို ပြောသွားခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က မိုချန်ဂလက်ဘတ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လူကာကူရဲ့ နောက်ကျ ချေပဂိုးကြောင့် အင်တာမီလန်အသင်းက ရှုံးပွဲနဲ့ ဝေးခဲ့ရပါတယ်။ ကွန်တီရဲ့ အင်တာမီလန်အသင်းဟာ လက်ရှိ စီးရီးအေအမှတ်ပေးဇယားမှာ (၃) ပွဲ နိုင် ၊ (၁) ပွဲသရေ ၊ (၁) ပွဲရှုံးနဲ့ အဆင့် (၃) နေရာမှာ ရပ်တည်နေပါတယ်။

ယူႏိုက္တက္မွာ ေက်ာက္ရိုင္းတစ္ပြင့္ျဖစ္ခဲ့တဲ့ လူကာကူက အင္တာမီလန္မွာ တိုးတက္လာတယ္လို႔ ဆုိလိုက္တဲ့ နည္းျပ ကြန္တီ

၂၀၁၉ ခုႏွစ္တုန္းက ယူႏိုက္တက္အသင္းကေန ထြက္ခြာခဲ့တဲ့ လူကာကူဟာ အင္တာမီလန္အသင္းမွာ တစ္ႏွစ္ကစားျပီးေနာက္ အမ်ားၾကီး ေျပာင္းလဲသြားတယ္လို႔ နည္းျပ ကြန္တီက ေျပာသြားခဲ့ပါတယ္။ တိုက္စစ္မွဴးဟာ အိုးထရက္ဖိုဒ့္မွာ ကစားခဲ့တဲ့ ေနာက္ဆံုးႏွစ္မွာ (၁၅) ဂိုးသြင္းေပးခဲ့ေသာ္လည္း ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္မွာ အဆင့္ (၆) ေနရာမွာပဲ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနာက္ သူဟာ အင္တာမီလန္အသင္းကို ေပါင္ ၇၂ သန္းနဲ႔ ေရာင္းခ်ခံခဲ့ရပါတယ္။ အင္တာမီလန္အသင္းနဲ႔ ပထမဆံုးရာသီမွာ (၃၄) ဂိုးသြင္းထားတဲ့ လူကာကူဟာ (၅၇) ပြဲကစားျပီး (၄၁) ဂိုးအထိ သြင္းထားသူျဖစ္ပါတယ္။ သူဟာ ယူရိုပါလိဂ္မွာလည္း (၉)ပြဲဆက္ ဂိုးသြင္းထားႏိုင္တဲ့ ပထမဆံုး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

ဒီရာသီမွာလည္း လူကာကူဟာ စေနေန႔က ဂ်ီႏိုအာအသင္းကို (၂-၀) နဲ႔ ႏိုင္ခဲ့တဲ့ပြဲက (၁) ဂိုးအပါအ၀င္ (၇) ဂိုးအထိ သြင္းေပးထားသူျဖစ္ပါတယ္။ ကြန္တီက အသက္ ၂၇ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ ႏွစ္ကထက္ ပြဲတိုင္း တိုးတက္လာတယ္လို႔ ေျပာသြားခဲ့ပါတယ္။

“ရိုမီလူက မႏွစ္ကနဲ႔ မတူတဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနပါတယ္။ သူဟာ တစ္ခ်ိန္တုန္းက ေက်ာက္ရိုင္းတစ္ပြင့္ျဖစ္ခဲ့ပါတယ္။ သူဟာ အလုပ္ကိုလည္း ၾကိဳးစားေနျပီး သူရဲ႕ ကစားဟန္ကို ၾကည့္ရင္ သူတိုးတက္လာတာကို ျမင္ေတြ႔ႏိုင္ပါတယ္” လို႔ အီတလီစကိုင္းစေပါ့ သတင္းဌာနကို ေျပာသြားခဲ့တာျဖစ္ပါတယ္။ ဗုဒၶဟူးေန႔က မိုခ်န္ဂလက္ဘတ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာလည္း လူကာကူရဲ႕ ေနာက္က် ေခ်ပဂိုးေၾကာင့္ အင္တာမီလန္အသင္းက ရႈံးပြဲနဲ႔ ေ၀းခဲ့ရပါတယ္။ ကြန္တီရဲ႕ အင္တာမီလန္အသင္းဟာ လက္ရွိ စီးရီးေအအမွတ္ေပးဇယားမွာ (၃) ပြဲ ႏိုင္ ၊ (၁) ပြဲသေရ ၊ (၁) ပြဲရႈံးန႔ဲ အဆင့္ (၃) ေနရာမွာ ရပ္တည္ေနပါတယ္။