ယူနိုက်တက်က ဗန်ဒီဘိခ်ကို မလိုအပ်ပဲ ဘာကြောင့်ဝယ်ခဲ့တာလဲ မသိဘူးလို့ မေးခွန်းထုတ်လိုက်တဲ့ နောက်ခံလူဟောင်း အီဗရာ

ယူနိုက်တက်အသင်းဟာ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ မလိုအပ်ပဲ ခေါ်ယူခဲ့တယ်လို့ နောက်ခံလူဟောင်း အီဗရာက ချဲလ်ဆီးအသင်းနဲ့ ဂိုးမရှိသရေပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ ဗန်ဒီဘိခ်ကို နည်းပြ ဆိုးလ်ရှားက နွေရာသီအပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး အများဆုံးသုံးပြီး ခေါ်ယူထားပေမယ့် ယခုအချိန်အထိ ပရီးမီးယားလိဂ်မှာ ပွဲထွက် (၁၁) ယောက်အသင်းမှာ ပါဝင်ကစားခွင့်မရသေးပဲ အရန်အဖြစ်သာ စုစုပေါင်း မိနစ် (၆၀) ကစားရသေးတာ ဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ ကွင်းလယ်မှာ ရွေးချယ်စရာများနေပြီး ချဲလ်ဆီးနဲ့ ပွဲမှာလည်း တွမ်မီနေး နဲ့ ဖရက်ဒ်တို့ကို ဘရူနိုဖာနန်ဒက်စ်နဲ့ တွဲပြီး ပွဲထွက်ကစားစေခဲ့ပါတယ်။ ပေါ့ဘာက အရန်ခုံမှာ ထိုင်ခဲ့ရသော်လည်း ဗန်ဒီဘိခ်လိုမဟုတ်ပဲ ပြင်သစ်ကစားသမားက ဒုတိယပိုင်းမှာ ဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

အီဗရာက အသက် ၂၃ နှစ်အရွယ်ကစားသမားကို ခေါ်ယူခဲ့တဲ့ ယူနိုက်တက်အသင်းရဲ့ ဆုံးဖြတ်ချက်ကို ပွဲအပြီးမှာ မေးခွန်းထုတ်လိုက်ပါတယ်။ သူက “ကျွန်တော်တို့ ဟာ ဗန်ဒီဘိခ်ကို မကောင်းပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာကြောင့် သူ့ကို အသင်းက ခေါ်ခဲ့တာလဲ? သူဟာ ပွဲတိုင် ပွဲကြည့်စဉ်ကနေ ကြည့်နေရပါတယ်။ သူ့ကို ကျွန်တော်တို့ မလိုပါဘူး။ ဒါက အမှန်ပါ” လို့ စကိုင်းစပေါ့ သတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ ကာရာဘောင်ဖလား ပွဲတွေဖြစ်တဲ့ လူတန် အသင်းနဲ့ ဘရိုက်တန်အသင်းတို့ နဲ့ပွဲမှာ ပွဲထွက်ကစားထားပါတယ်။

ယူႏိုက္တက္က ဗန္ဒီဘိခ္ကို မလိုအပ္ပဲ ဘာေၾကာင့္၀ယ္ခဲ့တာလဲ မသိဘူးလို႔ ေမးခြန္းထုတ္လိုက္တဲ့ ေနာက္ခံလူေဟာင္း အီဗရာ

ယူႏိုက္တက္အသင္းဟာ ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ မလိုအပ္ပဲ ေခၚယူခဲ့တယ္လို႔ ေနာက္ခံလူေဟာင္း အီဗရာက  ခ်ဲလ္ဆီးအသင္းနဲ႔ ဂိုးမရွိသေရပြဲအျပီးမွာ ေျပာသြားခဲ့ပါတယ္။ ဗန္ဒီဘိခ္ကို နည္းျပ ဆိုးလ္ရွားက ေႏြရာသီအေျပာင္းအေရႊ႕မွာ ေျပာင္းေရႊ႕ေၾကး အမ်ားဆံုးသံုးျပီး ေခၚယူထားေပမယ့္ ယခုအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ ပြဲထြက္ (၁၁) ေယာက္အသင္းမွာ ပါ၀င္ကစားခြင့္မရေသးပဲ အရန္အျဖစ္သာ စုစုေပါင္း မိနစ္ (၆၀) ကစားရေသးတာ ျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕ ကြင္းလယ္မွာ ေရြးခ်ယ္စရာမ်ားေနျပီး ခ်ဲလ္ဆီးနဲ႔ ပြဲမွာလည္း တြမ္မီေနး နဲ႔ ဖရက္ဒ္တို႔ကို ဘရူႏိုဖာနန္ဒက္စ္နဲ႔ တြဲျပီး ပြဲထြက္ကစားေစခဲ့ပါတယ္။ ေပါ့ဘာက အရန္ခံုမွာ ထိုင္ခဲ့ရေသာ္လည္း ဗန္ဒီဘိခ္လိုမဟုတ္ပဲ ျပင္သစ္ကစားသမားက ဒုတိယပိုင္းမွာ ၀င္ကစားခဲ့ရတာျဖစ္ပါတယ္။

အီဗရာက အသက္ ၂၃ ႏွစ္အရြယ္ကစားသမားကို ေခၚယူခဲ့တဲ့ ယူႏိုက္တက္အသင္းရ႕ဲ ဆံုးျဖတ္ခ်က္ကို ပြဲအျပီးမွာ ေမးခြန္းထုတ္လိုက္ပါတယ္။ သူက “ကၽြန္ေတာ္တို႔ ဟာ ဗန္ဒီဘိခ္ကို မေကာင္းေျပာေနတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဘာေၾကာင့္ သူ႔ကို အသင္းက ေခၚခဲ့တာလဲ? သူဟာ ပြဲတိုင္ ပြဲၾကည့္စဥ္ကေန ၾကည့္ေနရပါတယ္။ သူ႔ကို ကၽြန္ေတာ္တို႔ မလိုပါဘူး။ ဒါက အမွန္ပါ” လို႔ စကိုင္းစေပါ့ သတင္းဌာနကို ေျပာခဲ့တာျဖစ္ပါတယ္။

ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္အသင္းအတြက္ ဒီရာသီမွာ ကာရာေဘာင္ဖလား ပြဲေတြျဖစ္တဲ့ လူတန္ အသင္းနဲ႔ ဘရိုက္တန္အသင္းတို႔ နဲ႔ပြဲမွာ ပြဲထြက္ကစားထားပါတယ္။