ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲမှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဒီယိုဂိုဂျိုတာ က ပိုကောင်းလာမယ့်ကစားသမားလို့ ဆိုလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်

အသင်းသစ်လီဗာပူးလ်အသင်းအတွက် ပွဲထွက်စတင်ပြီးကစားပေးရတဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပွဲမှာ ဒီယိုဂိုဂျိုတာရဲ့ စွမ်းဆောင်ရည်ကို မအံ့သြဘူးလို့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ပြောသွားခဲ့ပါတယ်။ စနေနေ့က ပရီးမီးယားလိဂ်ပွဲမှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပွဲ၌ အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့တဲ့ ဒီယိုဂိုဂျိုတာက လီဗာပူးလ်အသင်းအတွက် ဒီထက်ပိုကောင်းလာမယ်လို့ ယာဂင်ကလော့ပ်က ယုံကြည်နေတာဖြစ်ပါတယ်။

အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲ၌ ရှက်ဖီးယူနိုက်တက်အသင်းက ဆန်ဒါဘာ့ချ်ရဲ့ အစောပိုင်းပင်နယ်တီကို ဖေမီနိုက ချေပပြီးနောက် ပွဲကစားချိန် ၆၄ မိနစ်မှာ ဒီယိုဂိုဂျိုတာက အနိုင်ဂိုးသွင်းသွားခဲ့တာပါ။ စက်တင်ဘာလတုန်းက ဝုလ်ဗ်အသင်းကနေ ပေါင် ၄၁ သန်းနဲ့ ရောက်ရှိလာတဲ့ ဒီယိုဂိုဂျိုတာဟာ လီဗာပူးလ်အသင်းအတွက် ၂၀၁၆ ခုနှစ်က မာနေးပြီးနောက်ပထမဆုံး ပရီးမီးယားလိဂ် (၂) ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ ပွဲထွက် (၁၁) ယောက်နေရာမှာ ဂျိုတာကို ပုံမှန် ဆာလာ၊ မာနေး ၊ ဖေမီနို တိုက်စစ်(၃) ယောက်အတွဲရဲ့ နောက်မှာ ကစားစေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြ က အသက် ၂၃ နှစ် အရွယ်ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်နေတယ်လို့ ပြောခဲ့ပါတယ်။

“သူက နှစ်လိုဖွယ်ကောင်းတဲ့ လူပါ။ သူ့ကို သဘောကျဖို့ အရမ်းကို လွယ်ကူပါတယ်။ ဒါ့ကြောင့်ပဲ သူဒီမှာ အထိုင်ကျလာတာပါ။ ကြံ့ခိုင်မှုပိုင်းလည်း အရမ်းကို ကောင်းပါတယ်။ သူ့ဆီမှာ အရည်အချင်းအများကြီးရှိပါတယ်။ သူ့ဆီက ကျွန်တော်တို့ အကူအညီအများကြီးရနေပါတယ်” လို့ သတင်းထောက်များကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ပြဲမွာ အႏိုင္ဂိုးသြင္းေပးခဲ့တဲ့ ဒီယိုဂိုဂ်ိဳတာ က ပိုေကာင္းလာမယ့္ကစားသမားလို႔ ဆိုလိုက္တဲ့ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္

အသင္းသစ္လီဗာပူးလ္အသင္းအတြက္ ပြဲထြက္စတင္ျပီးကစားေပးရတဲ့ ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ ပြဲမွာ ဒီယိုဂိုဂ်ိဳတာရဲ႕ စြမ္းေဆာင္ရည္ကို မအံ့ၾသဘူးလို႔ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။ စေနေန႔က ပရီးမီးယားလိဂ္ပြဲမွာ ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ ပြဲ၌ အႏိုင္ဂိုးကို ေခါင္းတိုက္ သြင္းယူေပးခဲ့တဲ့ ဒီယိုဂိုဂ်ိဳတာက လီဗာပူးလ္အသင္းအတြက္ ဒီထက္ပိုေကာင္းလာမယ္လို႔ ယာဂင္ကေလာ့ပ္က ယံုၾကည္ေနတာျဖစ္ပါတယ္။

အန္ဖီးလ္မွာကစားခဲ့တဲ့ပြဲ၌ ရွက္ဖီးယူႏိုက္တက္အသင္းက ဆန္ဒါဘာ့ခ်္ရဲ႕ အေစာပိုင္းပင္နယ္တီကို ေဖမီႏိုက ေခ်ပျပီးေနာက္ ပြဲကစားခ်ိန္ ၆၄ မိနစ္မွာ ဒီယိုဂိုဂ်ဳိတာက အႏိုင္ဂိုးသြင္းသြားခဲ့တာပါ။ စက္တင္ဘာလတုန္းက ၀ုလ္ဗ္အသင္းကေန ေပါင္ ၄၁ သန္းနဲ႔ ေရာက္ရွိလာတဲ့ ဒီယိုဂိုဂ်ိဳတာဟာ လီဗာပူးလ္အသင္းအတြက္ ၂၀၁၆ ခုႏွစ္က မာေနးျပီးေနာက္ပထမဆံုး ပရီးမီးယားလိဂ္ (၂) ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကစားသမားအျဖစ္ မွတ္တမ္း၀င္သြားခဲ့ပါတယ္။

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ဟာ ပြဲထြက္ (၁၁) ေယာက္ေနရာမွာ ဂ်ိဳတာကို ပံုမွန္ ဆာလာ၊ မာေနး ၊ ေဖမီႏို တိုက္စစ္(၃) ေယာက္အတြဲရဲ႕ ေနာက္မွာ ကစားေစခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္နည္းျပ က အသက္ ၂၃ ႏွစ္ အရြယ္ကစားသမားရဲ႕ စြမ္းေဆာင္ရည္နဲ ႔ပတ္သက္ျပီး ေပ်ာ္ရႊင္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

“သူက ႏွစ္လုိဖြယ္ေကာင္းတဲ့ လူပါ။ သူ႔ကို သေဘာက်ဖို႔ အရမ္းကို လြယ္ကူပါတယ္။ ဒါ့ေၾကာင့္ပဲ သူဒီမွာ အထိုင္က်လာတာပါ။ ၾကံ့ခိုင္မႈပိုင္းလည္း အရမ္းကို ေကာင္းပါတယ္။ သူ႔ဆီမွာ အရည္အခ်င္းအမ်ားၾကီးရွိပါတယ္။ သူ႔ဆီက ကၽြန္ေတာ္တို႔ အကူအညီအမ်ားၾကီးရေနပါတယ္” လို႔ သတင္းေထာက္မ်ားကို ေျပာသြားခဲ့တာျဖစ္ပါတယ္။