ပေါင်သန်း ၂၀ တန် ရှော်လ်ကေးနောက်ခံလူ အိုဇန်ကာဘက်ခ်ကို ဗန်ဒိုက်ချ်နေရာအတွက် အရေးပေါ်ခေါ်ယူရန် ဆွေးနွေးနေပြီဖြစ်တဲ့ လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ ရှော်လ်ကေးအသင်းရဲ့ အရည်အသွေးမြင့် နောက်ခံလူ အိုဇန်ကာဘက်ခ် ကို ဒဏ်ရာ ရရှိသွားတဲ့ ဗန်ဒိုက်ချ်နေရာမှာ အစားထိုးခေါ်ယူရန် ဆွေးနွေးနေပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံအသင်းရဲ့ အဓိက နောက်ခံလူဟာ အဲဗာတန်အသင်းနဲ့ ပွဲတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဗန်ဒိုက်ချ်ရဲ့ ဒဏ်ရာပြဿနာကြောင့် လီဗာပူးလ်အသင်းမှာ ရွေးချယ်စရာ ဗဟိုနောက်ခံလူအင်အားနည်းပါးနေလို့ အသက် ၂၇ နှစ်အရွယ်ဖေဘင်ဟိုကို အေဂျက် နဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့နဲ့ပွဲမှာ ဗဟိုနောက်ခံလူအဖြစ် ကစားစေခဲ့ရပါတယ်။ The Mirror သတင်းဌာနက အဆိုအရ လီဗာပူးလ်အသင်းဟာ အသက် ၂၀ အရွယ်နောက်ခံလူကို ဒီဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူရန်အတွက် ရှော်လ်ကေးအသင်းနဲ့ ဆွေးနွေးနေပြီလို့ သိရပါတယ်။ ဂျာမန်လူမျိုးနည်းပြကလည်း လူငယ်နောက်ခံလူကို သဘောကျနေပြီး နွေရာသီတုန်းကလည်း ဆက်သွယ်မှုလုပ်ခဲ့ပါတယ်။

ရှော်လ်ကေးအသင်းဘက်ကတော့ နောက်ခံလူအတွက် ပေါင်သန်း ၄၀ သတ်မှတ်ထားပေမယ့် ကိုဗစ်-၁၉ ရောဂါကြောင့် လီဗာပူးလ်အသင်းက ထက်ဝက်ဈေးနဲ့ ရမယ်လို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ဂျာမန်ကလပ်အသင်းကတော့ ကာဘက်ခ်ကို ပေါင်သန်း ၃၀ ရရင် လက်လွှတ်ဖွယ်ရှိပေမယ့် လီဗာပူးလ်အသင်းက တူရကီနောက်ခံလူအတွက် ပေါင်သန်း ၂၀ နဲ့ ပဲ ကမ်းလှမ်းမယ်လို့ သိရပါတယ်။

ေပါင္သန္း ၂၀ တန္ ေရွာ္လ္ေကးေနာက္ခံလူ အိုဇန္ကာဘက္ခ္ကို ဗန္ဒိုက္ခ်္ေနရာအတြက္ အေရးေပၚေခၚယူရန္ ေဆြးေႏြးေနျပီျဖစ္တဲ့ လီဗာပူးလ္အသင္း

လီဗာပူးလ္အသင္းဟာ ေရွာ္လ္ေကးအသင္းရဲ႕ အရည္အေသြးျမင့္ ေနာက္ခံလူ အိုဇန္ကာဘက္ခ္ ကို ဒဏ္ရာ ရရွိသြားတဲ့ ဗန္ဒိုက္ခ်္ေနရာမွာ အစားထိုးေခၚယူရန္ ေဆြးေႏြးေနျပီလို႔ သတင္းထြက္ေပၚလာပါတယ္။ ပရီးမီးယားလိဂ္ ခ်န္ပီယံအသင္းရဲ႕ အဓိက ေနာက္ခံလူဟာ အဲဗာတန္အသင္းနဲ႔ ပြဲတုန္းက ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ရာသီကုန္အထိ အနားယူရဖြယ္ရွိေနတာ ျဖစ္ပါတယ္။

ဗန္ဒိုက္ခ်္ရဲ႕ ဒဏ္ရာျပႆနာေၾကာင့္ လီဗာပူးလ္အသင္းမွာ ေရြးခ်ယ္စရာ ဗဟိုေနာက္ခံလူအင္အားနည္းပါးေနလို႔ အသက္ ၂၉ ႏွစ္အရြယ္ေဖဘင္ဟိုကို ေအဂ်က္ နဲ႔ ရွက္ဖီးယူႏိုက္တက္အသင္းတို႔နဲ႔ပြဲမွာ ဗဟိုေနာက္ခံလူအျဖစ္ ကစားေစခဲ့ရပါတယ္။ The Mirror သတင္းဌာနက အဆိုအရ လီဗာပူးလ္အသင္းဟာ အသက္ ၂၀ အရြယ္ေနာက္ခံလူကို ဒီဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ေခၚယူရန္အတြက္ ေရွာ္လ္ေကးအသင္းနဲ႔ ေဆြးေႏြးေနျပီလို႔ သိရပါတယ္။ ဂ်ာမန္လူမ်ိဳးနည္းျပကလည္း လူငယ္ေနာက္ခံလူကို သေဘာက်ေနျပီး ေႏြရာသီတုန္းကလည္း ဆက္သြယ္မႈလုပ္ခဲ့ပါတယ္။

ေရွာ္လ္ေကးအသင္းဘက္ကေတာ့ ေနာက္ခံလူအတြက္ ေပါင္သန္း ၄၀ သတ္မွတ္ထားေပမယ့္ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ လီဗာပူးလ္အသင္းက ထက္၀က္ေစ်းနဲ႔ ရမယ္လို႔ ရည္ရြယ္ေနတာ ျဖစ္ပါတယ္။ ဂ်ာမန္ကလပ္အသင္းကေတာ့ ကာဘက္ခ္ကို ေပါင္သန္း ၃၀ ရရင္ လက္လႊတ္ဖြယ္ရွိေပမယ့္ လီဗာပူးလ္အသင္းက တူရကီေနာက္ခံလူအတြက္ ေပါင္သန္း ၂၀ နဲ႔ ပဲ ကမ္းလွမ္းမယ္လို႔ သိရပါတယ္။