၀က်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တဲ့ အဂူရို
မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူးအဂူရိုဟာ စနေနေ့ညက ဝက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အာဂျင်တီးနား လက်ရွေးစင်ကစားသမားဟာ လန်ဒန်ကွင်းမှာ ကစားခဲ့တဲ့ (၁-၁) သရေကျခဲ့တဲ့ပွဲမှာ လူစားလဲခဲ့ရပါတယ်။
ဝါရင်တိုက်စစ်မှူးဟာ မကြာသေးခင်ကမှ ဒူးဒဏ်ရာ ခွဲစိတ်မှုကနေ ပြန်လည်သက်သာလာပြီး အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့အပတ်က (၁-ဝ) န့ ဲ အနိုင်ရခဲ့တဲ့ပွဲမှာ ပြန်လည်ကစားခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက ်ကြားရက်က ပေါ်တိုအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။
ပထမပိုင်းအပြီးမှာ အဂူရိုအစား ဖိုဒန် လူစားဝင်ရောက်ခဲ့တာဖြစ်ပြီး ဂွါဒီယိုလာက ပွဲအပြီးမှာ အသင်းရဲ့ ဂိုးအများဆုံးသွင်းထားသူက ပထမပိုင်းမှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တာလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ ယခုအခါ ထပ်ပြီး အနားယူရမှာဖြစ်သော်လည်း ဒဏ်ရာ အခြေအနေ ပြင်းထန်လားဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ အဂူရိုရဲ့ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၁ ဇွန်လအထိ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။