ချဲလ်ဆီးနဲ့ ပွဲမှာ ယူနိုက်တက်အသင်းအတွက် ပထမဆုံးကစားခဲ့တဲ့ ကာဗာနီရဲ့ ပွဲဦးထွက် ခြေစွမ်းကို ကျေနပ်အားရနေတဲ့ နည်းပြ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချဲလ်ဆီးအသင်းနဲ့ ပွဲမှာ အသင်းအတွက် ပထမဆုံးကစားခဲ့တဲ့ ဥရုဂွေး လက်ရွေးစင်ကစားသမား ကာဗာနီဟာ ဂိုးတွေ သွင်းယူသွားမယ့် ကစားသမား ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဒီလအစောပိုင်းတုန်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ကာဗာနီဟာ စနေနေ့ညက ချဲလ်ဆီးအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ဒုတိယပိုင်း၌ လူစားဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ဝင်လာပြီး တစ်မိနစ်ကတည်းက ချဲလ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့တဲ့အပြင် နောက်ပိုင်းမှာလည်း ဂိုးရရှိနိုင်တဲ့ ပိတ်သွင်းမှု လုပ်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဖော်ဟောင်း လက်ရှိ ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက ခံထားလို့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာပါ။ ဆိုးလ်ရှားက ဗဟိုတိုက်စစ်ကစားသမားရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်ပြီး တောင်အမေရိက ကစားသမားက ဂိုးတွေ သွင်းသွားမယ် ဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“မနေ့ညက သူဘာလုပ်ပြနိုင်သလဲဆိုတာ ပြသခဲ့ပါတယ်။ သူဟာ ဧရိယာအတွင်းမှာ အကောင်းဆုံးလုပ်ပြခဲ့ပါတယ်။ သီယာဂို ပိတ်ထားနိုင်ခဲ့လို့ သူဂိုးမရခဲ့တာပါ။ သူ့ရဲ့ လှုပ်ရှားမှုတွေလည်း ကောင်းပါတယ်။သူဟာ အတွေ့အကြုံရှိ ဗဟိုတိုက်စစ်မှူး တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ သူ့ဆီက ဂိုးတွေ ရမှာပါ။ လေ့ကျင့်ရေးကွင်းမှာလည်း သူဟာ အကောင်းဆုံးလုပ်ပြထားပါတယ်” လို့ ဆိုးလ်ရှားက ယူနိုက်တက်အသင်းရဲ့ ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ကာဗာနီဟာ ဗုဒ္ဓဟူးနေ့ လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက ်ပထမဆုံး ပွဲထွက် (၁၁) ယောက်အသင်းမှာ ပါဝင်ကစားရဖွယ်ရှိနေပါတယ်။

ခ်ဲလ္ဆီးနဲ႔ ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ပထမဆံုးကစားခဲ့တဲ့ ကာဗာနီရဲ႕ ပြဲဦးထြက္ ေျခစြမ္းကို ေက်နပ္အားရေနတဲ့ နည္းျပ ဆိုးလ္ရွား

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ခ်ဲလ္ဆီးအသင္းနဲ႔ ပြဲမွာ အသင္းအတြက္ ပထမဆံုးကစားခဲ့တဲ့ ဥရုေဂြး လက္ေရြးစင္ကစားသမား ကာဗာနီဟာ ဂိုးေတြ သြင္းယူသြားမယ့္ ကစားသမား ျဖစ္တယ္လို႔ ယံုၾကည္ေနပါတယ္။ ဒီလအေစာပိုင္းတုန္းက အလြတ္ေျပာင္းေရႊ႕ေၾကးန႔ဲ ေရာက္ရွိလာတဲ့ ကာဗာနီဟာ စေနေန႔ညက ခ်ဲလ္ဆီးအသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ဒုတိယပိုင္း၌ လူစား၀င္ေရာက္ကစားခဲ့တာ ျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ကစားသမားဟာ ၀င္လာျပီး တစ္မိနစ္ကတည္းက ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးေပါက္ကို ျခိမ္းေျခာက္ခဲ့တဲ့အျပင္ ေနာက္ပိုင္းမွာလည္း ဂိုးရရွိႏိုင္တဲ့ ပိတ္သြင္းမႈ လုပ္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း လက္ရွိ ခ်ဲလ္ဆီးေနာက္ခံလူ သီယာဂိုေဆးလ္ဗားက ခံထားလို႔ ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာပါ။ ဆိုးလ္ရွားက ဗဟိုတိုက္စစ္ကစားသမားရဲ႕ ေျခစြမ္းကို ၾကိဳက္ႏွစ္သက္ျပီး ေတာင္အေမရိက ကစားသမားက ဂိုးေတြ သြင္းသြားမယ္ ျဖစ္တယ္လို႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

“မေန႔ညက သူဘာလုပ္ျပႏိုင္သလဲဆိုတာ ျပသခဲ့ပါတယ္။ သူဟာ ဧရိယာအတြင္းမွာ အေကာင္းဆံုးလုပ္ျပခဲ့ပါတယ္။ သီယာဂို ပိတ္ထားႏိုင္ခဲ့လို႔ သူဂိုးမရခဲ့တာပါ။ သူ႔ရဲ႕ လႈပ္ရွားမႈေတြလည္း ေကာင္းပါတယ္။သူဟာ အေတြ႕အၾကံဳရွိ ဗဟိုတိုက္စစ္မွဴး တစ္ေယာက္ျဖစ္ျပီး ကၽြန္ေတာ္တို႔ သူ႔ဆီက ဂိုးေတြ ရမွာပါ။ ေလ့က်င့္ေရးကြင္းမွာလည္း သူဟာ အေကာင္းဆံုးလုပ္ျပထားပါတယ္” လို႔ ဆိုးလ္ရွားက ယူႏိုက္တက္အသင္းရဲ႕ ၀က္ဘ္ဆိုဒ္ကို ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ ကာဗာနီဟာ ဗုဒၶဟူးေန႔ လိုက္ပ္ဇစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းအတြက ္ပထမဆံုး ပြဲထြက္ (၁၁) ေယာက္အသင္းမွာ ပါ၀င္ကစားရဖြယ္ရွိေနပါတယ္။