ဆွန်ဟောင်မင်ကို ပေါင် ၅၂ သန်းတန် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုတော့မယ့် စပါးအသင်း

စပါးအသင်းဟာ အသင်းရဲ့အဓိက တောင်ပံတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ပေါင် ၅၂ သန်းတန် (၅) နှစ်စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တောင်ကိုးရီးယားလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ (၅) နှစ်အတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၂၃၇) ပွဲကစားပြီး (၉၄) ဂိုးသွင်းကာ အသင်းရဲ့ အဓိက ကြယ်ပွင့်တစ်ယောက်ဖြစ်လာပါတယ်။


စွယ်စုံရတိုက်စစ်ကစားသမားရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂-၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေမယ့် စပါးအသင်းက အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ တန်ကြေးလျော့နည်းမသွားအောင် အခုအချိန်ကတည်းက စာချုပ်သစ်တစ်ရပ်ချုပ်ချင်နေတယ်လို့ သိရပါတယ်။
Football Insider သတင်းဌာနက ဖော်ပြချက်အရ အသင်းရဲ့ တာဝန်ရှိသူတွေက ဆွန်ဟောင်မင်ကို တစ်ပတ် ပေါင် ၂ သိန်းတန် လစာနဲ့ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းရန် ပြင်ဆင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး အပိုဆုကြေးပါ ထပ်မံပေးသွားမှာဖြစ်လို့ တိုက်စစ်ကစားသမားရဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်အထိ ရှိပါက တစ်နှစ်ကို ပေါင် ၁၀ သန်းကျော် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဆြန္ေဟာင္မင္ကို ေပါင္ ၅၂ သန္းတန္ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုေတာ့မယ့္ စပါးအသင္း

စပါးအသင္းဟာ အသင္းရဲ႕အဓိက ေတာင္ပံတိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ကို ေပါင္ ၅၂ သန္းတန္ (၅) ႏွစ္စာခ်ဳပ္သစ္တစ္ရပ္ကို ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ေတာင္ကိုးရီးယားလက္ေရြးစင္ကစားသမားဟာ ျပီးခဲ့တဲ့ (၅) ႏွစ္အတြင္း အသင္းအတြက္ ျပိဳင္ပြဲစံု (၂၃၇) ပြဲကစားျပီး (၉၄) ဂိုးသြင္းကာ အသင္းရဲ႕ အဓိက ၾကယ္ပြင့္တစ္ေယာက္ျဖစ္လာပါတယ္။

စြယ္စံုရတိုက္စစ္ကစားသမားရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၂-၂၃ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္ေပမယ့္ စပါးအသင္းက အသက္ ၂၈ ႏွစ္အရြယ္ကစားသမားရဲ႕ တန္ေၾကးေလ်ာ့နည္းမသြားေအာင္ အခုအခ်ိန္ကတည္းက စာခ်ဳပ္သစ္တစ္ရပ္ခ်ဳပ္ခ်င္ေနတယ္လုိ႔ သိရပါတယ္။
Football Insider သတင္းဌာနက ေဖာ္ျပခ်က္အရ အသင္းရဲ႕ တာ၀န္ရွိသူေတြက ဆြန္ေဟာင္မင္ကို တစ္ပတ္ ေပါင္ ၂ သိန္းတန္ လစာနဲ႔ စာခ်ဳပ္သစ္တစ္ရပ္ ကမ္းလွမ္းရန္ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ စြမ္းေဆာင္ရည္အေပၚမူတည္ျပီး အပိုဆုေၾကးပါ ထပ္မံေပးသြားမွာျဖစ္လို႔ တိုက္စစ္ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၅ ခုႏွစ္အထိ ရွိပါက တစ္ႏွစ္ကို ေပါင္ ၁၀ သန္းေက်ာ္ ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။