ကျွန်တော်သာ တီမိုဝါနာဆိုရင် နောက်တန်းအားလုံးကို မက်ဂွဲရား လို ကစားစေချင်တယ်လို့ ဆိုလိုက်တဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ဂလန်းဂျွန်ဆင်

စနေနေ့ညကစားမယ့်ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးအသစ် တီမိုဝါနာက ယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွဲရားအတွက် အိပ်မက်ဆိုးဖြစ်မယ်လို့ နောက်ခံလူဟောင်း ဂလန်းဂျွန်ဆင်က ပြောသွားခဲ့ပါတယ်။ နည်းပြလမ်းပတ်အသစ်ပုံဖော်ထားတဲ့ ချဲလ်ဆီးအသင်းဟာ ကြားရက်က ပီအက်စ်ဂျီအသင်းကို ပဲရစ်မှာ အနိုင်ကစားလာတဲ့ ယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖိုဒ့်ကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရားဟာ ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့ရပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်ပွဲမှာ ဆောက်သမ်တန်အသင်းကို (၃-၃) သရေကျခဲ့လို့ နည်းပြလမ်းပတ်ကလည်း ရလဒ်ကောင်းရရန် ပြန်လည်တုံ့ပြန်ကစားသွားမှာဖြစ်ပါတယ်။

နွေရာသီအပြောင်းအရွှေ့တုန်းက တန်ကြေးကြီးမားစွာပေးပြီး ခေါ်ယူထားတဲ့ တီမိုဝါနာဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်အသင်းနဲ့ (၃-၃) သရေကျခဲ့တဲ့ပွဲမှာ (၂) ဂိုးသွင်းခဲ့တာဖြစ်ပြီး ဂျာမန်ကစားသမားက မက်ဂွဲရား ပါဝင်ကစားရန် ဆုတောင်းနေလောက်တယ်လို့ ဂလန်းဂျွန်ဆင်က ပြောသွားခဲ့ပါတယ်။

“ကျွန်တော်သာ တီမိုဝါနာဆိုရင် မက်ဂွဲရာ ပါဝင်ကစားစေရန် ဆုတောင်းနေမှာပါ။ တီမိုက သူ့အတွက် တစ်ကယ့်အိပ်မက်ဆိုး ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စွမ်းဆောင်ရည်အရ တွမ်ဇီဘီလည်း ပါဝင်ကစားနိုင်ပါတယ်” လို့ နောက်ခံလူက The Daily Star သတင်းဌာနကို ပြောခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၁၀)လအတွင်း (၁) ပွဲပဲ ကစားခဲ့ရတဲ့ တွမ်ဇီဘီဟာ ပီအက်စ်ဂျီအသင်း ကို (၂-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပါတယ်။

ကၽြန္ေတာ္သာ တီမို၀ါနာဆိုရင္ ေနာက္တန္းအားလံုးကို မက္ဂြဲရား လို ကစားေစခ်င္တယ္လို႔ ဆိုလိုက္တဲ့ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း ဂလန္းဂၽြန္ဆင္

စေနေန႔ညကစားမယ့္ပြဲမွာ ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မွဴးအသစ္ တီမို၀ါနာက ယူႏိုက္တက္အသင္းေနာက္ခံလူ မက္ဂြဲရားအတြက္ အိပ္မက္ဆိုးျဖစ္မယ္လို႔ ေနာက္ခံလူေဟာင္း ဂလန္းဂၽြန္ဆင္က ေျပာသြားခဲ့ပါတယ္။ နည္းျပလမ္းပတ္အသစ္ပံုေဖာ္ထားတဲ့ ခ်ဲလ္ဆီးအသင္းဟာ ၾကားရက္က ပီအက္စ္ဂ်ီအသင္းကို ပဲရစ္မွာ အႏိုင္ကစားလာတဲ့ ယူႏိုက္တက္အသင္းနဲ႔ အိုးထရက္ဖိုဒ့္ကို သြားေရာက္ကစားရမွာ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ခဲ့ရေပမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ျပန္လည္ပါ၀င္လာႏိုင္ဖြယ္ရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းက ျပီးခဲ့တဲ့အပတ္က ပရီးမီးယားလိဂ္ပြဲမွာ ေဆာက္သမ္တန္အသင္းကို (၃-၃) သေရက်ခဲ့လို႔ နည္းျပလမ္းပတ္ကလည္း ရလဒ္ေကာင္းရရန္ ျပန္လည္တံု႔ျပန္ကစားသြားမွာျဖစ္ပါတယ္။

ေႏြရာသီအေျပာင္းအေရႊ႕တုန္းက တန္ေၾကးၾကီးမားစြာေပးျပီး ေခၚယူထားတဲ့ တီမို၀ါနာဟာ ျပီးခဲ့တဲ့ ေဆာက္သမ္တန္အသင္းနဲ႔ (၃-၃) သေရက်ခဲ့တဲ့ပြဲမွာ (၂) ဂိုးသြင္းခဲ့တာျဖစ္ျပီး ဂ်ာမန္ကစားသမားက မက္ဂြဲရား ပါ၀င္ကစားရန္ ဆုေတာင္းေနေလာက္တယ္လို႔ ဂလန္းဂၽြန္ဆင္က ေျပာသြားခဲ့ပါတယ္။

“ကၽြန္ေတာ္သာ တီမို၀ါနာဆိုရင္ မက္ဂြဲရာ ပါ၀င္ကစားေစရန္ ဆုေတာင္းေနမွာပါ။ တီမိုက သူ႔အတြက္ တစ္ကယ့္အိပ္မက္ဆိုး ျဖစ္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ စြမ္းေဆာင္ရည္အရ တြမ္ဇီဘီလည္း ပါ၀င္ကစားႏိုင္ပါတယ္” လို႔ ေနာက္ခံလူက The Daily Star သတင္းဌာနကို ေျပာခဲ့တာျဖစ္ပါတယ္။ ျပီးခဲ့တဲ့ (၁၀)လအတြင္း (၁) ပြဲပဲ ကစားခဲ့ရတဲ့ တြမ္ဇီဘီဟာ ပီအက္စ္ဂ်ီအသင္း ကို (၂-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ေျခစြမ္းျပခဲ့ပါတယ္။