အိမ်ကွင်းစွမ်းဆောင်ရည်အတွက် ချင့်ချိန်စဉ်းစားနေရတယ်လို့ ထုတ်ဖော်ဝန်ခံခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှား


ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက ဒီရာသီမှာ အသင်းရဲ့အိမ်ကွင်းစွမ်းဆောင်ရည်အတွက် ချင့်ချိန်စဉ်းစားနေရတယ် လို့ ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနေ့ညမှာတော့ ချဲလ်ဆီးကို အိမ်ကွင်းကို လက်ခံကစားရမှာဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်း နှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲစလုံး ရှုံးထားတာကြောင့် ဆိုးလ်ရှားအနေနဲ့ အခုလိုပြောဆို သွားခဲ့တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးကလည်း နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူထားတာကြောင့် ချန်ပီယံဆု ရရှိ ဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး ယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် ပွဲကျပ်ကစားရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီပြိုင်ပွဲစုံ ကစားခဲ့တဲ့ အဝေးကွင်း ၅ ပွဲမှာတော့ ၅ ပွဲစလုံးအနိုင်ရအောင် စွမ်းဆောင် ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကတော့ ချဲလ်ဆီးနဲ့ပွဲမှာ အနိုင်ကစားပြီး ဒီရာသီ ပထမဆုံးပရီးမီးယားလိဂ်အိမ်ကွင်း နိုင်ပွဲကို ရယူသွားဖို့ မျှော်လင့်နေတယ်လို့လည်း သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ဆိုးလ်ရှားက “နည်းပြတစ်ယောက် အနေနဲ့ ပွဲတိုင်းကို အကောင်းဆုံးအနိုင်ယူဖို့ လုပ်ဆောင်ထားပေမယ့် အိမ်ကွင်းစွမ်းဆောင်ရည်အတွက်တော့ ချင့်ချိန် စဉ်းစားနေရပါတယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အိမ္ကြင္းစြမ္းေဆာင္ရည္အတြက္ ခ်င့္ခ်ိန္စဥ္းစားေနရတယ္လို႔ ထုတ္ေဖာ္ဝန္ခံခဲ့တဲ့ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွား
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက ဒီရာသီမွာ အသင္းရဲ႕အိမ္ကြင္းစြမ္းေဆာင္ရည္အတြက္ ခ်င့္ခ်ိန္စဥ္းစားေနရတယ္ လို႔ ထုတ္ေဖာ္ဝန္ခံသြားခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ဒီေန႔ညမွာေတာ့ ခ်ဲလ္ဆီးကို အိမ္ကြင္းကို လက္ခံကစားရမွာျဖစ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္အိမ္ကြင္း ႏွစ္ပြဲကစားၿပီးခ်ိန္မွာ ႏွစ္ပြဲစလံုး ရႈံးထားတာေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ အခုလိုေျပာဆို သြားခဲ့တာပဲ ျဖစ္ပါတယ္။
ခ်ဲလ္ဆီးကလည္း ေႏြရာသီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေတြ အမ်ားအျပားေခၚယူထားတာေၾကာင့္ ခ်န္ပီယံဆု ရရွိ ဖို႔ ေရပန္းစားေနတဲ့အသင္းျဖစ္ၿပီး ယူႏိုက္တက္အေနနဲ႔ အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ ပြဲက်ပ္ကစားရဖို႔ ရွိေနတာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဒီရာသီၿပိဳင္ပြဲစံု ကစားခဲ့တဲ့ အေဝးကြင္း ၅ ပြဲမွာေတာ့ ၅ ပြဲစလံုးအႏုိင္ရေအာင္ စြမ္းေဆာင္ ထားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားကေတာ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာ အႏိုင္ကစားၿပီး ဒီရာသီ ပထမဆံုးပရီးမီးယားလိဂ္အိမ္ကြင္း ႏုိင္ပြဲကို ရယူသြားဖို႔ ေမွ်ာ္လင့္ေနတယ္လို႔လည္း သတင္းေတြကေဖာ္ျပခဲ့ၾကပါတယ္။ဆိုးလ္ရွားက “နည္းျပတစ္ေယာက္ အေနနဲ႔ ပြဲတိုင္းကို အေကာင္းဆံုးအႏိုင္ယူဖို႔ လုပ္ေဆာင္ထားေပမယ့္ အိမ္ကြင္းစြမ္းေဆာင္ရည္အတြက္ေတာ့ ခ်င့္ခ်ိန္ စဥ္းစားေနရပါတယ္” လို႔ ေျပာခဲ့ပါတယ္။