အသင်းမှာ ပေါ့ဘာ ဆက်ရှိစေရန်အတွက် လစာတိုးပေးသွားမှာ မဟုတ်တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို အိုးထရက်ဖိုဒ့်မှာ ကာလရှည် ဆက်ပြီးရှိစေရန်အတွက် လစာတိုးပေးသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ကွင်းလယ်ကစားသမားကို ဒီနှစ်အစောပိုင်းတုန်းက အိုးထရက်ဖိုဒ့်က ခေါ်ယူရန် ဂျူဗင်တပ်စ် နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ဆက်သွယ်မှုတွေ လုပ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ပေါ့ဘာရဲ့ အိုးထရက်ဖိုဒ့်နဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂ ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် မကြာသေးခင်တုန်းက ပြင်သစ်လက်ရွေးစင်အသင်းမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းချင်တယ်လို့ ပြောခဲ့လို့ အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ပြန်လည်ထွက်ပေါ်ခဲ့ပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြချက်ကလည်း ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ ပြင်သစ်ကစားသမားကို သူ့ရဲ့ လက်ရှိ တစ်ပတ် ပေါင် ၂ သိန်း ၇ သောင်း လစာကို တိုးပေးပြီး စာချုပ်သက်တမ်းတိုးသွားမယ်လို့ သိရပါတယ်။

သို့သော်လည်း အကြိမ် (၂၀) မြောက် အင်္ဂလိပ်ချန်ပီယံအသင်းဟာ ပေါ့ဘာအသင်းမှာ ဆက်ရှိရန်အတွက် လက်ရှိလစာကို တိုးပေးမှာမဟုတ်ပါဘူး။ ပေါ့ဘာဟာ ယူနိုက်တက်အသင်းရဲ့နောက်ဆုံး (၂) ပွဲ ဖြစ်တဲ့ နယူးကာဆယ် နဲ့ ပီအက်စ်ဂျီအသင်းတို့နဲ့ ပွဲမှာလည်း အရန်ခုံမှာသာ ထိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ဖရက်ဒ် နဲ့ တွမ်မီနေးတို့ကပဲ ပွဲထွက်ကစားနေတာဖြစ်ပါတယ်။

အသင္းမွာ ေပါ့ဘာ ဆက္ရွိေစရန္အတြက္ လစာတိုးေပးသြားမွာ မဟုတ္တဲ့ ယူႏိုက္တက္

ယူႏိုက္တက္အသင္းဟာ ေပါ့ဘာကို အိုးထရက္ဖုိဒ့္မွာ ကာလရွည္ ဆက္ျပီးရွိေစရန္အတြက္ လစာတုိးေပးသြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။ ကြင္းလယ္ကစားသမားကို ဒီႏွစ္အေစာပိုင္းတုန္းက အိုးထရက္ဖိုဒ့္က ေခၚယူရန္ ဂ်ဴဗင္တပ္စ္ နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔က ဆက္သြယ္မႈေတြ လုပ္ခဲ့ေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ ေခၚယူႏိုင္ခဲ့ျခင္းမရွိပါဘူး။

ေပါ့ဘာရဲ႕ အိုးထရက္ဖိုဒ့္နဲ႔ လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၂ ဇြန္လမွာ ကုန္ဆံုးမွာျဖစ္ေပမယ့္ မၾကာေသးခင္တုန္းက ျပင္သစ္လက္ေရြးစင္အသင္းမွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းခ်င္တယ္လို႔ ေျပာခဲ့လို႔ အနာဂတ္နဲ႔ ပတ္သက္ျပီး သတင္းေတြ ျပန္လည္ထြက္ေပၚခဲ့ပါတယ္။ ESPN သတင္းဌာနရ႕ဲ ေဖာ္ျပခ်က္ကလည္း ယူႏိုက္တက္အသင္းဟာ ကမာၻ႕ဖလား ရရွိခဲ့တဲ့ ျပင္သစ္ကစားသမားကို သူ႔ရဲ႕ လက္ရွိ တစ္ပတ္ ေပါင္ ၂ သိန္း ၇ ေသာင္း လစာကို တိုးေပးျပီး စာခ်ဳပ္သက္တမ္းတိုးသြားမယ္လို႔ သိရပါတယ္။

သို႔ေသာ္လည္း အၾကိမ္ (၂၀) ေျမာက္ အဂၤလိပ္ခ်န္ပီယံအသင္းဟာ ေပါ့ဘာအသင္းမွာ ဆက္ရွိရန္အတြက္ လက္ရွိလစာကို တိုးေပးမွာမဟုတ္ပါဘူး။ ေပါ့ဘာဟာ ယူႏိုက္တက္အသင္းရဲ႕ေနာက္ဆံုး (၂) ပြဲ ျဖစ္တဲ့ နယူးကာဆယ္ နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔နဲ႔ ပြဲမွာလည္း အရန္ခံုမွာသာ ထိုင္ခဲ့ရပါတယ္။ လက္ရွိမွာေတာ့ ယူႏိုက္တက္ရဲ႕ ကြင္းလယ္မွာ ဖရက္ဒ္ နဲ႔ တြမ္မီေနးတို႔ကပဲ ပြဲထြက္ကစားေနတာျဖစ္ပါတယ္။