ကာဗာနီ လည်း ဘရူနိုဖာနန်ဒက်စ်လို ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်မယ်လို့ ခန့်မှန်းပေးလိုက်တဲ့ ရိုင်ယန်ဂစ်

ယူနိုက်တက် ဂန္တဝင်ကစားသမားဟောင်း ရိုင်ယန်ဂစ်က အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ကာဗာနီဟာ အသင်းမှာ ခြေစွမ်းပြနိုင်မယ်လို့ ပြောသွားခဲ့ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးရက်မှ ပရီးမီးယားလိဂ်အသင်းကြီးဟာ ဝါရင့်တိုက်စစ်မှူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးဝေဖန်ရှင်များနဲ့ ပရိသတ်များကတော့ ဥရုဂွေး လက်ရွေးစင်ကစားသမားကို ခြေစွမ်းပြနိုင်မလားလို့ မေးခွန်းထုတ်နေကြပေမယ့် ဂန္တဝင်ကစားသမား ရိုင်ယန်ဂစ်က အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ မနှစ်ကခေါ်ယူထားတဲ့ ဘရူနိုဖာနန်ဒက်စ်လိုမျိုး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ဝေးလ်လက်ရွေးစင်နည်းပြက “ဝေးလ်အသင်းအတွက် ဒုတိယပွဲမှာ ကျွန်တော် ကာဗာနီနဲ့ ရင်ဆိုင်ခဲ့ရပြီး သူဟာ ပွဲအတွင်းမှာဆိုရင် ဆွာရက်ဇ်ထက်ပိုကောင်းပါတယ်။ သူဟာ တစ်ကယ်ကို အရည်အချင်းပြည့်ဝတဲ့ တိုက်စစ်မှူးတစ်ယောက်ပါ။မကစားရတာ နဲနဲကြာပြီဆိုပေမယ့် သူဟာ အသင်းရဲ့ အထောင်တိုက်စစ်မှူး နေရာမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ပြီး ပရိသတ်တွေလည်း ကျေနပ်မှာပါ။

ရပ်ရှ်ဖိုဒ့် နဲ့ မာရှယ်လ်ကြားမှာ ကာဗာနီက အထောင်အဖြစ်ကစားမှာပါ။ သူ့မှာ အတွေ့အကြုံတွေများပါတယ်။ သူဟာ ဘရူနိုလိုမျိုး ဖြစ်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။ ကာဗာနီဟာ စနေနေ့ည ကစားမယ့် ယူနိုက်တက် နဲ့ ချဲလ်ဆီးပွဲမှာ ပထမဆုံးပွဲထွက်ကစားမယ်လို့ မျှော်လင့်နေပါတယ်။

ကာဗာနီ လည္း ဘရူႏိုဖာနန္ဒက္စ္လို ယူႏိုက္တက္မွာ ေျခစြမ္းျပႏိုင္မယ္လို႔ ခန္႔မွန္းေပးလိုက္တဲ့ ရိုင္ယန္ဂစ္

ယူႏိုက္တက္ ဂႏၱ၀င္ကစားသမားေဟာင္း ရိုင္ယန္ဂစ္က အသစ္ေခၚယူထားတဲ့ တုိက္စစ္မွဴး ကာဗာနီဟာ အသင္းမွာ ေျခစြမ္းျပႏိုင္မယ္လို႔ ေျပာသြားခဲ့ပါတယ္။ အေျပာင္းအေရႊ႕ေနာက္ဆံုးရက္မွ ပရီးမီးယားလိဂ္အသင္းၾကီးဟာ ၀ါရင့္တိုက္စစ္မွဴးကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာ ျဖစ္ပါတယ္။

ေဘာလံုးေ၀ဖန္ရွင္မ်ားနဲ႔ ပရိသတ္မ်ားကေတာ့ ဥရုေဂြး လက္ေရြးစင္ကစားသမားကို ေျခစြမ္းျပႏိုင္မလားလို႔ ေမးခြန္းထုတ္ေနၾကေပမယ့္ ဂႏၱ၀င္ကစားသမား ရိုင္ယန္ဂစ္က အသက္ ၃၃ ႏွစ္အရြယ္ကစားသမားဟာ မႏွစ္ကေခၚယူထားတ့ဲ ဘရူႏိုဖာနန္ဒက္စ္လိုမ်ိဳး စြမ္းေဆာင္ႏိုင္မယ္လို႔ ယံုၾကည္ထားပါတယ္။

ေ၀းလ္လက္ေရြးစင္နည္းျပက “ေ၀းလ္အသင္းအတြက္ ဒုတိယပြဲမွာ ကၽြန္ေတာ္ ကာဗာနီနဲ႔ ရင္ဆိုင္ခဲ့ရျပီး သူဟာ ပြဲအတြင္းမွာဆိုရင္ ဆြာရက္ဇ္ထက္ပိုေကာင္းပါတယ္။ သူဟာ တစ္ကယ္ကို အရည္အခ်င္းျပည့္၀တဲ့ တိုက္စစ္မွဴးတစ္ေယာက္ပါ။မကစားရတာ နဲနဲၾကာျပီဆုိေပမယ့္ သူဟာ အသင္းရဲ႕ အေထာင္တိုက္စစ္မွဴး ေနရာမွာ ေကာင္းေကာင္းစြမ္းေဆာင္ႏိုင္ျပီး ပရိသတ္ေတြလည္း ေက်နပ္မွာပါ။

ရပ္ရွ္ဖိုဒ့္ နဲ႔ မာရွယ္လ္ၾကားမွာ ကာဗာနီက အေထာင္အျဖစ္ကစားမွာပါ။ သူ႔မွာ အေတြ႕အၾကံဳေတြမ်ားပါတယ္။ သူဟာ ဘရူႏိုလိုမ်ိဳး ျဖစ္မယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။ ကာဗာနီဟာ စေနေန႔ည ကစားမယ့္ ယူႏိုက္တက္ နဲ႔ ခ်ဲလ္ဆီးပြဲမွာ ပထမဆံုးပြဲထြက္ကစားမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။